-->
×

Warning

JUser: :_load: Unable to load user with ID: 29





 

အောက်တိုဘာလထိ ရွှေ့ဆိုင်းလိုက်တဲ့ Cannes Lions Festival

 



 



 

Advertising Agencies & Specialists (ကြော်ငြာအေဂျင်စီများနှင့်ကျွမ်းကျင်သူများ (၄၃၈)ခုကိုရှာရန်နှိပ်ပါ)

 

<<<Unicode>>>

 

Coronavirusဖြစ်ပွားမှု မြင့်တက်လာသောကြောင့် "Social Distancing"ဆောင်ပုဒ်နဲ့ ကြော်ငြာတွေကြွေးကြော်လာတဲ့ Coke၊ Nike နှင့် McDonald's

ဘရာဇီးလ်ရှိ McDonald's ၊ US ရှိ ကိုကာကိုလာနဲ့ Nike တို့က COVID-19 ကို မပျံ့နှံ့စေသော အဓိကသော့ချက်က social distancing ဖြစ်တယ်လို့ သတင်းစကားများကို အများပြည်သူသိရှိစေရန် ကြိုးစားကြပါတယ်။

ဘရာဇီးတာဝန်ရှိသူများက McDonald'sရဲ့ ရွှေရောင်အခုံး၂ခုကို ခွဲထုတ်ကာ “separated for a moment to always be together” "ခဏတာခွဲတာက အမြဲတမ်း အတူတူဖြစ်ဖို့" ဟု ဆိုကာ ၎င်းတို့ရဲ့ တွစ်တာစာမျက်နှာပေါ်မှာ ကုမ္ပဏီရဲ့တံဆိပ်ကိုပြောင်းလဲခဲ့ပါတယ်။Brandရဲ့ Logoတွေကို ပြောင်းလဲမှုလုပ်တာက အပြည်ပြည်ဆိုင်ရာ ဈေးကွက်တွေအတွက် ပြုလုပ်ခဲ့ခြင်း မဟုတ်ပါဘူး။

Image result for mcdonalds social distancing

 

Times Square ကြော်ငြာဆိုင်းဘုတ်မှာ ကိုကာကိုလာက ကြော်ငြာထားသော ကြော်ငြာပုံစံကို ပြောင်းလဲခဲ့ပါတယ်။
Coca Colaက ပုံမှန်ဆိုရင် အတူတူပေါင်းရေးထားတာဖြစ်သော်လည်း ယခုပုံက တစ်လုံးနဲ့တစ်လုံးကွဲနေသော အက္ခရာများဖြစ်ပြီး၊ “Staying apart is the best way to stay connected” "အကွာအဝေးခြားပြီးနေတာက ချိတ်ဆက်မှုတစ်ခုရဲ့ အကောင်းဆုံးနည်းလမ်း" လို့ ပြောခဲ့ပါတယ်။ ကိုကာကိုလာ ပြောရေးဆိုခွင့်ရှိသူက ၎င်းကို Times Square တွင်သာတွေ့နိုင်ပါလိမ့်မယ်လို့ ပြောကြားသွားပါတယ်။

Image result for coca cola social distancing ad

 

Corona Beerဟာ Coronavirus ဖြစ်ပွားနေချိန်မှာ ဒေါ်လာ ၂၆၀ မီလီယံထိ ရောင်းအားတက်ခဲ့

 

Nike ကsocial distancingကို မြှင့်တင်ပေးနေတယ်လို့ USA Today ကပြောကြားခဲ့ပါတယ်။အားကစားကုမ္ပဏီက အချို့သောနိုင်ငံများရဲ့ စတိုးဆိုင်တွေကို မတ်လ ၂၇ ရက် အထိပိတ်ထားရုံသာမက၊ တနင်္ဂနွေနေ့မှာ ကြော်ငြာအသစ်ကို ကြော်ငြာခဲ့ပြီး ၎င်းကြော်ငြာက တစ်ယောက်နဲ့တစ်ယောက် အကွာအဝေးတစ်ခုမှ နေရန်တွန်အားပေးတဲ့ကြောင်ငြာပဲဖြစ်ပါတယ်။“If you ever dreamed of playing for millions around the world, now is your chance. Play inside, play for the world.” "အကယ်၍ ကမ္ဘာပေါ်မှာ မီလီယံပေါင်းများစွာ ကစားဖို့ ခင်ဗျားမှာ အိပ်မက်ရှိတယ်ဆိုရင် အခုက ခင်ဗျားရဲ့ အခွင့်အရေးပဲ ကမ္ဘာကြီးအတွက် ကစားဖို့ အထဲမှာပဲ ကစားကြပါ"လို့ပြောသွားခဲ့ပါတယ်။Michael Nike ကဲ့သို့သော အားကစားကြယ်ပွင့်များက ၎င်းသတင်းကို စတင်ဝေငှခဲ့ကြပါတယ်။

Image result for nike social distancing ad

 

Reference Source:FOX 13

Myanmar Advertising Directory

Read times
Rate this item
(0 votes)