-->
×

Warning

JUser: :_load: Unable to load user with ID: 29


မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ ကိုဗစ်ရန်ပုံငွေ ထူထောင်ထားခြင်း အသိပေးကြေညာ

မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ သတင်းထုတ်ပြန်ချက် (၁၄/၂၀၂၀)
မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ က သတင်းမီဒီယာသမားများအတွက်
ကိုဗစ်ရန်ပုံငွေ ထူထောင်ထားခြင်းကိစ္စ အသိပေးခြင်း”
.
ယခုအချိန်တွင် မြန်မာနိုင်ငံ၌ ကိုဗစ် ၁၉ ရောဂါကူးစက်ဖြစ်ပွားလျက်ရှိပြီး သတင်းမီဒီယာသမားများ သည်လည်း ကိုဗစ်ရောဂါနှင့်ဆက်နွယ်ပြီး အကျပ်အတည်းများနှင့် ရင်ဆိုင်နေရကြောင်း သိရပါသည်။
.
ထိုကိစ္စနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီသည် သတင်းမီဒီယာသမားများအား လိုအပ်သည်များကို တစ်ဖက်တစ်လမ်းမှ ပံ့ပိုးပေးနိုင်ရန် သတင်းမီဒီယာသမားများအတွက် ကိုဗစ်ရန်ပုံငွေအဖြစ် ငွေကျပ်သိန်း (၁၀၀) ဖြင့် မတည်ထားပါသည်။
.
ကနဦးအနေဖြင့် သတင်းမီဒီယာသမားများသည် သတင်းရယူမှုနှင့်ပတ်သက်ပြီး Quarantine ခံရခြင်း၊ ကိုဗစ်ရောဂါကူးစက်ခံရခြင်းရှိပါက တစ်ဦးလျှင် ငွေကျပ် (၂) သိန်း ထောက်ပံ့ကူညီသွားမည် ဖြစ်ပါသည်။
.
(ရန်ပုံငွေ ခံစားရမည့် သတင်းမီဒီယာသမားသည် သက်ဆိုင်ရာသတင်းမီဒီယာတိုက်မှ ထောက်ခံစာ၊ ကိုဗစ်ကာလအတွင်း သတင်းရယူသူဖြစ်ခြင်း၊ Quarantine ဝင်ရောက်နေကြောင်း သက်ဆိုင်ရာက အတည်ပြု ထောက်ခံပေးသူဖြစ်ရမည် စသည့် တင်ပြရမည့်လိုအပ်သည့် အချက်အလက် အသေးစိတ်ကို မကြာမီ ထုတ်ပြန်ကြေညာပေးသွားမည်ဖြစ်ပါသည်)
.
ထို့အပြင် သတင်းမီဒီယာသမားများအတွက် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီသို့ လာရောက် လှူဒါန်းသည့် အလှူပစ္စည်းများနှင့် အလှူငွေရရှိမှုအပေါ်မူတည်ပြီး ဆန်၊ ဆီ နှင့် အခြားကူညီထောက်ပံမှုများ ကိုလည်း ဆက်လက်ဆောင်ရွက်ပေးသွားမည် ဖြစ်ပါသည်။
.
အသေးစိတ်သိရှိလိုပါက မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ ဖုန်းနံပါတ် (09448026326)၊ အီးမေးလ် လိပ်စာ (This email address is being protected from spambots. You need JavaScript enabled to view it.) သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။
.
မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ
 
Image may contain: text

 

Read times
Rate this item
(0 votes)