-->
×

Warning

JUser: :_load: Unable to load user with ID: 29


ဈေးကွက်အတွင်းမှ အတုအပ အရက်များသတိထားကြပါ

ဈေးကွက်အတွင်းမှ အတုအပ အရက်များသတိထားကြပါ Google

New Year's Eve နေ့တွေဆို လူငယ် အများစုနဲ့ လူလတ်ပိုင်းအများစုဟာ ညလုံးပေါက် နှစ်သစ်ကိုကြိုဆိုရင်း ကဲကြတာ များပါတယ်။

ထိုသို့ ပျော်ပါးရာတွင်လည်း နိုင်ငံခြားမှနာမည်ကြီး ယမကာ များက မပါမဖြစ်ပေါ့ကွယ်။

 

ပြောရရင်တော့ ပြီးခဲ့တဲ့ နှစ်အနည်းငယ် က စာရေးသူရဲ့ မိတ်ဆွေဖြစ်သူဟာ ယုဇန ပလာဇာ အောက်က အရက်ပုလင်းတွေ ရောင်းတဲ့ ဆိုင်တစ်ဆိုင်မှာ Johnnie Walker ရဲ့ Black Label ကြော်ငြာကပ်ထားတာတွေ့ရော တွေ့တော့ Black Label ရှိလားဆိုကာမေးတော့ အရောင်းသမားက ရှိပါတယ်တဲ့။

 

အရောင်းသမားကတော့ ထုံးစံအတိုင်း ရွန်းရွန်းဝေပြောရောင်းတော့တာပေါ့။ဈေးကလဲ အပြင်ထက် အနည်းငယ်သက်သာနေတယ်။ပုလင်းကလဲ အစစ်ပုလင်း ခပ်မိုက်မိုက် နဲ့ ဆိုတော့ ဝယ်လာမိရော။

 

အိမ်ရောက်တော့ ပုလင်းဖွင့်သောက် လိုက်တော့ အရက်ပျံ ရနံ့ကြီး ဆိုးရွားစွာ ရပါလေရော အရသာကသောက်ရင်း ပူလာတာ နဲ့ စပါလေရော။

 

အရက်သောက်ထားရင် ကားမမောင်းပါနှင့်

 

ပုလင်းကတော့ အစစ် ပုလင်း သို့သော် အထဲက ယမကာ အရည်က အတုဖြစ်နေတာပါ။

 

အဲ့တာနဲ့ဆက်မသောက်ပဲ ထားလိုက်တယ်ပေါ့။အရက်အစစ်သောက်ထားတဲ့လူဆိုတော့ Black Label ရဲ့ အရသာကို သိနေလို့သာ။

 

ထိုအဆိုပါကဲ့သို့သော အရက်တွေကို သောက်မိရင် ဘယ်လောက်တောင် ကျန်းမာရေး ထိခိုက်လိမ့်မလဲ တွေးမိပါတယ်။

 

တကယ်တန်းတော့ ကြော်ငြာကပ်ထားရုံ အရောင်းသမား အပြောကောင်းပုံနဲ့တင် စိတ်မယိုင်ပဲ သေချာ စစ်ဆေးသင့်ကြောင်း တစ်ချို့ တစ်ချို့သော ဆိုင်များမှာ ထိုသို့ အတုအပ ရောင်းချတတ်ကြောင်း အသိလေးပေးရင်း။

 

Myanmar Advertising Directory ပရိသတ်ကြီး ပျော်ရွှင်တဲ့ နှစ်သစ်ကူး အချိန် ကို ပိုင်ဆိုင်နိုင်ကြပါစေ။

 

<<< Zawgyi >>>

 

New Year's Eve ေန႔ေတြဆို လူငယ္ အမ်ားစုနဲ႔ လူလတ္ပိုင္းအမ်ားစုဟာ ညလုံးေပါက္ ႏွစ္သစ္ကိုႀကိဳဆိုရင္း ကဲၾကတာ မ်ားပါတယ္။


ထိုသို႔ ေပ်ာ္ပါးရာတြင္လည္း ႏိုင္ငံျခားမွနာမည္ႀကီး ယမကာ မ်ားက မပါမျဖစ္ေပါ့ကြယ္။


ေျပာရရင္ေတာ့ ၿပီးခဲ့တဲ့ ႏွစ္အနည္းငယ္ က စာေရးသူရဲ႕ မိတ္ေဆြျဖစ္သူဟာ ယုဇန ပလာဇာ ေအာက္က အရက္ပုလင္းေတြ ေရာင္းတဲ့ ဆိုင္တစ္ဆိုင္မွာ Johnnie Walker ရဲ႕ Black Label ေၾကာ္ျငာကပ္ထားတာေတြ႕ေရာ ေတြ႕ေတာ့ Black Label ရွိလားဆိုကာေမးေတာ့ အေရာင္းသမားက ရွိပါတယ္တဲ့။


အေရာင္းသမားကေတာ့ ထုံးစံအတိုင္း ႐ြန္း႐ြန္းေဝေျပာေရာင္းေတာ့တာေပါ့။ေဈးကလဲ အျပင္ထက္ အနည္းငယ္သက္သာေနတယ္။ပုလင္းကလဲ အစစ္ပုလင္း ခပ္မိုက္မိုက္ နဲ႔ ဆိုေတာ့ ဝယ္လာမိေရာ။


အိမ္ေရာက္ေတာ့ ပုလင္းဖြင့္ေသာက္ လိုက္ေတာ့ အရက္ပ်ံ ရနံ႔ႀကီး ဆိုး႐ြားစြာ ရပါေလေရာ အရသာကေသာက္ရင္း ပူလာတာ နဲ႔ စပါေလေရာ။


ပုလင္းကေတာ့ အစစ္ ပုလင္း သို႔ေသာ္ အထဲက ယမကာ အရည္က အတုျဖစ္ေနတာပါ။

 

Johnnie Walker အေၾကာင္း ႏွင့္ သူ႔ရဲ႕ စိတ္ဝင္စားဖြယ္ေၾကာ္ျငာမ်ား

 


အဲ့တာနဲ႔ဆက္မေသာက္ပဲ ထားလိုက္တယ္ေပါ့။အရက္အစစ္ေသာက္ထားတဲ့လူဆိုေတာ့ Black Label ရဲ႕ အရသာကို သိေနလို႔သာ။


ထိုအဆိုပါကဲ့သို႔ေသာ အရက္ေတြကို ေသာက္မိရင္ ဘယ္ေလာက္ေတာင္ က်န္းမာေရး ထိခိုက္လိမ့္မလဲ ေတြးမိပါတယ္။


တကယ္တန္းေတာ့ ေၾကာ္ျငာကပ္ထား႐ုံ အေရာင္းသမား အေျပာေကာင္းပုံနဲ႔တင္ စိတ္မယိုင္ပဲ ေသခ်ာ စစ္ေဆးသင့္ေၾကာင္း တစ္ခ်ိဳ႕ တစ္ခ်ိဳ႕ေသာ ဆိုင္မ်ားမွာ ထိုသို႔ အတုအပ ေရာင္းခ်တတ္ေၾကာင္း အသိေလးေပးရင္း။


Myanmar Advertising Directory ပရိသတ္ႀကီး ေပ်ာ္႐ႊင္တဲ့ ႏွစ္သစ္ကူး အခ်ိန္ ကို ပိုင္ဆိုင္ႏိုင္ၾကပါေစ။

 

Myanmar Advertising Directory 

 

Read times
Rate this item
(0 votes)