-->
×

Warning

JUser: :_load: Unable to load user with ID: 29


နာမည္ေက်ာ္ အမ်ားအျပား အသုံးျပဳျပီး ရုိက္ကူးထားတဲ့ Adidas ရဲ႕ေၾကာ္ျငာသစ္

နာမည္ေက်ာ္ အမ်ားအျပား အသုံးျပဳျပီး ရုိက္ကူးထားတဲ့ Adidas ရဲ႕ေၾကာ္ျငာသစ္ google

Adidas သည္ 'Change is a Team Sport' ဟူေသာ ေခါင္းစဥ္ျဖင့္ ေၾကာ္ျငာ Campaign ေလးတစ္ခု ရုိက္ကူးခဲ့ပါတယ္။  ထိုေၾကာ္ျငာ Campaign ကို Director Jonah Hill ကရုိက္ကူးပုံေဖာ္ေပးထားပါတယ္။

 

Adidas စတင္တည္ေထာင္ခ်ိန္ မွစ၍ Adidas ၏ စူပါစတားရွဴးဖိနပ္သည္ နာမည္ေက်ာ္အားကစားသမားမ်ား အၾကိဳက္ brand တစ္ခုျဖစ္လာပါတယ္။ Adidas သည္ Sneakers အားကစားဖိနပ္ နွစ္၅၀ ျပည့္ အထိမ္းအမွတ္အေနနဲ႕သူတို႕ရဲ႕လူၾကိဳက္အမ်ားဆုံး ေရာင္းအားအေကာင္းဆုံး
ဖိနပ္ ျဖစ္သည့္ Adidas Superstar Shoe ကို တဖန္ အျမင္ဆန္းေစေအာင္ ေၾကာ္ျငာ Campaign ေလးရုိက္ကူးတာပဲျဖစ္ပါတယ္။

 


ထိုေၾကာ္ျငာ တြင္ ကမၻာတစ္ဝွမ္းမွ နာမည္ေက်ာ္ မ်ား ပါဝင္ေနျပီး ပါဝင္သူမ်ားမွာ Ninja , Kerwin Frost , Blackpink , Pharrell Williams , Yara Shahidi , Anitta , Jenn Soto , Mariah Duran , Mark Gonzales , Blondey, Tyshawn Jones, Liz Cambage , Pogba , Nigo, Jackson Wang , Chris Severn , Mette Towley, Tracy McGrady, Anna Isoniemi, နဲ႔ Jonah Hill တို႔ျဖစ္ပါတယ္။

ကိုးရီးယား မွ နာမည္ေက်ာ္ မိန္းမေခ်ာေလးမ်ား အဖြဲ႕ Blackpink / စကိတ္မင္းသမီးေခ်ာေလး Jenn Sotto နဲ႔ ကမၻာေက်ာ္ ေဘာလုံးသမား Paul Pogba တို႕ ပါဝင္ထားတဲ့ ထို ေၾကာ္ျငာေလးက တကယ့္ကို ဆန္းဆန္းေလးပါ။

 

ၿပီးခဲ့သည့္အပတ္တြင္ Hill သည္ Instagram တြင္ သူသည္ Brand ကုန္အမွတ္တံဆိပ္ ႏွင့္ ပူးေပါင္းမႈကို ေၾကျငာသည့္ post တင္ခဲ့သည္။ ႐ုပ္ရွင္႐ိုက္ကူးျခင္း ေနာက္ကြယ္ရွိ လုပ္ငန္းစဥ္ႏွင့္ စပ္လ်ဥ္း၍ Hill သည္ ဖန္တီးမႈဆိုင္ရာပိုမို တိုးတက္ျမင့္မားေစလိုေသာ သူ၏ ဆႏၵကို ရွင္းျပခဲ့သည္။

 

“ ေရွးလူၾကီး မ်ိဳးဆက္ေတြ ရဲ႕ေရွးထုံး အစဥ္အလာေတြ သာ မမွီျငမ္းရင္ ဗဟုသုတေတြမရနိုင္သလို ေနာင္ထြက္ေပၚလာမည့္ မ်ိဳးဆက္သစ္ မပါဘဲလည္း ဘာမွ ေျပာင္းလဲမႈ (သို႕) တိုးတက္မႈရွိလာမည္မဟုတ္ေပ။  အဲ့ေတာ့ မ်ိဳးဆက္၂ဆက္ အတူတကြ ပူးေပါင္းလိုက္မယ္ဆိုရင္ေတာ့ ေတာ္ေတာ့္ကို အဏုျမဴစြမ္းအင္အလား တီထြင္ဖန္တီးၾကံဆမႈ အားေကာင္းေကာင္းနဲ႔တိုးတက္လာမယ္လို႕ ခံစားရပါတယ္။"

 

က႑အသီးသီးမွ နာမည္ေက်ာ္မ်ား နဲ႔ အျမင္ဆန္းဆန္းေလးရုိက္ကူးထားတဲ့ Adidas ရဲ႕'Change is a Team Sport' ေၾကာ္ျငာ Campaign ေလးကို အခုပဲၾကည့္လိုက္ရေအာင္

 

ကိုကာကိုလာရဲ႕ ေစာင့္ၾကည့္ရမဲ့ CMO အသစ္

 

 

<<<unicode>>>

 

နာမည်ကျော် အများအပြား အသုံးပြုပြီး ရိုက်ကူးထားတဲ့ Adidas ရဲ့ကြော်ငြာသစ်

=====================================================================

Adidas သည် 'Change is a Team Sport' ဟူသော ခေါင်းစဉ်ဖြင့် ကြော်ငြာ Campaign လေးတစ်ခု ရိုက်ကူးခဲ့ပါတယ်။ ထိုကြော်ငြာ Campaign ကို Director Jonah Hill ကရိုက်ကူးပုံဖော်ပေးထားပါတယ်။

 

Adidas စတင်တည်ထောင်ချိန် မှစ၍ Adidas ၏ စူပါစတားရှူးဖိနပ်သည် နာမည်ကျော်အားကစားသမားများ အကြိုက် brand တစ်ခုဖြစ်လာပါတယ်။ Adidas သည် Sneakers အားကစားဖိနပ် နှစ်၅၀ ပြည့် အထိမ်းအမှတ်အနေနဲ့သူတို့ရဲ့လူကြိုက်အများဆုံး ရောင်းအားအကောင်းဆုံး
ဖိနပ် ဖြစ်သည့် Adidas Superstar Shoe ကို တဖန် အမြင်ဆန်းစေအောင် ကြော်ငြာ Campaign လေးရိုက်ကူးတာပဲဖြစ်ပါတယ်။

 


ထိုကြော်ငြာ တွင် ကမ္ဘာတစ်ဝှမ်းမှ နာမည်ကျော် များ ပါဝင်နေပြီး ပါဝင်သူများမှာ Ninja , Kerwin Frost , Blackpink , Pharrell Williams , Yara Shahidi , Anitta , Jenn Soto , Mariah Duran , Mark Gonzales , Blondey, Tyshawn Jones, Liz Cambage , Pogba , Nigo, Jackson Wang , Chris Severn , Mette Towley, Tracy McGrady, Anna Isoniemi, နဲ့ Jonah Hill တို့ဖြစ်ပါတယ်။
ကိုးရီးယား မှ နာမည်ကျော် မိန်းမချောလေးများ အဖွဲ့ Blackpink / စကိတ်မင်းသမီးချောလေး Jenn Sotto နဲ့ ကမ္ဘာကျော် ဘောလုံးသမား Paul Pogba တို့ ပါဝင်ထားတဲ့ ထို ကြော်ငြာလေးက တကယ့်ကို ဆန်းဆန်းလေးပါ။

 

ပြီးခဲ့သည့်အပတ်တွင် Hill သည် Instagram တွင် သူသည် Brand ကုန်အမှတ်တံဆိပ် နှင့် ပူးပေါင်းမှုကို ကြေငြာသည့် post တင်ခဲ့သည်။ ရုပ်ရှင်ရိုက်ကူးခြင်း နောက်ကွယ်ရှိ လုပ်ငန်းစဉ်နှင့် စပ်လျဉ်း၍ Hill သည် ဖန်တီးမှုဆိုင်ရာပိုမို တိုးတက်မြင့်မားစေလိုသော သူ၏ ဆန္ဒကို ရှင်းပြခဲ့သည်။

 

“ ရှေးလူကြီး မျိုးဆက်တွေ ရဲ့ရှေးထုံး အစဉ်အလာတွေ သာ မမှီငြမ်းရင် ဗဟုသုတတွေမရနိုင်သလို နောင်ထွက်ပေါ်လာမည့် မျိုးဆက်သစ် မပါဘဲလည်း ဘာမှ ပြောင်းလဲမှု (သို့) တိုးတက်မှုရှိလာမည်မဟုတ်ပေ။ အဲ့တော့ မျိုးဆက်၂ဆက် အတူတကွ ပူးပေါင်းလိုက်မယ်ဆိုရင်တော့ တော်တော့်ကို အဏုမြူစွမ်းအင်အလား တီထွင်ဖန်တီးကြံဆမှု အားကောင်းကောင်းနဲ့တိုးတက်လာမယ်လို့ ခံစားရပါတယ်။"

 

ကဏ္ဍအသီးသီးမှ နာမည်ကျော်များ နဲ့ အမြင်ဆန်းဆန်းလေးရိုက်ကူးထားတဲ့ Adidas ရဲ့'Change is a Team Sport' ကြော်ငြာ Campaign လေးကို အခုပဲကြည့်လိုက်ရအောင်

 

 

Source: The Drum

Myanmar Advertising Directory 

Read times
Rate this item
(0 votes)