-->
×

Warning

JUser: :_load: Unable to load user with ID: 29


မြန်မာပြည်ရဲ့Brand မားကတ်တင်းသမားများ ကိုရိုနာရောဂါကြောင့် စိန်ခေါ်မှုများလာ

မြန်မာပြည်ရဲ့ နိုင်ငံခြားသားဦးဆောင်တဲ့ Digital Marketing နည်းပညာဆိုင်ရာ လုပ်ငန်းစု Humology ရဲ့ တင်ပြချက် အရ ဆိုရှယ်မီဒီယာ အပေါ် မြန်မာ ပြည်ရှိလူများ ယုံကြည်မှုနည်းပါးလာတာနှင့်အမျှ စားသုံးသူတွေရင်ထဲ ရောက်အောင် စွဲဆောင်ဖို့ အတော်လေးခက်ခဲ နေပါတယ်လို့ သိရပါတယ်။


 


 


 

 


 

 


 

 

ပြောရရင် ဂိမ်းပိုင်းဆိုင်ရာတွေလဲ ယခု အချိန်မှာ လူတွေအာရုံ ရနေတယ်ပြောရမယ် အပြင်မထွက် ကြတော့ ပဲ ဖုန်း ဂိမ်းဆော့ နေကြတာကိုး ဒါတွေက မားကတ်တင်းသမားတွေနဲ့ Brand တွေ အတွက်အားသာချက်ပဲ။

 

 


 


 


 


----------------------------

 

 

 

<<< Unicode >>>

 

မြန်မာပြည်ရဲ့Brand မားကတ်တင်းသမားများ ကိုရိုနာရောဂါကြောင့် စိန်ခေါ်မှုများလာ

------------------------

 

မြန်မာ့ပြည်ရဲ့ နိုင်ငံခြားသားဦးဆောင်တဲ့ Digital Marketing နည်းပညာဆိုင်ရာ လုပ်ငန်းစု Humology ရဲ့ တင်ပြချက် အရ ဆိုရှယ်မီဒီယာ အပေါ် မြန်မာ ပြည်ရှိလူများ ယုံကြည်မှုနည်းပါးလာတာနှင့်အမျှ စားသုံးသူတွေရင်ထဲ ရောက်အောင် စွဲဆောင်ဖို့ အတော်လေးခက်ခဲ နေပါတယ်လို့ သိရပါတယ်။

 

အစကတော့ မြန်မာပြည်မှာကိုရိုနာရောဂါနဲ့ ပတ်သက် ဖြစ်ပွားမှုကလည်း အယောက် ၂၀ ကျော်လောက်သာရှိတော့ မြန်မာ လူမျိုး တွေ အတော်များများ အကြောက် အလန့် မရှိသေးကြပါဘူး သာမန်နေမြဲတိုင်းနေခဲ့တာပါပဲ နောက်ပိုင်းမှာ ဈေးတွေပိတ် ၊ နေရာတွေအတော်များများ ပိတ်တဲ့ အချိန်မှာ မြန်မာတွေ စိတ်မှာ ကြောက်စိတ်လေးဝင်လာခဲ့ဟန်တူပါတယ်။

 

အခုဆိုရင် မြန်မာ လူမျိုးများကလည်း မိမိ နေအိမ် က အိမ်ပြင်ကို မထွက် ရဲ ကြတော့ ပါဘူး။အခြားတိုင်းပြည်များနည်းတူ နေအိမ်အတွင်း နေထိုင်ခြင်းကို ကျင့်သုံးကြပါတယ်။ဒီတော့ကား မြန်မာပြည်ရဲ့ ဈေးကွက်မြှင့်တင်ရေး သမားတွေ အတွက် တစ်နည်း တစ်ဖုံ စီစဉ် ကြရပါတော့မယ်။

 

Humology မှ စားသုံးသူတို့ရဲ့ ယုံကြည်ချက်ကို စစ်တမ်းကောက်ချက် အရ ဖော်ပြ သောအခါ Brand တွေအနေနှင့် စိန်ခေါ်မှုများလျက် ရှိနေပါတယ် အခု ကိုရိုနာရောဂါကိစ္စ တွေဖြစ်ပွားနေတဲ့ အချိန်မှာ လူတွေအနေနဲ့ Social Media တွေထဲ Facebook ကလူတွေ ယုံကြည်မှု့ ရရှိဆုံးပါတဲ့ ။

 

 

Brand တွေရဲ့ မားကတ်တင်း အနေနဲ့ ကတော့အတော်လေး အိမ်မှာပဲနေဖုန်းသုံးနေတဲ့ စားသုံးသူတွေကို အတော်လေးမြင်တွေ့စေပါတယ်သို့ပေမဲ့ ကိုဗစ် 19 ကိုသာ စိတ်ရောက်နေတဲ့ ကာလမို့ ကိုဗစ်သတင်းကို သာစောင့်မျှော်နေကြပါတယ် ဒီအချိန်က ကျန်းမာရေး ဆိုင်ရာ Web တွေတစ်ခေတ်ထတဲ့ အချိန်ပေါ့။

 

 

ပြောရရင်တော့ မားကတ်တင်းသမားတွေက သူတို့ အားသန်ရာကို အာရုံ စိုက်လို့ ကောင်းတဲ့ အချိန်ပေါ့ ဒီလိုအချိန်မှာ အွန်လိုင်းအသုံးပြု သူက များပြားတော့ တားဂတ်က ကျယ်ပြန့်တယ်ပြောရမယ် လူတွေက အွန်လိုင်းမှာ ဗီဒီယို အကြည့်အများဆုံး အချိန်ပါပဲ။

 

 

ပြောရရင် ဂိမ်းပိုင်းဆိုင်ရာတွေလဲ ယခု အချိန်မှာ လူတွေအာရုံ ရနေတယ်ပြောရမယ် အပြင်မထွက် ကြတော့ ပဲ ဖုန္းဂိမ်းဆော့ နေကြတာကိုး ဒါတွေက မားကတ်တင်းသမားတွေနဲ့ Brand တွေ အတွက်အားသာချက်ပဲ။

 

 

သင်မမေ့ပါနဲ့ ယခု အချိန်မှာ အိမ်မှာပဲ နေရတဲ့ စားသုံးသူတွေဟာ ၎င်းတို့ ရဲ့ လက်ကိုင် မိုဘိုင်းလ် ဖုန်းတွေ က သူတို့ရဲ့ ဒုတိယ ကမ္ဘာပါပဲ။သင်တို့ လုပ်စားတတ်ရင် တတ်သလို ဈေးကွက်ကိုသင်တို့ ချုပ်ကိုင်နိုင်မှာပါ။

 

မည်သို့ပင်ဆိုစေကာမှု ကိုရိုနာရောဂါတွေဖြစ်ပွားနေတဲ့ အခုအချိန်မှာ Brand တွေဟာ ဆက်လက်ပြီး ဈေးကွက်မှာ လူအများ အမြင်ရရှိနေအောင် ၊ ဝေးကွာ မနေအောင် မားကတ်တင်း လုပ်ထားသင့်ပါတယ်။

 

တကယ်တန်းတော့ မြန်မာ လူမျိုးစားသုံးသူတွေဟာ သင့် Brand နဲ့ ပတ်သတ် ဘယ်လိုတွေ မားကတ်တင်းဆင်းမယ်ဆိုတာကို စောင့်မျှော်နေကြတဲ့ သူတွေလို့သာ သိထားလိုက်ပါ။

 

ကိုရိုနာ ရောဂါသတင်းများ အပြင် လူတွေစိတ်ဝင်စားသော အရာများ ပြဇယား

--------------------------------

 

 

Myanmar Advertising Directory 

 

 

 

Read times
Rate this item
(0 votes)