-->
×

Warning

JUser: :_load: Unable to load user with ID: 29




 

ဈေးကွက်ရှာဖွေရေးသမားများက ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားမှုကြောင့် သူတို့ရဲ့Budgetကို ဘယ်လိုအကျိုးသက်ရောက်လဲဆိုတာ ဆန်းစစ်ဖော်ထုတ်

 




 

Advertising Agencies & Specialists (ကြော်ငြာအေဂျင်စီများနှင့်ကျွမ်းကျင်သူများ (၄၃၈)ခုကိုရှာရန်နှိပ်ပါ)

 

<<<Unicode>>>

 

ဗိုင်းရပ်စ်ပျံ့နှံ့မှုကြောင့် McDonald’s ၊John Lewis နဲ့ Primarkတို့ ပိတ်ဖို့ ဖိအားပေးခံရ

Coronavirus ကူးစက်ရောဂါက High Street တွေမှာ အဆိုးရွားဆုံး သေဆုံးမှုနဲ့အတူ အတင်းအကြပ် ကူးစက်နေတာကြောင့် McDonald's၊ John Lewis နဲ့ Primark တို့ကို ဗိုင်းရပ်စ်ပျံ့နှံ့မှု ထပ်မံ မပြန့်ပွားစေရန် သူတို့ရဲ့ ဆိုင်တွေကိုပိတ်ပစ်ဖို့ ဖိအားပေးခဲ့ကြပါတယ်။

Johnlewis.comမှာ အွန်လိုင်းကုန်သွယ်မှုက ပုံမှန် အတိုင်းဆက်လက်တည်ရှိနေမယ် ဖြစ်သော်လည်း ယာယီစီးပွားရေးလုပ်ငန်းအား ခေတ္တရပ်နားလိုက်ခြင်းက နှစ် ၁၅၅ နှစ်သမိုင်းကြောင်းမှာ John Lewis ရဲ့ စတိုးဆိုင် ၅၀လုံး ပထမဆုံးအကြိမ် ပိတ်ခြင်းကို တွေ့ရမှာပဲ ဖြစ်ပါတယ်။

ယခင်က McDonald’sက social distancing လိုအပ်ချက်များကို လွယ်ကူချောမွေ့ရန် တစ်စိတ်တစ်ပိုင်းအဖြစ် ၎င်းရဲ့ ပါဆယ် စီးပွားရေးလုပ်ငန်းအပေါ် အာရုံစူးစိုက်ပြီး ထိုင်ခုံနေရာများဖယ်ကာ ရှောင်ထွက်ခဲ့ပါတယ်။

 

Coronavirusဖြစ်ပွားမှု မြင့်တက်လာသောကြောင့် "Social Distancing"ဆောင်ပုဒ်နဲ့ ကြော်ငြာတွေကြွေးကြော်လာတဲ့ Coke၊ Nike နှင့် McDonald's

 

မကြုံစဖူးအကျပ်အတည်းရဲ့ နောက်ထပ်ထိခိုက်နစ်နာမှုတစ်ခုက Primark ဖြစ်ပြီး ဗြိတိန်နိုင်ငံရှိ စတိုးဆိုင် ၁၈၉ခု စလုံးကို နောက်ထပ်သတိပေး ထုတ်ပြန်ချက် မတိုင်မီ အချိန်ထိ ပိတ်သိမ်းထားရသောကြောင့် စားသုံးသူဝယ်လိုအားကို ကျဆင်းသွားစေခဲ့ပါတယ်။

ဥက္ကဌဖြစ်သူ Sharon Whiteက“ ဒီလက်တွဲတဲ့ဆက်ဆံရေးဟာ ၁၅၅ နှစ်ကျော် ကုန်သွယ်ခဲ့ပြီး၊ အဲဒီကာလအတွင်းမှာ ကျွန်တော်တို့ဟာ ကမ္ဘာ့စစ်ပွဲ ၂ ခုနဲ့ ၂၀၀၈ ဘဏ္ဏာရေး အကျပ်အတည်း အပါအဝင် ခက်ခဲတဲ့အချိန်ကာလများစွာကိုရင်ဆိုင်ခဲ့ရပါတယ်။ အခါအားလျော်စွာ ကျွန်တော်တို့ရဲ့ ဖောက်သည်တွေ၊ လုပ်ဖော်ကိုင်ဖက်တွေ၊ ကျွန်တော်တို့ရဲ့ ထောက်ပံ့သူတွေ၊သက်ဆိုင်သူတွေနဲ့ နှစ်ရှည်လများ ဆက်ဆံမှုများကြောင့် ကျွန်တော်တို့က ုအားပိုကောင်းလာခဲ့ပါတယ်။"လို့ပြောကြားခဲ့ပါတယ်။

စတိုး ဆိုင်ပိတ်ရတာနဲ့ ပက်သက်ပြီးနောက်ဆက်တွဲ အကျိုးတွေကတော့ John Lewis ရဲ့ နွေဦးရာသီဆိုင်းငံ့ခြင်း၊ ပိုမိုဆိုးရွားလာတဲ့ အကျပ်အတည်းကို ရင်ဆိုင်ရန် ဈေးကွက်ရှာဖွေရေး အသုံးစရိတ်လျှော့ချခြင်းနဲ့ ပြိုင်ဘက် M&S ရဲ့တုန့်ပြန်မှုများကို ခံရခြင်း စတဲ့ အရာများထင်ဟပ်စေခဲ့ပါတယ်။

 

Reference Source:The Drum

Myanmar Advertising Directory

Published in Global