-->
×

Warning

JUser: :_load: Unable to load user with ID: 29


ရွေးကောက်ပွဲ သတင်းအမှားများနှင့် ပတ်သက်၍ တွစ်တာနှင့် ဖေ့စ်ဘွတ်အမှုဆောင်ချုပ်တို့ ကာကွယ်ပြောကြား

လူမှုကွန်ရက်ပလက်ဖောင်းများပေါ်တွင် ပျံ့နှံ့နေသည့် အမေရိကန်သမ္မတရွေးကောက်ပွဲသတင်း အမှားများနှင့် ပတ်သက်ပြီး ဖေ့စ်ဘွတ်နှင့် တွစ်တာတာဝန်ရှိသူတို့က အမေရိကန်အထက် လွှတ်တော်နှင့် ဗီဒီယိုမှတစ်ဆင့် ဖြေရှင်းချက်ပေးခဲ့ကြောင်း သိရသည်။
 

 သမ္မတထရမ့်နှင့် ရီပတ်ဘလီကန် ဥပဒေပြုအမတ်များက ရွေးကောက်ပွဲအတွင်း လူမှုကွန်ရက် ကုမ္ပဏီများ၏မီဒီယာကျင့်ဝတ်နှင့် ဘက်မလိုက်ကျင့်စဉ်များအပေါ် ပြစ်တင်ဝေဖန်ခဲ့ကြပြီးနောက် အဆိုပါ ကိစ္စရပ်နှင့်ပတ်သက်ပြီး ဖြေရှင်းချက်ပေးရန် အထက်လွှတ်တော် တရားရေးကော်မတီက လူမှုကွန်ရက် ကုမ္ပဏီများကို ဆင့်ခေါ်ခဲ့ခြင်းဖြစ်သည်။

 

သို့ရာတွင် တွစ်တာအမှုဆောင်ချုပ် ဒေါ်ဆေးနှင့် ဖေ့စ်ဘွတ်အမှုဆောင်ချုပ် မက်ဇူကာဘတ်တို့နှစ်ဦးစလုံးက ဆင်ဆာပြုလုပ်ခြင်းနှင့် ရှေးရိုးဝါဒဘက်လိုက် လှုပ်ရှားမှုများကို တားမြစ်ခြင်းနည်းလမ်းများဖြင့် ရွေးကောက်ပွဲသတင်း အမှားများပျံ့နှံ့မှုကို တားဆီးခဲ့ကြောင်း ယမန်နေ့တွင် ပြုလုပ်ခဲ့သည့် အထက်လွှတ်တော် တရားစီရင်ရေးကြားနာမှုကော်မတီ၌ အသီးသီးလျှောက်လဲချက် ပေးခဲ့ကြသည်။

 

တရားစီရင်ရေးကော်မတီဥက္ကဋ္ဌ ဂရေဟမ်က ရွေးကောက်ပွဲမတိုင်မီ တွစ်တာနှင့် ဖေ့စ်ဘွတ် ပေါ်တွင် အချက်ပြသင်္ကေတဖြင့် သတိပေးခြင်း၊ အကြောင်းအရာများကို ဖယ်ရှားပစ်ခြင်းတို့နှင့် ပတ်သက်ပြီး မေးခွန်းများစွာ မေးမြန်းခဲ့သည်။ တွစ်တာအမှုဆောင်ချုပ်က အောက်တိုဘာ ၂၇ ရက်မှ နိုဝင်ဘာ ၁၁ရက်ကြားတွင် ကုမ္ပဏီမှချမှတ်ထားသည့် မူဝါဒနှင့် မကိုက်ညီသည့် တွစ်တာ ပေါ်ရှိ ပို့စ်သုံးသိန်းကို သင်္ကေတပြ သတိပေးခဲ့ကြောင်း အဆိုပါတားမြစ်မှုက နည်းလမ်းအမှန် မဟုတ်သည်ကို တွေ့ရှိခဲ့သဖြင့် ယခုအခါ ပြန်လည်ပြင်ဆင်ထားပြီး ဖြစ်ကြောင်း တုံ့ပြန်ခဲ့သည်။
 
ဖေ့စ်ဘွတ်အမှုဆောင်ချုပ်ကမူ ဖေ့စ်ဘွတ်သည် လူတစ်ဦးချင်း၏ ကိုယ်ပိုင်ခံစားမှုအား လွတ်လွတ်လပ်လပ် ဖော်ပြနိုင်အောင် ဆောင်ရွက်ထားခြင်းသာ ဖြစ်ကြောင်း တုံ့ပြန်ခဲ့ရာယင်းသို့ လွယ်လွယ်ကူကူ ပို့စ်တင်ခွင့်ပြုခြင်းကပင် သတင်းမှားများ ပေါ်ပေါက်လာစေခြင်းကြောင့် အဆိုပါကိစ္စရပ်အတွက် ဖေ့စ်ဘွတ်အနေဖြင့် တာဝန်ယူရမည်ဖြစ်ကြောင်း အထက်လွှတ်တော်က သတိပေးခဲ့သည်။
 
MDN
 
Myanmar Advertising Directory
Read times
Rate this item
(0 votes)