-->
×

Warning

JUser: :_load: Unable to load user with ID: 29


အမေရိကန်နိုင်ငံတွင် ကိုဗစ်-၁၉ ကြောင့်စားသုံးသူများ၏ ဝယ်ယူမှုပုံစံ ပြောင်းလဲသွား

အမေရိကန်နိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကြောင့် ယခုနှစ် လက်ရှိအချိန်အထိ လက်လီ အရောင်းဆိုင် ၈၄၀၀ နှင့် စားသောက်ဆိုင် ၁၁၀၀၀၀ တို့ကို ပိတ်ထားခဲ့ရကြောင်း အဆိုပါ လုပ်ငန်းများမှရရှိသော စာရင်းများအရ သိရသည်။

 

နိုင်ငံအတွင်း အစားအသောက်ပို့ဆောင်သောလုပ်ငန်းကို လုပ်ကိုင်ဆောင်ရွက်နေသည့် စားသောက်ဆိုင်ပေါင်း ၁၁၀၀၀၀ (နိုင်ငံအတွင်းရှိ စားသောက်ဆိုင်များ၏ ၁၇ ရာခိုင်နှုန်း)သည် ယခုနှစ်အတွင်း အပြီးတိုင်ပိတ်သိမ်းရသော အခြေအနေသို့ ရောက်ရှိခဲ့ပြီး အခြားစားသောက်ဆိုင် ထောင်ပေါင်းများစွာမှာလည်း ပိတ်လုဆဲဆဲအခြေအနေတွင် ရောက်ရှိနေကြောင်း အမျိုးသားစားသောက်ဆိုင်အဖွဲ့အစည်းက ပြောကြားသည်။

 

၂၀၂၀ ပြည့်နှစ်သည် စားသောက်ဆိုင်များနှင့် စတိုးဆိုင်များအတွက် ဆိုးရွားသော နှစ်တစ်နှစ်ဖြစ်ပြီး စီးပွားရေးကျဆင်းပြီး ဝယ်ယူစားသုံးသူဖောက်သည်များ၏ ဝယ်ယူမှုပုံစံ ပြောင်းလဲသွားသဖြင့် အဆိုပါလုပ်ငန်းများအတွက် အရှုံးပေါ်သော အခြေအနေသို့ ရောက်ရှိခဲ့ ကြောင်း သိရသည်။ အဆိုပါလုပ်ငန်းများ၏ အရှုံးပေါ်မှုကို အခြေခံပြီး အခြားတစ်ဖက်တွင်လည်း နိုင်ငံအတွင်း အလုပ်လက်မဲ့နှုန်းများ မြင့်တက်လာကြောင်း သိရသည်။

 

အမေရိကန်နိုင်ငံတွင် ပြီးခဲ့သည့် သီတင်းပတ်အတွင်း အလုပ်လက်မဲ့ ဦးရေ ၈၅၃၀၀၀ အထိ ရှိခဲ့ကြောင်းနှင့် စက်တင်ဘာလလယ်နောက်ပိုင်း အမြင့်ဆုံးအရေအတွက်ဖြစ်ကြောင်း အမေရိကန်အလုပ်သမားဝန်ကြီးဌာနက ပြောကြားသည်။ နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါကြောင့် ဖြစ်လာသော စီးပွားရေးကျဆင်းမှုများအား ကုစားနိုင်ရန်အတွက် အမေရိကန် ဒေါ်လာ ၉၁၆ ဘီလီယံတန်ဖိုးရှိသော ကိုဗစ်-၁၉ ရောဂါ ပြန်လည်ကုစားရေးရန်ပုံငွေအား အိမ်ဖြူတော်က ကွန်ဂရက်သို့ တင်သွင်းခဲ့သည်။

 

 The Mirror 

 

Myanmar Advertising Guide 

Read times
Rate this item
(0 votes)