-->
×

Warning

JUser: :_load: Unable to load user with ID: 29


ကိုကာကိုလာမှ စျေးကွက်မြင့်တင်ရေးရာများအတွက် လက်နက်ကုန်ထုတ်သုံး

Coca-Cola မှ သူရဲ့မီဒီယာနှင့်ဖန်တီးမှုအေဂျင်စီမိတ်ဖက်များနှင့် ပူးပေါင်းလုပ်ဆောင်ခဲ့သည်များကို တစ်ကမ္ဘာလုံးဆိုင်ရာပြန်လည်ဆန်းစစ်ခြင်းများစလုပ်နေပြီဟုသိရပါသည်။Coca-Cola ရဲ့ပြောရေးဆိုခွင့်ရှိသူတစ် ဦး ကပြန်လည်ပြောကြားရာတွင် Coca-Cola မှ ဖန်တီးမှု၊ ထုတ်လုပ်မှုစီမံခန့်ခွဲမှု၊ စျေး၀ယ်သူများနှင့်လက်တွေ့ကျကျစျေးကွက်ရှာဖွေရေး စသည်တို့တွင် သူတို့ Brand အနေနဲ့ပိုမိုတဲ့ ရင်းနှီးမြုပ်နှံမှုတွေ ထည့်သွင်းသင့်ကြောင်း အဖြေ ထွက်ရှိထားပါတယ်တဲ့။

၎င်းပြောရေးဆိုခွင့်ရှိသူထပ်မံပြောကြားသည်က “ ကိုကာကိုလာမှ ၎င်းတို့ရဲ့မီဒီယာနှင့်ဖန်တီးမှုဆိုင်ရာအေဂျင်စီပုံစံအားအလုံးစုံပြန်လည်ဆန်းသစ်ရန်ဆုံးဖြတ်ပြီဲဲးပါပြီ "ထို့ကြောင့်၎င်းတို့ရဲ့မီဒီယာကိုအသေးစိတ်ပြန်လည်သုံးသပ်ရန်နှင့်တီထွင်မှုဆိုင်ရာစီမံကိန်းရေးဆွဲခြင်များနှင့်ဝယ်ယူရေးအလေ့အကျင့်အပြင်မီဒီယာနှင့်ဖန်တီးမှုအေဂျင်စီများနှင့်တွေ့ဆုံမှုများ၊ကမ္ဘာတစ်ဝှမ်းတွင်စီးပွားဖြစ်ပူးပေါင်းလုပ်ဆောင်မှုများလုပ်ဆောင်ဖို့လိုအပ်ပါတယ်ကောက်ချက်ချ တယ်သိရပါတယ်။

 

ကိုကာကိုလာအနေနဲ့ မီဒီယာနှင့် ဖန်တီးမှုဆိုင်ရာ များကို ၂၀၂၁ အစောပိုင်းတွင် လုပ်ဆောင်သွားမှာဖြစ်ပြီး ၎င်း ၂၀၂၁ ရဲ့ Q3 ရှင်းတန်း ကာလ မတိုင်ခင်မှာ Coca Cola မှ စျေးကွက် မြင့်တင်ရေးဆိုင်ရာ များကို အစီစဉ်တကျ ဆောင်ရွက်သွားမယ်လို့သိရပါတယ် ထိုဆောင်ရွက်ချက်များဟာ ၂၀၂၂ လောက်ဆိုရင်တော့ အသီးသီးအသားကျသွားမယ်လို့သိရပါတယ်။ကိုကာကိုလာ အနေနဲ့သူပြောသွားတဲ့ပူးပေါင်းလုပ်ဆောင်မည့်အေဂျင်စီတွေကိုနာမည်တပ်ပြောဆိုသွားခြင်းတော့ မရှိပါဘူး သို့ပေမယ့် WPP ကတော့ သူ့ဘက်က အနည်းငယ်ပြောကြားချက်တွေရှိပါတယ် ကိုကာကိုလာအနေနဲ့ GroupM’s MediaCom, Interpublic Group’s UM, Publicis Groupe’s Starcom နဲ့ Dentsu’s Carat တို့နှင့် ဆွေးနွေးမည့်ပုံပါ။

 

Coca-Cola ၏အမှုဆောင်အရာရှိချုပ်ဂျိမ်းစ်ကင်စ်ကကုမ္ပဏီ၏ Q3 မှရရှိသော ၀င်ငွေများအရကုမ္ပဏီအားအမှန်တကယ်စားသုံးသူဗဟိုပြုစျေးကွက်မြင့်တင်ရေးများ ပြုလုပ်လိမ့်မယ်လို့သိရပါသည်။ဂျိမ်းစ်ကင်စ် ပြောကြားချက် အရတော့ စားသုံးသူတွေ အတွက် တိုက်ရိုက် ထိ ရောက်စေမည့် ကြော်ငြာတွေကို ငွေကြေးအကုန်ကျ များနေပါစေ ၎င်းတို့ Brand မှ လုပ်ဆောင်သွားမယ်သိရပြီး သူတို့တွေ မှာ ကမ္ဘာ့ကပ်ရောဂါကြောင့်စီးပွားရေးကျချိန် အမြတ်ငွေ ၉ ရာခိုင်နှုန်းကျဆင်းသွားတာမို့စျေးကွက်မြင့်တင်ရေးလုပ်ဆောင်ရန် အမေရိကန် ဒေါ်လာ ၄ သန်း အသုံးပြုမယ်သိရပါတယ်။

 

Myanmar Advertising Directory 

Read times
Rate this item
(0 votes)