-->
×

Warning

JUser: :_load: Unable to load user with ID: 29


မှတ်ပုံတင်ထားသော ကုန် အမှတ်တံဆိပ်နှင့် မူပိုင်ခွင့်ဆိုင်ရာ အခွင့်အရေးများ

အကယ်၍ သင့်ကုန်အမှတ်တံဆိပ်ကို မှတ်ပုံတင်ထားပြီ ဆိုပါစို့ သင်ရရှိ နိုင်တဲ့ မူပိုင်ခွင့် အခွင့်အရေးများမှာ - သင့် သဘောတူညီချက်မရှိဘဲ အခြားသူတစ်ဦးက ထပ်တူ ( သို့မဟုတ် ) အလားတူသော အမှတ်တံဆိပ်ကိုဝန်ဆောင်မှုတွင် အသုံးပြု၍ ကုန်သွယ်မှုပြုရာတွင် အများပြည်သူကို ထင်ယောင်ထင်မှားဖြစ်စေပါက သင့်အနေနှင့် ဥပဒေနှင့်အညီ ကာကွယ် တားဆီးခွင့်ရှိသည်။

 

သင့်ရဲ့မှတ်ပုံတင်ထားသော အမှတ်တံဆိပ် မူပိုင်ခွင့်ဆိုင်ရာ အခွင့်အရေးများကို ချိုးဖောက်သူအား ပြစ်မှုကြောင်းအရဖြစ်စေ၊ တရားမကြောင်းအရဖြစ်စေ၊ နှစ်ရပ်လုံးအရဖြစ်စေ တရားစွဲဆိုခွင့်ရှိသည်။သင့်အနေနှင့် အောက်ပါအခြေအနေများနှင့် ကိုက်ညီလျှင် မှတ်ပုံတင်ထားသည့် သင့်ရဲ့ကျော်ကြားသော အမှတ်တံဆိပ်နှင့် ထပ်တူ သို့မဟုတ် အလားတူသော အမှတ်တံဆိပ်ကို မတူညီသော ကုန်ပစ္စည်း သို့မဟုတ် ဝန်ဆောင်မှုများတွင် ယင်း၏ သဘောတူညီချက်မရှိဘဲ ကုန်သွယ်မှုပြုရာတွင် အသုံးပြုခြင်းကို ကာကွယ်တားဆီးခွင့်ရှိသည် -

 

(၁) မှတ်ပုံတင်ထားသည့်ကျော်ကြားသော အမှတ်တံဆိပ်ပိုင်ရှင်နှင့် အသုံးပြုထားသော ကုန်ပစ္စည်း သို့မဟုတ် ဝန်ဆောင်မှုများအကြား ဆက်နွှယ်မှုရှိသည်ဟု ညွှန်ပြသကဲ့သို့ ဖြစ်နေခြင်း၊

 

(၂) ယင်းအမှတ်တံဆိပ်မူပိုင်ရှင်၏ အကျိုးစီးပွားကို ထိခိုက်စေနိုင်ခြင်း။

 

(၃) ပြဋ္ဌာန်းချက်များနှင့်အညီ မှတ်ပုံတင်ထားသော အမှတ်တံဆိပ် မူပိုင်ခွင့်ဆိုင်ရာ အခွင့်အရေးများကို အခြားသူတစ်ဦးဦးသို့ လွှဲပြောင်းခြင်း သို့မဟုတ် ခွင့်ပြုချက်ဖြင့် လုပ်ကိုင်ခွင့်ပေးခြင်း ပြုနိုင်သည်။

 

အမှတ်တံဆိပ်ပိုင်ရှင်သည် ကုန်ပစ္စည်းများကို ဈေးကွက်သို့ တင်သွင်းပြီးနောက် ယင်းကုန်ပစ္စည်း၏ အခြေအနေ ပြောင်းလဲသွားလျှင် သို့မဟုတ် ပျက်စီးယိုယွင်းသွားလျှင် ယင်းကုန်ပစ္စည်းအား ဆက်လက်ရောင်းချခြင်းကို တည်ဆဲဥပဒေနှင့်အညီ တားမြစ်ပိတ်ပင်နိုင်သည်။

 

Wikipedia 

 

Myanmar Advertising Guide 

Read times
Rate this item
(0 votes)