-->
×

Warning

JUser: :_load: Unable to load user with ID: 29

အားကစား အဝတ်အထည် Brand ဖြစ်တဲ့ Adidas ဟာ ကိုဗစ်ကာလ အတွင်း မီဒီယာကြော်ငြာ ခြင်းများကို ၂၅ ရာခိုင်နှုန်း ဖြတ်တောက်လိုက်ပြီး အခုအခါမှာတော့ကြော်ငြာ ခြင်းများ အတွက် ပြန်လည် အရှိန်မြင့်လာစေမည့် Plan ရှိထားပြီလို့ သိရပါတယ်။Adidas အနေနဲ့ အိုလံပစ်လို ပွဲမျိုးတွေမှာ မကြော်ငြာ ရတော့ပဲ ၎င်းတို့ရဲ့ ecommerce စျေးအရောင်း ဟာလည်းပဲ ၂ ဆ ကျဆင်းခဲ့တယ်သိရပါတယ်။

 

Adidas ကနှစ်တစ်နှစ်ရဲ့ ဒုတိယ သုံးလ ( ကွာတာ ) တွင် စျေးကွက် မြှင့်တင်ရေး ဆိုင်ရာ အသုံးပြုငွေ ၂၅ ရာခိုင်နှုန်းကို လျော့ချခဲ့ပေမယ့် အရောင်းအဝယ်ကောင်းဖို့ အရေး စျေးကွက်မြင့်တင်ရေးဆိုင်ရာပိုင်းကို ငွေကြေးအသုံးပြုရမှာမို့ ROI ( Return on investment ) အနေအထားကို ရောက်ရှိမယ်သိရပါတယ်။ ၎င်းတို့လုပ်ငန်းစုအနေနဲ့ အမြတ်ဝင်ငွေ ၃၅ ရာခိုင်နှုန်းကျဆင်းခဲ့ပြီး ဇွန်လ အကုန် ၃ လပတ် အတွင်း ယူရို ၃.၆ ဘီလီယံသို့ လောက်ကျဆင်းခဲ့ပါတယ်။

 

ထို့အပြင် Adidas မှ အရောင်းက ၃၃ ရာခိုင်နှုန်းကျပြီး Reebok မှ ၄၂ ရာခိုင်နှုန်းကျခဲ့ပါတယ်။Adidas အနေနဲ့ လုပ်ငန်းစုရဲ့ ပိုင်ဆိုင်မှု့ ထဲမှ ယူရို ၃၀၆ မီလီယံ အရှုံးရှိနေပြီး ၎င်းတို့ဆိုင်တွေရဲ့ ၇၀ ရာခိုင်နှုန်းက ပိတ်ခဲ့တယ်သိရပါတယ်။ထို့အပြင်ကိုဗစ်ရှိနေတာမို့ အားကစားဆိုင်ရာပွဲအကြီးစားတွေဖြစ်တဲ့ တိုကျို အိုလန်ပစ် နဲ့ ယူရိုပလိဒ် ချန်ပီယံရှစ်ဘောပွဲ များကလည်း အခုဆို ရပ်နားထားရပါတယ်။ သို့‌သော်လည်း အခုအချိန်မှာ ecommerce ကတော့ အတော်လေးနေရာကောင်းပါပဲ။

 

Adidas လုပ်ငန်းစုမှပြောကြားပုံအရဆို စားသုံးသူတွေဟာ တဖြည်ဖြည်းနဲ့ နဂိုက ထက် အွန်လိုင်းဝယ်ယူမှုကို ပိုစိတ်ဝင်စားလာပါတယ်။ Adidas ရဲ့ CEO ဖြစ်သူ Kasper Rorsted ပြောကြားချက်ကတော့ '' Lockdown ဖြစ်ပြီးနေအိမ်ပြင်ပ မထွက်တာကိုက ဒီဂျစ်တယ်ပိုင်းပြောင်းဖို့ ခြေလှမ်းအစ ဖြစ်ခဲ့တာပါလို့ သူ့ရဲ့ ဆိုရှယ်မီဒီယာ စာမျက်မှာပေါ်မှာပြောကြားခဲ့ပါတယ်။ဒီဂျစ်တယ်ကပဲ ကိုယ့်လုပ်ငန်းရဲ့ အရေးကြီးတဲ့ ကြော်ငြာ တွေကို လူတွေဆီ အရောက်ပို့ပေးမှာပါ။ ထို့သို့ ဒီဂျစ်တယ်နဲ့ ကြော်ငြာ မှုတွေပြုလုပ်ပြီး ecommerce အရောင်းတက်အောင်ပိုမိုဆောင်ရွက်မှာပါ။

 

Adidas မှ CFO ဖြစ်သူ Harm Ohlmeyer ထက်မံထောက်ပြသည်က Adidas လုပ်တဲ့ ‘Ready for Sport’ campaign နှင့် #hometeam activity ကြောင့် ၎င်းတို့ ကြော်ငြာ ဗီဒီယိုကို လူ သန်း ၄၀၀ ကြည့်ခဲ့ကြောင်း ဒါဟာ ဒီဂျစ်တယ်ကြော်ငြာခြင်း‌‌ကြောင့် ၂ ဆ တက်ခဲ့တာဖြစ်ပြီး ဒီဂျစ်တယ် ကြော်ငြာ ခြင်း မရှိပါက ecommerce အနေနဲ့ မြှင့်တက်မှာ မဟုတ်ဟု သိရပါတယ်။ လေ့လာ စမ်းစစ်ချက်အရ ၅၀ ရာခိုင်နှုန်းသော အသက် ၁၈ ကနေ ၃၄ နှစ် စားသုံးသူတွေဟာ အခု အချိန်မှာ အားကစားကို ပိုမိုလုပ်ဆောင်လာကြပါတယ်။

 

အားလပ်ချိန်အားကစားလုပ်တာမှာ တောင်ပိုပြီး ဖက်ရှင်ကြလာကြတယ်။ထို့အပြင် နေအိမ်မှအလုပ်လုပ်တဲ့ အခါမှာလည်း သက်တောင့်သက်သာရမဲ့ Adidas စွပ်ဖိနပ်တွေ ၊ ခေါင်းစွပ် အင်္ကျီ တွေကို ဝတ်ဆင်ကြတယ်။ ဒါဟာ ၎င်းတို့အတွက် အနာဂတ် အရောင်းတက်စေဖို့ အကြောင်းပြချက်ကောင်းပါပဲတဲ့ ။

 

MTC_MAD.png

 

Ref : Marketing Week

 

 

Published in Digital Marketing

Adidas မှ လတ်တလော ပြု လုပ်ထားတဲ့ ကြော်ငြာ Campaign က ၎င်းတို့ App အတွက် ကြော်ငြာ Campaign တစ်ခုဖြစ်ပြီး ထိုသို့ ပြု လုပ်ခြင်းမှာ Adidas မှ နေပြီး သူ့ ပရိသတ် တွေနဲ့ ယခုလို ကိုရိုနာ ဗိုင်းရစ် ဖြစ်နေတဲ့ ကာလ အတွင်းမှာ အဆက်အသွယ် မိနေစေချင်သောဆန္ဒ ကြောင့် ပဲဖြစ်တယ်လို့ သိရပါတယ်။

Published in Global

Adidas သည် 'Change is a Team Sport' ဟူသော ခေါင်းစဉ်ဖြင့် ကြော်ငြာ Campaign လေးတစ်ခု ရိုက်ကူးခဲ့ပါတယ်။  ထိုကြော်ငြာ Campaign ကို Director Jonah Hill ကရိုက်ကူးပုံဖော်ပေးထားပါတယ်။

Published in Global

Adi Dassler လို့သိထားတဲ့ Adolf Dassler ကို ၁၉၀၀ ခုနှစ် နိုဝင်ဘာ ၃ ရက်တွင် ဂျာမနီနိုင်ငံ၊ ဘာဗားရီးယားပြည်နယ်၊ Herzogenaurach မြို့မှာ မွေးဖွားခဲ့ပါတယ်။ ရှူးဖိနပ်စက်ရုံလုပ်သား Christoph Dassler ရဲ့ သားဖြစ်ပြီး ရှူးဖိနပ်လုပ်ငန်းထဲကို အသက် ၂၀ မှာစတင်ဝင်ရောက်ခဲ့ပါတယ်။

Published in Global