-->
×

Warning

JUser: :_load: Unable to load user with ID: 29


ကပ်ရောဂါနဲ့ အပြိုင်အဆိုင်တို့က တရုတ်ထိပ်တန်း ၁၀၀ အမှတ်တံဆိပ်တွေကို ကလဖန်ထိုး

ကပ်ရောဂါနဲ့ အပြိုင်အဆိုင်တို့က တရုတ်ထိပ်တန်း ၁၀၀ အမှတ်တံဆိပ်တွေကို ကလဖန်ထိုးလိုက်ပါတယ်။

တရုတ်ဈေးကွက်ထဲမှာ ပြည်တွင်းနဲ့ ပြည်ပ brand နှစ်မျိုးစလုံး ပိုမိုပြင်းထန်လာနေတဲ့ ယှဉ်ပြိုင်မှုတွေကို ရင်ဆိုင်နေကြတယ်။ အဲဒီပြိုင်ပွဲက ထိပ်တန်း (၁၀) brand စာရင်းကို ထိပ်ဆုံးကနေ အောက်ခြေအထိ ကြီးမားတဲ့ အပြောင်းအလဲတွေ ဖြစ်ပေါ်စေခဲ့တယ်။ တရုတ်ထိပ်တန်း (၁၀၀) brand တွေအကြား အဆင့်အပြောင်းအလဲတွေ တရကြမ်း ဖြစ်ပေါ်စေခဲ့ပါတယ်။
ကပ်ရောဂါနဲ့ ပြင်းထန်တဲ့ ယှဉ်ပြိုင်မှု ဆက်လက်ဖြစ်ပွားနေတာကြောင့် Campaign Asia-Pacific မှ ထုတ်ပြန်တဲ့ တရုတ် ထိပ်တန်း(၁၀၀) အမှတ်တံဆိပ်စာရင်းမှာ နေရာတွေ ရွေ့ကုန်တယ်။ အဲဒီစာရင်းက Asia's Top 1000 Brands သုတေသနစစ်တမ်းရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။ တစ်နှစ်အတွင်း brand ရှုမြင်ကွင်း လုံးလုံးလျားလျား ပြောင်းသွားတယ်။ စာရင်းထဲမှ brand ၂၆ ခု ထွက်သွားတယ်။ brand ၂၆ ခု အသစ်ဝင်လာတယ်။ စာရင်းထဲမှာလည်း အဆင့်တွေ ပြောင်းကုန်တယ်။ ထိပ်တန်း(၁၀၀) ကိုပဲ ကြည့်မယ်ဆိုရင် သိသာထင်ရှားတဲ့ အပြောင်းအလဲတွေ တွေ့ရတယ်။
ထိပ်တန်း(၁၀) brand စာရင်းမှာ ပါတဲ့ လိုဂိုတွေကို ကြည့်ကြရအောင်။

 

top 10 china2.png


ဝဲခြမ်းနဲ့ ယာခြမ်း နှစ်ခြမါးပါတာမှာ ဝဲဘက်အခြမ်းက ၂၀၂၀ ခုနှစ်အတွက် ဖြစ်ပြီး ယာခြမ်းက ၂၀၂၁ ခုနှစ်အတွက် ဖြစ်ပါတယ်။
Nike နဲ့ Nestlé နှစ်ခုစလုံး ယာခြမ်းမှာ ပါမလာတော့ဘူး။ Nestlé က အဆင့် ၃၃ ဆင့်ကျဆင်းပြီး အဆင့် ၃၄ ကို ရောက်ရှိနေပါတယ်။ ဒါပေမဲ့ သူ့ရဲ့ ထုတ်ကုန်ဖြစ်တဲ့ Nescafe ကတော့ နံပါတ်(၇၇) မှ ၁၆ ဆင့် မြင့်တက်ပြီး နံပါတ်(၁၆) ကို ရောက်ရှိနေပါတယ်။ နောက်ထပ် ထုတ်ကုန် Nestum က ထိပ်တန်း(၁၀၀) ထဲ စတင်ပါဝင်လာပြီး နံပါတ် (၅၅) နေရာမှာ ရှိပါတယ်။ Nike က နံပါတ်(၈) နေရာမှ နံပါတ်(၁၁)သို့ ကျဆင်းသွားလို့ ထိပ်တန်း(၁၀) ထဲမှ ထွက်ခွာရပါတယ်။ သူ့ပြိုင်ဘက် Adidas လည်း အဆင့်ကျတယ်။ နံပါတ်(၂၆) ကနေ (၅၃)ကို ရောက်သွားတာဖြစ်လို့ ၂၇ ဆင့် ကျသွားတယ်။

မနှစ်တုန်းက နံပါတ် ၁၁ မှာ ရှိတဲ့ Starbucks နဲ့ နံပါတ် ၁၂ မှာ ရှိတဲ့ Panasonic တို့က အဆင့်မြင့်တက်ပြီး ထိပ်တန်း(၁၀) မှာ ပါလာတယ်။
WeChat က မနှစ်တုန်းက အဆင့် ၁၀ မှာ ရှိခဲ့ပြီး ယခု နံပါတ်(၁) ဖြစ်နေပါတယ်။

 

top 10 china.png


GroupM agency Essence အတွက် မဟာဗျူဟာဆိုင်ရာ ဒုဥက္ကဋ္ဌဖြစ်သူClaire Zhao က အခုလို သုံးသပ်ပြပါတယ်။
“လွန်ခဲ့တဲ့ ၁၀ နှစ်တုန်းက လိုချင်နေတဲ့ ဝယ်လိုအားက ရောင်းဖို့အတွက် ပေးသွင်းနိုင်တာထက် အများကြီး ပိုများနေခဲ့တယ်။ ဒီရေ တက်တဲ့အခါ လှေတွေအားလုံး ပိုမြင့်သွားကြတယ်။ ၂၀၂၁ ခုနှစ်မှာ စားသုံးသူတွေ သုံးစွဲတာ ဆက်လက်ကြီးထွားနေဆဲပါပဲ။ ကုမ္ပဏီတွေအကြား ပြိုင်ဆိုင်ကြရတာ ပိုပြင်းထန်နေတယ်။ ဒီတော့ မျက်နှာပြရုံလောက်နဲ့ မရတော့ဘူး။ မလုံလောက်တော့ဘူး။ အခုဆိုရင် ကုမ္ပဏီတစ်ခုရဲ့ အရောင်းတိုးဖို့အတွက် တခြားကုမ္ပဏီတစ်ခု သို့မဟုတ် ကုမ္ပဏီတွေရဲ့ ရောင်းအား လျော့ကျသွားရတယ်။ အဲဒီမှာ brand က စားသုံးသူတွေအကြား ခွဲခြားသိမြင်မှုအတွက် အကြောင်းရင်းခံ ဖြစ်လာတယ်”
“နောက်ထပ် အရမ်းအရေးကြီးတဲ့အကြောင်းတစ်ချက်က ပင်လယ်ရပ်ခြား brand တွေက သူတို့အချင်းချင်း ယှဉ်ပြိုင်နေကြတာ မဟုတ်တော့ဘူး။ တရုတ်ပြည်တွင်းဖြစ် brand အသစ်တွေကို ယှဉ်ပြိုင်နေရတာက ပွဲပိုကြမ်းတယ်”

Read times
Rate this item
(0 votes)