-->
×

Warning

JUser: :_load: Unable to load user with ID: 29


ယေန႔က်င္းပ ျပဳလုပ္ေသာ How Marketing Is Changing In Myanmar ေဟာေျပာပြဲအေၾကာင္း

CB Bank မွလက္ရွိ Chief Marketing Officer ျဖစ္သူ Richard See မွ ယခုပြဲတြင္ ယေန႔ ေခတ္ရဲ႕ ေစ်းကြက္စီးပြားေရးေျပာင္းလဲ လာပံုကို အဓိကထားေၿပာၾကားသြားတာျဖစ္ျပီး
ပြဲကို ယေန႔ ကမၻာေအးေစတီလမ္းရွိ Marina Residence တြင္ ေန႕လည္ ၂ နာရီမွ ညေန ၄ နာရီထိ က်င္းပခဲ့ပါသည္။

ေဟာေျပာသူ Richard See သည္ Marketing ေလာကတြင္ ၁၅ ႏွစ္တိတိလုပ္ကိုင္ခဲ့သည္သိရျပီး ဗီယက္နမ္ ၊ ကန္ေဘာရီးယား တို႕တြင္ တာဝန္ ထမ္းေဆာင္ဖူးသူျဖစ္ျပီး လက္ရွိတြင္ ျမန္မာႏိုင္ငံတြင္ တာဝန္ထမ္းေဆာင္ေနသူပါ။
Richard ႏွင့္ သူ႕အမ်ိဳးသမီးျဖစ္သူ Eileen တို႕မွာ ၂၀၁၂ ခုႏွစ္ထဲက ျမန္မာႏိုင္ငံသို႕ေရာက္ရွိလာၾကတာျဖစ္တယ္လို႕သိရွိရပါတယ္။

Richard မွာ Coca Cola ၊ Sap ၊ Fanta ၊ HTC ၊ Premier Coffee ၊ Beeline ၊ Minute Maid ၊ Sprite ၊ Oracle ၊ qb ၊ Nokia ၊ Western Union ၊ Samsung ၊ Maylaysia Airlines ၊ Tiger ၊ ABC ၊ Anchor ၊ Burger King စေသာ
လုပ္ငန္းစုမ်ားႏွင့္ Marking ပိုင္းဆိုင္ရာ လုပ္ငန္းမ်ားတြဲဖက္ လုပ္ကိုင္ဖူးသူတစ္ဦးပင္ျဖစ္ပါသည္။

ယေန႕ ပြဲတြင္ Richard See မွ သူရဲ႕ အေတြ႕ အၾကံဳမ်ားကို ေျပာျပခဲ့ပါသည္ထို႕ျပင္ ေစ်းကြက္ျမွင့္တင္ေရးပိုင္းဆိုင္ရာ လုပ္ငန္းလုပ္ကိုင္မ်ားကို ေဟာေျပာခ်က္ကေတာ့ -

ယေန႕ ေခတ္မွာ Marketing လုပ္ကိုင္ရတာဟာ ယခင္ေခတ္မ်ားကဲ့သို႕ လုပ္ကိုင္ရတာျခင္းမတူေတာ့ပါဘူး Marketing သမားမ်ားအေန ျဖင့္ ေျပာင္းလဲသင့္ပါျပီ။

ေၾကာ္ျငာေတြကလည္းပံုစံ မတူေတာ့ပါဘူး ယခင္လို ရိုးရိုးရွင္းရွင္း ေၾကာ္ျငာလို႕ မရေတာ့ပါဘူး Brand အျပိဳင္မ်ားေပါလာတာေၾကာင့္ ေၾကာ္ျငာကို အမ်ားႏွင့္မတူပဲထူးျခားေနေအာင္လုပ္ကိုင္ဖို႕လိုပါသည္ဟုေၿပာၾကားခဲ့ပါသည္။

တကယ္တန္း Marketing လုပ္ေတာ့မယ္ဆိုလ်ွင္ Marketing သမားတစ္ေယာက္အေန ႏွင့္လုပ္ငန္းတိုးတတ္ဖို႕ အခ်က္ ၃ ခ်က္ကိုနားလည္ သိရွိေနဖို႕လိုအပ္ပါသည္။

၎ အခ်က္မ်ားကေတာ့ လူ ၊ ေနရာ ၊ ထုတ္ကုန္စသည္တို႕ပါ။

 

ေဒါက္ဖိနပ္မမ Cardi B ရဲ႕ Pepsi ေၾကာ္ျငာအသစ္

 

လူ ဆိုတာကေတာ့ သင့္ Brand က ဘယ္သူေတြ အတြက္ ရည္ရြယ္တာလဲ ။
လူဦးေရ  ၅၂ မီလီယံ ေက်ာ္ရွိတယ္ဆိုပါစို႕သင့္ Brand က အသက္ၾကီးပိုင္းေတြအတြက္လား( သို႕ ) လူငယ္ပိုင္းေတြအတြက္ ရည္ရြယ္တာလား ဆိုတာနားလည္ေနဖို႕လို အပ္ပါတယ္။

ယခင္ေခတ္ကဆိုလ်ွင္ ရိုးရိုးရွင္းရွင္းကိုမွ သေဘာက် ၾကတာပါ ၊ ယခုေခတ္မွာေတာ့ ဘဝအတြက္လိုအပ္ခ်က္ေတြႏွင့္တြဲဖက္ျပရတာမို႕ နည္းနည္းဆန္းဆန္းျပားျပားေလးေတြကိုပိုႏွစ္ျခိဳက္လာၾကပါတယ္။

ေနရာ ဆိုတာကေတာ့ ေျပာရရင္ Social Media မ်ားေပါ့ Facebook ႏွင့္ IG တုိ႕ကိုဆိုလိုတာပါ။

သင့္ Brand ကိုအနည္းဆံုး အေရာင္းျမွင့္တင္ဖို႕ လိုအပ္ေနလ်ွင္ Social Platform ကေနေတာ့ သြားရမွာပါပဲ ဒါေၾကာင့္ Digital Marketing ကိုလည္းျပစ္ပယ္မထားသင့္ပါ။

ထုတ္ကုန္ ကေတာ့ သင့္ နဲ႔တြဲလုပ္မည့္ Brand ရဲ႕ ထုတ္ကုန္ကို သင္ေသခ်ာသိရွိနားလည္ေနဖို႕ လိုအပ္ပါတယ္။

သင့္ မွာ ဘယ္လိုထုတ္ကုန္မ်ိဳးရွိလဲ ၊ သင့္ ထုတ္ကုန္ ကို ဘယ္အခ်ိန္ထဲက လူေတြ စတင္ အသံုးျပဳခဲ့ၾကတာလဲ ၊ သင့္ ထုတ္ကုန္ကို အနာဂတ္မွာ ဘယ္လိုအသံုးျပဳႏိုင္မလဲ ၊

ထို အေၾကာင္းအရာမ်ားကို သင္သိေနမွသာလ်ွင္ သင့္ Brand ကိုသင္ေဖာ္ညႊန္းႏိုင္မွာပါ ဟု Richard See မွ ေၿပာျပခဲ့ပါသည္။

Richard ဟာ ယခင္ အခ်ိန္ Marketing ေလာကႏွင့္ ယခု Marketing ေလာက ကို ႏွုိင္းယွဥ္ ျပသျပီး ေၿပာၾကားခဲ့ပါတယ္။

ေဟာေျပာျပီးေနာက္ ပြဲလာ ပရိသတ္မ်ားႏွင့္ အေမးအေျဖ ျပဳလုပ္ခဲ့ပါေသးသည္ ညေန ၃ နာရီႏွင့္ ၄၈ မိနစ္တြင္ ေဟာေျပာခဲ့ ျပီးသြားပါသည္။

How Marketing Is Changing In Myanmar ပြဲ မွာ Marketing ဆိုင္ရာ အလုပ္လုပ္ကိုင္သူမ်ားအတြက္ အသင့္ေတာ္ဆံုးပြဲတစ္ခုပါလို႕ေၿပာၾကားရင္းနိဂုန္းခ်ဳပ္လိုက္ပါသည္။

 

 

77072437_2708921312487475_2295481014065037312_n.jpg

 

 

Unicode >>>

 

CB Bank မှလက်ရှိ Chief Marketing Officer ဖြစ်သူ Richard See မှ ယခုပွဲတွင် ယနေ့ ခေတ်ရဲ့ ဈေးကွက်စီးပွားရေးပြောင်းလဲ လာပုံကို အဓိကထားပြောကြားသွားတာဖြစ်ပြီး
ပွဲကို ယနေ့ ကမ္ဘာအေးစေတီလမ်းရှိ Marina Residence တွင် နေ့လည် ၂ နာရီမှ ညနေ ၄ နာရီထိ ကျင်းပခဲ့ပါသည်။

ဟောပြောသူ Richard See သည် Marketing လောကတွင် ၁၅ နှစ်တိတိလုပ်ကိုင်ခဲ့သည်သိရပြီး ဗီယက်နမ် ၊ ကန်ဘောရီးယား တို့တွင် တာဝန် ထမ်းဆောင်ဖူးသူဖြစ်ပြီး လက်ရှိတွင် မြန်မာနိုင်ငံတွင် တာဝန်ထမ်းဆောင်နေသူပါ။
Richard နှင့် သူ့အမျိုးသမီးဖြစ်သူ Eileen တို့မှာ ၂၀၁၂ ခုနှစ်ထဲက မြန်မာနိုင်ငံသို့ရောက်ရှိလာကြတာဖြစ်တယ်လို့သိရှိရပါတယ်။

Richard မှာ Coca Cola ၊ Sap ၊ Fanta ၊ HTC ၊ Premier Coffee ၊ Beeline ၊ Minute Maid ၊ Sprite ၊ Oracle ၊ qb ၊ Nokia ၊ Western Union ၊ Samsung ၊ Maylaysia Airlines ၊ Tiger ၊ ABC ၊ Anchor ၊ Burger King စသော
လုပ်ငန်းစုများနှင့် Marking ပိုင်းဆိုင်ရာ လုပ်ငန်းများတွဲဖက် လုပ်ကိုင်ဖူးသူတစ်ဦးပင်ဖြစ်ပါသည်။

ယနေ့ ပွဲတွင် Richard See မှ သူရဲ့ အတွေ့ အကြုံများကို ပြောပြခဲ့ပါသည်ထို့ပြင် ဈေးကွက်မြှင့်တင်ရေးပိုင်းဆိုင်ရာ လုပ်ငန်းလုပ်ကိုင်များကို ဟောပြောချက်ကတော့ -

ယနေ့ ခေတ်မှာ Marketing လုပ်ကိုင်ရတာဟာ ယခင်ခေတ်များကဲ့သို့ လုပ်ကိုင်ရတာခြင်းမတူတော့ပါဘူး Marketing သမားများအနေ ဖြင့် ပြောင်းလဲသင့်ပါပြီ။

ကြော်ငြာတွေကလည်းပုံစံ မတူတော့ပါဘူး ယခင်လို ရိုးရိုးရှင်းရှင်း ကြော်ငြာလို့ မရတော့ပါဘူး Brand အပြိုင်များပေါလာတာကြောင့် ကြော်ငြာကို အများနှင့်မတူပဲထူးခြားနေအောင်လုပ်ကိုင်ဖို့လိုပါသည်ဟုပြောကြားခဲ့ပါသည်။

တကယ်တန်း Marketing လုပ်တော့မယ်ဆိုလျှင် Marketing သမားတစ်ယောက်အနေ နှင့်လုပ်ငန်းတိုးတတ်ဖို့ အချက် ၃ ချက်ကိုနားလည် သိရှိနေဖို့လိုအပ်ပါသည်။

၎င်း အချက်များကတော့ လူ ၊ နေရာ ၊ ထုတ်ကုန်စသည်တို့ပါ။

လူ ဆိုတာကတော့ သင့် Brand က ဘယ်သူတွေ အတွက် ရည်ရွယ်တာလဲ ။
လူဦးရေ  ၅၂ မီလီယံ ကျော်ရှိတယ်ဆိုပါစို့သင့် Brand က အသက်ကြီးပိုင်းတွေအတွက်လား( သို့ ) လူငယ်ပိုင်းတွေအတွက် ရည်ရွယ်တာလား ဆိုတာနားလည်နေဖို့လို အပ်ပါတယ်။

ယခင်ခေတ်ကဆိုလျှင် ရိုးရိုးရှင်းရှင်းကိုမှ သဘောကျ ကြတာပါ ၊ ယခုခေတ်မှာတော့ ဘဝအတွက်လိုအပ်ချက်တွေနှင့်တွဲဖက်ပြရတာမို့ နည်းနည်းဆန်းဆန်းပြားပြားလေးတွေကိုပိုနှစ်ခြိုက်လာကြပါတယ်။

နေရာ ဆိုတာကတော့ ပြောရရင် Social Media များပေါ့ Facebook နှင့် IG တို့ကိုဆိုလိုတာပါ။

သင့် Brand ကိုအနည်းဆုံး အရောင်းမြှင့်တင်ဖို့ လိုအပ်နေလျှင် Social Platform ကနေတော့ သွားရမှာပါပဲ ဒါကြောင့် Digital Marketing ကိုလည်းပြစ်ပယ်မထားသင့်ပါ။

ထုတ်ကုန် ကတော့ သင့် နဲ့တွဲလုပ်မည့် Brand ရဲ့ ထုတ်ကုန်ကို သင်သေချာသိရှိနားလည်နေဖို့ လိုအပ်ပါတယ်။

သင့် မှာ ဘယ်လိုထုတ်ကုန်မျိုးရှိလဲ ၊ သင့် ထုတ်ကုန် ကို ဘယ်အချိန်ထဲက လူတွေ စတင် အသုံးပြုခဲ့ကြတာလဲ ၊ သင့် ထုတ်ကုန်ကို အနာဂတ်မှာ ဘယ်လိုအသုံးပြုနိုင်မလဲ ၊

ထို အကြောင်းအရာများကို သင်သိနေမှသာလျှင် သင့် Brand ကိုသင်ဖော်ညွှန်းနိုင်မှာပါ ဟု Richard See မှ ပြောပြခဲ့ပါသည်။

Richard ဟာ ယခင် အချိန် Marketing လောကနှင့် ယခု Marketing လောက ကို နှိုင်းယှဉ် ပြသပြီး ပြောကြားခဲ့ပါတယ်။

ဟောပြောပြီးနောက် ပွဲလာ ပရိသတ်များနှင့် အမေးအဖြေ ပြုလုပ်ခဲ့ပါသေးသည် ညနေ ၃ နာရီနှင့် ၄၈ မိနစ်တွင် ဟောပြောခဲ့ ပြီးသွားပါသည်။

How Marketing Is Changing In Myanmar ပွဲ မှာ Marketing ဆိုင်ရာ အလုပ်လုပ်ကိုင်သူများအတွက် အသင့်တော်ဆုံးပွဲတစ်ခုပါလို့ပြောကြားရင်းနိဂုန်းချုပ်လိုက်ပါသည်။

 

Myanmar Advertising Directory

 

Freya

Read times
Rate this item
(0 votes)