-->
×

Warning

JUser: :_load: Unable to load user with ID: 29


ထက်ထက်မိုးဦး နှင့် ကျော်ကြားခဲ့တဲ့ Ve Ve ကြော်ငြာ အကြောင်း

ငယ်ငယ်က TV မှာ အူအီအားအား ဆိုတဲ့ အသံလေး ကြားလိုက်တာနဲ့ ဘာကြော်ငြာလို့ ထင်ပါသလဲ။ စဉ်းစားလိုက်ကြည့်ရအောင်နော်..

 

အူအီအားအား Veve မန်ကျည်းအချိုရည်ဆိုရင် အားလုံး ကဒွေးနဲ့ မထက် တို့ရဲ့ VeVe အချိုရည် ကြော်ငြာကို သိလောက်ပြီ ထင်ပါတယ်။ ဒီကြော်ငြာဟာဆိုရင် လူတိုင်းပါးစပ်ဖျားမှာ စွဲနေပြီးအခုချိန်ထိကို မှတ်မိနေကြမယ်ထင်ပါတယ်။

တစ်နိုင်ငံလုံးမှာ ဟိုးလေးတကျော် ပေါက်သွားတဲ့ အရင်တုန်းကVeve မန်ကျည်းအချိုရည်‌ကြော်ငြာလေးပဲဖြစ်ပါတယ်။

တကယ်တော့ ကြော်ငြာ ဗီဒီယို လေးကအရမ်းထူးခြားတယ်။ ကြော်ငြာသီချင်းလေးက နားထောင်မိတဲ့ သူ ပါးစပ်ထဲစွဲသွားစေတယ်။ 

ကြော်ငြာထဲမှာ ကြွေလွင့်သွားပြီဖြစ်တဲ့ ကိုသားကြီး (ခ) ဒွေး နဲ့ အခုချိန်ထိ ကျော်ကြားနေဆဲ မင်းသမီးကြီး ထက်ထက်မိုးဦး တို့က ပါဝင်သရုပ်ဆောင်ထားပါတယ်။

ဒါရိုက်တာ ဦးမီးပွားက ပထမဆုံး အချိုရည်ဗူး Animation လေးသုံးပြီး ရိုက်ကူးထားတာလေးနဲ့ ဒွေးနဲ့ ထက်ထက်မိုးဦး တို့ရဲ့ ပြောင်မြောက်လှတဲ့ သရုပ်ဆောင်မှုကြောင့် ကြော်ငြာလေးက ကြည့်ရှုသူကို မရိုးစေတဲ့ ခံစားမှုလေး ရစေပါတယ်။

ဒါတွေ အပြင် ကြော်ငြာသီချင်းလေးကို ဖန်တီးရေးစပ်ပေးသူကတော့ လူရွှင်တော် ဇာဂနာ ဖြစ်တယ်တဲ့။

ထူးခြားပြီး လူတွေမသိတဲ့ မြှုပ်ကွက်လေးက Veve ဗူးလေးပြေးလွှားနေတာ Veve ဗူးလေးလှုပ်နေတာ မြင်ကြမှာပါ။ 

ဒီကြော်ငြာမှာ VeVe ဗူးကနေတာကို ကွန်ပျူတာ Effect နဲ့ လုပ်ထားတယ်လို့ ထင်ရပေမယ့် တကယ်တော့ လူကိုယ်တိုင် သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။

VeVe ဗူးအရုပ် နေရာက သရုပ်ဆောင်ထားတဲ့သူက ဘယ်သူလို့ထင်ပါသလဲ။ သူကတော့ လူရွှင်တော် ကုသိုလ် ပဲ ဖြစ်ပါတယ်။

လူရွှင်တော် ကုသိုလ်ကို Veve ဗူးလေးနဲ့ ကွယ်ထားတာဖြစ်ပါတယ်။ သေသေချာချာ သတိထားပြီးကြည့်မယ်ဆိုရင် Veve ဗူးလေး အနောက်ကနေ အပြာရောင် အစလေး နှစ်နေရာ ဒါမှမဟုတ် သုံးနေရာ လောက်တွေမှာ မြင်တွေ့ရမှာ ဖြစ်ပါတယ်။

Veve ဗူးလေးကနှုတ်ခမ်းလေးရွဲ့သွားတာ မျက်လုံးလေး ပေကလပ်ပေကလပ်လေးကို ဖန်တီး 3D ရေးဆွဲပေးခဲ့တာက Graphic Designer ကိုဗလ ပဲ ဖြစ်ပါတယ်။ သူဟာ ဒီကြော်ငြာမှာမှ သူ့ဘဝရဲ့ ပထမဆုံးအ ‌‌နေနဲ့ Character Animation ရေးဆွဲတာဖြစ်ပါတယ်။

အခုလိုအကြောင်းအရာတွေကို အသေးစိတ်လေး ပြောပြပေးတဲ့ ဆရာကိုထွေးကျော် ကို ကျေးဇူးအများကြီးတင်ပါတယ်။

 

Myanmar Advertising Directory

Read times
Rate this item
(0 votes)