-->
×

Warning

JUser: :_load: Unable to load user with ID: 29


Gap ရဲ့ ရာသီစာမားကတ်တင်းကို အမေရိကန်သားများ မနှစ်ခြိုက်ခြင်း

Gap က အင်မတန်မှ လုပ်ရဲတယ်ပြောရမယ် စည်းလုံးခြင်းဆိုပြီးခေါင်းစဉ်တပ်ပြီး အနီနဲ့ အပြာအရော ခေါင်းစွပ်အနွေးထည် ဖက်ရှင်ကို ဈေးကွက်မြှင့်တင်ခဲ့တယ်။အနီကတော့ ဒေါ်နယ်ထရန့်ရဲ့ ရီပါ့ပလစ်ကန်ပါတီဖြစ်ပြီး အပြာကတော့ ဂျိုး ဘိုင်ဒင်ရဲ့ ဒီမိုခရက်တစ်ပါတီ ကို ကိုယ်စားပြုတဲ့ အရောင် ဖော်ညွှန်းချက်များသာဖြစ်ပါတယ်။သူတို့နှစ်ဦးဟာ ဒီနှစ်ရဲ့ရွေးကောက်ပွဲမှာ ပါတီတစ်ခုစီကနေ သီးခြားယှဉ်ပြိုင်တာဖြစ်ပြီး အားပေးသူ နိုင်ငံသားပရိသတ်များ ကွဲထွက်နေပါတယ်။

 

လက်ရှိမှာ နာမည်ကြီး ကုန်အမှတ်တံဆိပ်တော်တော်များများဟာရွေးကောက်ပွဲရှိတာကြောင့် တိတ်ဆိတ်နေကြပြီးတချို့ကုန်အမှတ်တံဆိပ်အသေးလေးတွေကတော့ ပေါင်းစည်းဖို့ ၊ စည်းလုံးဖို့ကိုသာ အဓိကထားကြော်ငြာ Campaign တွေလုပ်ကြတာပါ။သည့်ကြားထဲမှာ မထင်မက်စရာပဲ Gap ကနေပြီး အနီတစ်ဝက် ၊ အပြာတစ်ဝက် ခေါင်းစွပ် အကျီ င်္ ကို ထုတ်ခဲ့ပါတယ် ထို အကျီ င်္ ထုတ်စဉ်အခါကတည်းက Twitter မှာ နာမည်ကြီးခဲ့တာက သူနဲ့ အတူ ကြော်ငြာ Campaign အဓိက လှုပ်ရှားတဲ့ စာသားပါ အဆိုပါ စာသား မှာ'' ငါတို့သိထားရမယ့် အရာ အကုန်လုံးက ပေါင်းစည်းခြင်းပဲ ထိုပေါင်းစည်းခြင်းကြောင့်ကျွန်တော်တို့ ရှေ့ကို ရွေ့နိုင်မယ်ဆိုကာ ရေးသားထားပါတယ်။

 

အဆိုပါ Post ကို Gap က ဆိုရှယ်မှာတင်ထားတဲ့ အချိန်မှာ အတော်ဆိုးဆိုး လူအများရဲ့ တုန့်ပြန်မှုကို ရပြီး အတော်လေး အဆဲတောင်း တဲ့ Post တစ်ခု အဖြစ် ရှိနေခဲ့ကာ သူ့ကုန်အမှတ်တံဆိပ်ကိုပါ တစ်ဖက်ပိတ်အမြင်နဲ့ အမြင် မကြည်လင်တာတွေရှိလာခဲ့ပါတယ်။ပြီးနောက်မှာတော့ Gap မှ အဆိုပါ Post ကို ဖြုတ်သိမ်းခဲ့ပါတယ်။

 

အဆိုပါ Gap လုပ်ငန်းစုမှ နောက် လူငယ်စုကို ဆွဲဆောင်တာဖြစ်ပြီး သူတို့ Brand ကို လူစိတ်ဝင်စားမှုများအောင်တံတားထိုးပေးလိုက်တာ လို့ပြောခဲ့ပါတယ် သည့်အပြင် အဆိုပါပေါင်းစည်းခြင်းက တကယ့် အရွေ့တစ်ခုအတွက် ခွန်အားဆိုကာ Gap မှ ပြောဆိုခွင့်ရှိသူက လူတစ်ဦးမှ ပြောကြားခဲ့ပါတယ်။တကယ်တန်းမှာ သူတို့ Gap ဘက်မှ အသိပေးချင်တာက အမုန်းမရှိ အကောင်းမြင် ခြင်းစိတ်နဲ့ ကိုယ့်တိုင်းပြည်ကို ကောင်းအောင်ဆက်လုပ်စေချင်တယ်လို့ပြောလာပါတယ်။

 

အခုဆိုရင်တော့ Twitter တခွင်လူများဟာ Screenshots များကို ပြန်ဖြန့်ကာ Gap ကို ပြစ်တင်ပြောဆိုနေပါသေးတယ်။ထို့အပြင် meme တွေ လုပ်ပြီး Brand ကိုထိခိုက်မည့်စာသားများ တင်ကာပြောဆိုနေပြန်ပါသည်။လူတွေက အတွေးအမြင် မတူသလောက်နိုင်ငံရေးနှင့်ပတ်သတ်ရင် အတော်လေးခံယူချက်တွေကွဲပြားတာမို့ နာမည်ကြီး Brand တွေဟာ ရွေးကောက်ပွဲနှင့်ပတ်သက်ငြိမ်သက်နေပုံပါပဲ။

 

Myanmar Advertising Guide 

Read times
Rate this item
(0 votes)