-->
×

Warning

JUser: :_load: Unable to load user with ID: 29


ပွဲတော်ရာသီတွင် Oreo ဘီစကစ်မှ စျေးကွက်တွင် ပုံစံ အသစ် နဲ့ ပြောင်းလဲနေရာယူမည်

အခုဆိုရင်တော့ Oreo ဘီစကစ်မှ ပွဲတော်ရာသီ မရောက်ခင် နဂိုမြင်တွေ့နေကျဖြစ်သော အော်ရီယို ပုံစံများကို အဆန်းထွင်ကာ ပုံစံအသစ်ဖြစ်တဲ့ ခရစ်စမတ် ရာသီစာ ဂျင်းပါမုန့် အရသာ ဘီစကွက်ကို ထုတ်လုပ်တော့မယ်သိရပါတယ်။အဆိုပါ ဂျင်းပါမုန့် အရသာကွက်ကီး တွေကို ပွဲတော်အသားပေး Packaging ဒီဇိုင်းငါးခုနဲ့ ထုတ်လုပ်ထားတယ်သိရပါတယ်။

 

အခုဆိုရင် ဖယုံသီး ဟင်းခေတ် အမွှေး အကြိုင် လှိုင်လှိုင်အသုံးပြုတဲ့ ကာလ ကိုရောက်ပြီဖြစ်ပြီး သိပ်မကြာခင်မှာ အားလတ်ရက်ပိတ်ရက်ရှည်တွေလာတော့မှာပါ အခုလိုအချိန်မှာ ဉာဏ်ကောင်းတဲ့ Oreo ဟာပုံစံအသစ်နဲ့ စျေးကွက်ကို ပွဲတော်အငွေ့အသက်တွေပေးပြီး စားသုံးသူတွေဆီကို အရောက်လာတာပဲဖြစ်ပါတယ်။

 

အခုဆိုရင် ဂျင်းပါမုန့်အရသာ Oreo ကွက်ကီးတွေကို ၎င်းတို့ လုပ်ငန်းမှ ဖြန့်ချီရောင်းချဖို့သိုလှောင်ထားပြီဖြစ်ပြီး သူတို့ Oreo လုပ်ငန်းစုကို အမြဲ အမှတ်တရ ရှိစေရန်ရည်ရွယ်တယ်သိရပါတယ်။ကွက်ကီးတွေကို Instagram မှ သရေစာကြော်ငြာ တဲ့ အကောင့်ဖြစ်တဲ့ နယူးရော့ဇ်မှ @dncsnacksterz အကောင့်မှာကြော်ငြာ ထားပြီဖြစ်ပါတယ်။

 

အဆိုပါ ပွဲတော်ရာသီအတွက် အသစ်ထွက်မဲ့ ကွက်ကီးမှာ နဂို အနက်ရောင် ကွက်ကီး ဘေးသားနေရာမှာ ဂျင်းပေါင်မုန့်အရောင် လိမ္မော်ရောင်ဖြစ်သွားပြီး အလယ်ခရင်မ်မှာ အဖြူရောင်ပါဝင်ကာ ဘေးသား များကို သကြားများကို ခရစ်စတယ်များသဖွယ်ထည့်သွင်းထားတာတွေ့ရပါတယ်။ထို့အပြင်ကွက်ကီးရဲ့အပေါ်မှာ ချယ်ရီသီး ငါးလုံးဒီဇိုင်းဆွဲထားသလို နှင်းမုန်လေးတွေ ကြားထဲ ဂျင်းပေါင်မုန့် လူသားလေးပုံပါထည့်သွင်းဖော်ပြထားပါတယ်။

 

သိပ်မကြာခင်မှာ Limited-Edition ထွက်ရှိတဲ့ ကွက်ကီး ကို ကမ္ဘာ့ နိုင်ငံ အသီးသီး မှာ ရောင်းချသွားတော့မှာဖြစ်ပြီး နောက်ဆုံး ပစ္စည်းမကုန်နိုင်သေးသမျှ ခရစ်စမတ်ရာသီတစ်ခုလုံး ရောင်းချသွားမှာပါ။နာမည်ကြီး Brand တွေတော်တော်များများဟာ ဒီနှစ်အတွက် ပွဲတော်ရာသီမှာ ဘယ်လိုပွဲဦးထွက်လာမယ်ဆိုတာကို ပြင်ဆင်ထားပြီးသားပါ အချို့တွေကတော့ ပွဲတော်စာအဖြစ်ထွက်ရှိလာတယ်သိရပါတယ်။

 

အခုဆိုရင် Peeps မှ အောက်တိုဘာလ ဟောလိုဝင်း ပွဲတော်ရာသီအတွက် ပျော့ကျိကျိ marshmallow ကို ဖရုံသီးပုံစံထုတ်လုပ်ထားပြီး ခရစ်စမတ်အတွက် နှင်းမှုန်ပုံစံ ထုတ်လုပ်ထားပါတယ်။သို့ပေမယ့် ကိုဗစ်ဖြစ်နေတော့ ကလေးတွေ သကြားလုံးတောင်းတဲ့ ပွဲတော် ( Trick or treat ) ကို မမီတော့ဘူးထင်ပါတယ်။

 

မိသားစုပိုင်မုန့်အချိုထုတ်လုပ်ငန်းဖြစ်တဲ့ Peeps လုပ်ငန်း ၊ Mike ၊ Ikes နဲ့ Hot Tamales တို့ကတော့ အခု ပွဲတော်ရာသီအပြီး Stock ကုန်ပါက နောင်နှစ် ၂၀၂၁ မရောက်မချင်း သူတို့ပြန်ပြီး ထုတ်လုပ်ရောင်းချတော့မှာမဟုတ်ဘူးသိရပါတယ်။ကိုဗစ်ကိစ္စတွေကြောင့် ထုတ်လုပ်မှုတွေကို နှစ်အစောပိုင်းထဲက ရပ်ဆိုင်းထားတာဖြစ်ပြီး မေလမှာတော့ အကန့်အသတ်နဲ့ ထုတ်လုပ်ခဲ့ပါတယ်။ဒါကလည်း ထုတ်လုပ်မှုကြောင့် မလိုလားအပ်တဲ့ ရောဂါတွေဖြစ်မှာ စိုးတာကတစ်ကြောင်း ကမ္ဘာကြီးကို အကျိုးပြုလိုက်တဲ့ သဘောပါ။

 

ထို့အပြင် စားသုံးသူတို့ရဲ့ စိတ်တိုင်းကျ နေ့တိုင်းဖြစ်ဖို့ သူတို့ လုပ်ငန်းစုအနေနဲ့ ဟော်လိုဝင်းပွဲတော်စာ ၊ ခရစ်စမတ်ပွဲတော်စာ နှင့် ချစ်သူများနေ့ပွဲတော်စာ မုန့်အချိုများကို ထုတ်လုပ်ခဲ့ပါတယ်။ထို့အပြင် အီစတာပွဲတော်အတွက် မုန့်အချိုများလုပ်အုံးမယ်သိရပါတယ်။

 

This Is Where to Find Gingerbread Oreos | 2020 | Taste of Home

 

Ref : People Magazine 

Read times
Rate this item
(0 votes)