-->
×
Warning
JUser: :_load: Unable to load user with ID: 29
လူတွေ အိမ်မှာ တကယ်နေကြသလား google အချက်အလက် ထုတ်ပြန်
သွားလာမှု အပြောင်းအလဲများ Mobility changes
Google က ကျန်းမာရေးဝန်ထမ်းများနှင့် လူပုဂ္ဂိိုလ်အသီးသီးတို့ကို social distancing နှင့် ပတ်သက်၍ တုံ့ပြန်မှုများကို နားလည်သိရှိရန်အတွက် ကူညီပေးရန် အလို့ငှာ COVID-19 Community Mobility Report ကို ထုတ်ပြန်ပေးလျက်ရှိရာ မြန်မာနိုင်ငံအတွက် March 29, 2020 ရက်စွဲဖြင့် အစီရင်ခံကို ဖြန့်ဝေခဲ့သည်။ နိုင်ငံအသီးသီးတွ လူအများတို့ အိမ်မှာ တကယ်နေကြရဲ့လား ဆိုသည်ကို ထင်းထင်းကြီး ပေါ်နေသည်။
ထိုအစီရင်ခံစာသည် ဆေးဘက်ဆိုင်ရာ ရောဂါဆန်းစစ်ရှာဖွေရန်အတွက် လည်းကောင်း၊၊ အရိပ်အမြွက်ကြည့်၍ စဉ်းစားဆုံးဖြတ်ရန်အတွက် လည်းကောင်း၊ ကုသပေးရန်အတွက်လည်းကောင်း ရည်ရွယ်ချက်ထားရှိပြီး
အသုံးမပြုသင့်ပေ။ တစ်ဦးတစ်ယောက် ခရီးသွားလာရန်အတွက် အစီအစဉ်များ ချမှတ်ရန် လမ်းညွှန်အဖြစ် သုံးစွဲရန်အတွက်လည်း ရည်ရွယ်ချက် မရှိချေ။
လူအများတို့ ရွေ့လျား သွားလာနေကြရာ၌ မည်သည့်နေရာမျိုးတို့တွင် ရာခိုင်နှုန်းအမည်မျှ ရှိနေကြသည်ကို ဖော်ပြပေးခြင်းဖြင့် ခပ်ခွာခွာ နေကြခြင်းကို ဆောင်ရွက်ဖို့အတွက် တုံ့ပြန်လုပ်ကိုင်ရန်အတွက်သာ ဖြစ်သည်။
လူအများတို့ ကိုင်ဆောင်ထားသော မိုဘိုင်းဖုန်းကဲ့သို့သော မိုဘိုင်းကိရိယာတို့တွင် ရောက်ရှိတည်နေရာကို ဂူးဂဲကို အသိပေးရန် သဘောတူပေးထားမှသာ တွက်ချက်မှုတွင် ပါဝင်မည် ဖြစ်သည်။ ထိုသို့ ပါဝင်သောသူများထဲမှာ နမူနာများ ကောက်ယူပြီး တွက်ချက်ပေးထားခြင်း ဖြစ်သည်။
အခြေမျဉ်း base line ကာလမှာ ဇန်နဝါရီလ ၃ ရက်မှ ဖေဖော်ဝါရီလ ၆ ရက် ငါးပတ်တာ အတွင်း နေ့ရက်များအရ အတိုးအဆုတ် ရာခိုင်နှုန်းများ ဖြစ်သည်။
ကိုဗစ်ကြောင့် အပြင်ထွက်သူ လျော့နည်းပြီး အိမ်တွင် အနေများကြသဖြင့် အိမ်မှာနေသည့် ရာခိုင်နှုန်း ၁၂ ရာခိုင်နှုန်း တိုးသွားသည်။
Retail & recreation
လက်လီအရောင်းနေရာများနှင့် အပန်းဖြေနေရာများ
======
ဤခေါင်းစဉ်အောက်တွင် သွားလာမှု အလားအလာများကို စားသောက်ဆိုင်များ၊ လက်ဘက်ရည်ဆိုင်များ၊ ဈေးဝယ်စင်တာများ၊ အပန်းဖြေဥယျာဉ်များ၊ ပြတိုက်များ၊ စာကြည့်တိုက်များနှင့် ရုပ်ရှင်ရုံများ ကဲ့သို့သော နေရာများအတွက် ဖော်ပြပေးထားသည်။
(၄၆% လျော့ကျသွားသည်)
Grocery & pharmacy
ကုန်စုံဆိုင်များနှင့် ဆေးဝါးအရောင်းဆိုင်များ
==========
ဤခေါင်းစဉ်အောက်တွင် သွားလာမှု အလားအလာများကို ကုန်စုံဆိုင်များ၊ ဈေများ၊ စားသောက်ကုန်ပွဲရုံများ၊ လယ်ယာထွက် ဈေးများ၊ အထူးသီးသန့် အမျိုးအစား စားစရာ ရောင်းချသည့်ဆိုင်များ၊ ဆေးဝါးဆိုင်များ ကဲ့သို့သော နေရာများအတွက် ဖော်ပြပေးထားသည်။
(၂၉% လျော့ကျသွားသည်)
Parks
ပန်းခြံများ
======
ဤခေါင်းစဉ်အောက်တွင် သွားလာမှု အလားအလာများကို ပန်းခြံများ၊ ပင်လယ်ကမ်းခြေများ ကဲ့သို့သော နေရာများအတွက် ဖော်ပြပေးထားသည်။
(၁၉% လျော့ကျသွားသည်)
Transit stations
အကူးအပြောင်းနေရာများ
====
ဤခေါင်းစဉ်အောက်တွင် သွားလာမှု အလားအလာများကို လူထုအတွက် စီစဉ်ပေးထားသော ရထား၊၊ ဘတ်စ်ကား အစရှိသည်တို့ ကူးပြောင်းစီးကြသည့် ဆုံချက်နေရာများအတွက် ဖော်ပြပေးထားသည်။
(၃၅% လျော့ကျသွားသည်)
Workplaces
လုပ်ငန်းခွင်များ
=========
ဤခေါင်းစဉ်အောက်တွင် သွားလာမှု အလားအလာများကို အလုပ်လုပ်ကိုင်ကြသည့် နေရာများအတွက် ဖော်ပြပေးထားသည်။
(၁၀% လျော့ကျသွားသည်)
Residential
လူနေအိမ်ခြေ
========
လူများနေထိုင်သည့် အိမ်များ တိုက်ခန်းများကဲ့သို့သောနေရာများအတွက် ဖော်ပြပေးထားသည်။
(၁၂% တိုးသွားသည်)
Retail & recreation
======
(၄၆% လျော့ကျသွားသည်)
Grocery & pharmacy
==========
(၂၉% လျော့ကျသွားသည်)
Parks
ပန်းခြံများ
======
(၁၉% လျော့ကျသွားသည်)
Transit stations
====
(၃၅% လျော့ကျသွားသည်)
Workplaces
လုပ်ငန်းခွင်များ
=========
(၁၀% လျော့ကျသွားသည်)
Residential
လူနေအိမ်ခြေ
========
(၁၂% တိုးသွားသည်)
Read times
Rate this item
(1 Vote)