-->
×

Warning

JUser: :_load: Unable to load user with ID: 29

ဆုရ႐ုပ္သံအစီအစဥ္မ်ားႏွင့္ ဝန္ေဆာင္မႈမ်ားေၾကာင့္ ၂၀၁၉ ခုႏွစ္တြင္ အရွိန္အဟုန္ျဖင့္ တိုးတက္လာျခင္း ျဖစ္သည္။PCCW မီဒီယာအုပ္စု၏ ထိပ္တန္း OTT ဗြီဒီယိုဝန္ေဆာင္မႈတစ္ခုျဖစ္သည့္ Viu သည္ ၎၏ OTT ဗြီဒီယိုက႑၌ အသုံးျပဳသူမ်ား အရွိန္အဟုန္ျဖင့္ တိုးတက္လာျခင္းႏွင့္ ဝင္ေငြတိုးျမင့္လာျခင္းတို႔ေၾကာင့္ ၂၀၁၉ ခုႏွစ္တြင္ ေအာင္ျမင္မႈ မွတ္တိုင္အသစ္မ်ား စိုက္ထူႏိုင္ခဲ့ၿပီသည္။

 

၂၀၁၉ ခုႏွစ္ ႏွစ္ကုန္ပိုင္း၌ Viu အား လစဥ္အသုံးျပဳသူ ၄၁.၄ သန္းအထိရွိလာၿပီး ၂၀၁၈ ခုႏွစ္ႏွင့္ ႏႈိင္းယွဥ္လွ်င္ ၃၅ ရာခိုင္ႏႈန္းအထိ တိုးျမင့္လာခဲ့ျခင္းျဖစ္သည္။

ထို႔အျပင္ ဗြီဒီယို ၾကည့္ရႈသူဦးေရမွာလည္း ၅.၇ ကုေဋအထိ ၆၉ ရာခိုင္ႏႈန္း တိုးျမင့္လာခဲ့သည္။ ထိုကဲ့သို႔ အသုံးျပဳသူဦးေရ တိုးျမင့္လာျခင္းႏွင့္ ၾကည့္ရႈသူ မ်ားျပားလာျခင္းတို႔ေၾကာင့္ ၂၀၁၉ ခုႏွစ္တြင္ ဝင္ေငြအားျဖင့္ ၃၂ ရာခိုင္ႏႈန္းအထိ ျမင့္တက္လာျခင္း ျဖစ္သည္။

 

Viu မွထုတ္လုပ္သည့္ လူၾကည့္အမ်ားဆုံးဇာတ္ကားမ်ား

 

Viu ၏ ၾကည့္ရႈသူ ၄၀ ရာခိုင္ႏႈန္းေက်ာ္သည္ Viu Original ဇာတ္ကားမ်ားကို ၾကည့္ရႈလ်က္ ရွိၾကၿပီး အဆိုပါဇာတ္ကားမ်ားသည္ ၂၀၁၉ ခုႏွစ္အတြင္း ထုတ္လႊင့္ျပသခဲ့ေသာ ဇာတ္ကားမ်ားအားလုံး၏ ထိပ္ဆုံး ၅ ေနရာ၌ ရပ္တည္လွ်က္ရွိသည္။ Viu သည္ Viu Original မ်ား ထုတ္လုပ္ရာ၌ အသုံးျပဳသူမ်ား၏ အခ်က္အလက္မ်ားႏွင့္ သုံးစြဲပုံ အေျခအေနမ်ားအေပၚ အေသးစိတ္ ေလ့လာၿပီး ဇာတ္ကားပုံစံအသစ္မ်ား၊ လူငယ္ဆန္သည့္ ဒရာမာဇာတ္ကားမ်ားႏွင့္ ကမာၻေက်ာ္ဇာတ္ကားမ်ားအား မွီျငမ္းထားသည့္ ျပည္တြင္းဇာတ္ကားမ်ား စသည့္ က႑သုံးခုတို႔အေပၚတြင္ အဓိကထား ဖန္တီးထုတ္လုပ္ခဲ့ျခင္းျဖစ္သည္။

 

Apple ရဲ႕ ေစ်းကြက္ ျမွင့္တင္ေရး ဗ်ဴဟာ ၇ ခ်က္

 

၂၀၁၉ ခုႏွစ္ ဒီဇင္ဘာလ၌ Viu သည္ အေရွ႕ေတာင္အာရွရွိ ထိပ္တန္း အြန္လိုင္း႐ုပ္သံဝန္ေဆာင္မႈ app မ်ားထဲတြင္ ဝင္ေငြအားျဖင့္လည္းေကာင္း၊ လစဥ္ၾကည့္ရႈသူအားျဖင့္လည္းေကာင္း၊ ဝင္ေရာက္ၾကည့္ရႈမႈ အခ်ိန္အတိုင္းအတာ အားျဖင့္လည္းေကာင္း နံပါတ္ ၂ ေနရာတြင္ ရပ္တည္လွ်က္ရွိသည္။

 

“ကြၽန္မတို႔က ကမာၻတစ္ဝွမ္းက ႐ုပ္ရွင္ဇာတ္ကားေတြကို ျပည္တြင္း ယဥ္ေက်းမႈနဲ႔ ဘာသာစကားေတြသုံးၿပီး ျပည္တြင္းဇာတ္ကားေကာင္းေတြ ဖန္တီးေပးခ်င္တာပါ။

 

၂၀၂၀ ခုႏွစ္မွာလည္း Viu က နာမည္ႀကီး လူႀကိဳက္မ်ားတဲ့ ကိုရီးယားဇာတ္လမ္းေတြနဲ႔ Viu Original ေတြကို အေရွ႕ေတာင္ အာရွနဲ႔ အေရွ႕အလယ္ပိုင္းက ပရိတ္သတ္ေတြဆီ ယူေဆာင္လာေပးဦးမွာပါ။

 

Advertising Agencies & Specialists (ေၾကာ္ျငာေအဂ်င္စီမ်ားႏွင့္ကၽြမ္းက်င္သူမ်ား (၄၃၈)ခုကိုရွာရန္ႏွိပ္ပါ)

 

အာရွရဲ႕ အရည္အခ်င္းရွိတဲ့ အႏုပညာရွင္ေတြနဲ႔ ဖန္တီးမႈေတြကို ႏိုင္ငံတကာက ပရိတ္သတ္ေတြ သိေအာင္ ျပသေပးသြားမွာပါ။

 

ဒီႏွစ္ထဲမွာ ေအာ္စကာဆုရရွိသြားတဲ့ Parasite ဇာတ္ကားဆိုရင္လည္း အင္ဒိုနီးရွား၊ မေလးရွား၊ ထိုင္း၊ စင္ကာပူနဲ႔ ဖိလစ္ပိုင္ႏိုင္ငံေတြက Viu မွာ ဒီလကစၿပီး ၾကည့္ရႈႏိုင္ၾကေတာ့မွာ ျဖစ္ပါတယ္။

 

ေနာက္ၿပီး Viu နဲ႔ လက္တြဲလုပ္ေဆာင္ခဲ့တဲ့ မိတ္ဖက္လုပ္ငန္းေတြအားလုံးကို လည္း ေက်းဇူးတင္ပါတယ္။

 

ဒီႏွစ္မွာ original ဇာတ္ကားေတြနဲ႔ အာရွတြင္းမွာရွိတဲ့ အရည္အခ်င္းရွိသူေတြကို ထုတ္ေဖာ္ျပသသြားမွာ ျဖစ္ပါတယ္။” ဟု PCCW Media အုပ္စု၏ မန္းေနးဂ်င္းဒါ႐ိုက္တာႏွင့္ Viu ၏ Chief Executive Officer ျဖစ္သူ Ms. Janice Lee မွ ေျပာၾကားခဲ့ပါသည္။

 

Viu App အား App Store ႏွင့္ Google Play တို႔တြင္ အခမဲ့ ေဒါင္းလုပ္ရယူႏိုင္ၿပီး www.viu.com တြင္လည္း တိုက္႐ိုက္ဝင္ေရာက္ ၾကည့္ရႈႏိုင္ပါသည္။

 

Momentum IMG (1).png

 

>>> Unicode <<<

 

ဆုရရုပ်သံအစီအစဉ်များနှင့် ဝန်ဆောင်မှုများကြောင့် ၂၀၁၉ ခုနှစ်တွင် အရှိန်အဟုန်ဖြင့် တိုးတက်လာခြင်း ဖြစ်သည်။PCCW မီဒီယာအုပ်စု၏ ထိပ်တန်း OTT ဗွီဒီယိုဝန်ဆောင်မှုတစ်ခုဖြစ်သည့် Viu သည် ၎င်း၏ OTT ဗွီဒီယိုကဏ္ဍ၌ အသုံးပြုသူများ အရှိန်အဟုန်ဖြင့် တိုးတက်လာခြင်းနှင့် ဝင်ငွေတိုးမြင့်လာခြင်းတို့ကြောင့် ၂၀၁၉ ခုနှစ်တွင် အောင်မြင်မှု မှတ်တိုင်အသစ်များ စိုက်ထူနိုင်ခဲ့ပြီသည်။

၂၀၁၉ ခုနှစ် နှစ်ကုန်ပိုင်း၌ Viu အား လစဉ်အသုံးပြုသူ ၄၁.၄ သန်းအထိရှိလာပြီး ၂၀၁၈ ခုနှစ်နှင့် နှိုင်းယှဉ်လျှင် ၃၅ ရာခိုင်နှုန်းအထိ တိုးမြင့်လာခဲ့ခြင်းဖြစ်သည်။

ထို့အပြင် ဗွီဒီယို ကြည့်ရှုသူဦးရေမှာလည်း ၅.၇ ကုဋေအထိ ၆၉ ရာခိုင်နှုန်း တိုးမြင့်လာခဲ့သည်။ ထိုကဲ့သို့ အသုံးပြုသူဦးရေ တိုးမြင့်လာခြင်းနှင့် ကြည့်ရှုသူ များပြားလာခြင်းတို့ကြောင့် ၂၀၁၉ ခုနှစ်တွင် ဝင်ငွေအားဖြင့် ၃၂ ရာခိုင်နှုန်းအထိ မြင့်တက်လာခြင်း ဖြစ်သည်။


Viu မှထုတ်လုပ်သည့် လူကြည့်အများဆုံးဇာတ်ကားများ

Viu ၏ ကြည့်ရှုသူ ၄၀ ရာခိုင်နှုန်းကျော်သည် Viu Original ဇာတ်ကားများကို ကြည့်ရှုလျက် ရှိကြပြီး အဆိုပါဇာတ်ကားများသည် ၂၀၁၉ ခုနှစ်အတွင်း ထုတ်လွှင့်ပြသခဲ့သော ဇာတ်ကားများအားလုံး၏ ထိပ်ဆုံး ၅ နေရာ၌ ရပ်တည်လျှက်ရှိသည်။ Viu သည် Viu Original များ ထုတ်လုပ်ရာ၌ အသုံးပြုသူများ၏ အချက်အလက်များနှင့် သုံးစွဲပုံ အခြေအနေများအပေါ် အသေးစိတ် လေ့လာပြီး ဇာတ်ကားပုံစံအသစ်များ၊ လူငယ်ဆန်သည့် ဒရာမာဇာတ်ကားများနှင့် ကမ္ဘာကျော်ဇာတ်ကားများအား မှီငြမ်းထားသည့် ပြည်တွင်းဇာတ်ကားများ စသည့် ကဏ္ဍသုံးခုတို့အပေါ်တွင် အဓိကထား ဖန်တီးထုတ်လုပ်ခဲ့ခြင်းဖြစ်သည်။

 

KFC နဲ႕ Crocs ပူးေပါင္းျပီး ၾကက္ေၾကာ္ပံုးပံု ဖိနပ္ထုတ္လုပ္

 

၂၀၁၉ ခုနှစ် ဒီဇင်ဘာလ၌ Viu သည် အရှေ့တောင်အာရှရှိ ထိပ်တန်း အွန်လိုင်းရုပ်သံဝန်ဆောင်မှု app များထဲတွင် ဝင်ငွေအားဖြင့်လည်းကောင်း၊ လစဉ်ကြည့်ရှုသူအားဖြင့်လည်းကောင်း၊ ဝင်ရောက်ကြည့်ရှုမှု အချိန်အတိုင်းအတာ အားဖြင့်လည်းကောင်း နံပါတ် ၂ နေရာတွင် ရပ်တည်လျှက်ရှိသည်။

“ကျွန်မတို့က ကမ္ဘာတစ်ဝှမ်းက ရုပ်ရှင်ဇာတ်ကားတွေကို ပြည်တွင်း ယဉ်ကျေးမှုနဲ့ ဘာသာစကားတွေသုံးပြီး ပြည်တွင်းဇာတ်ကားကောင်းတွေ ဖန်တီးပေးချင်တာပါ။

၂၀၂၀ ခုနှစ်မှာလည်း Viu က နာမည်ကြီး လူကြိုက်များတဲ့ ကိုရီးယားဇာတ်လမ်းတွေနဲ့ Viu Original တွေကို အရှေ့တောင် အာရှနဲ့ အရှေ့အလယ်ပိုင်းက ပရိတ်သတ်တွေဆီ ယူဆောင်လာပေးဦးမှာပါ။

အာရှရဲ့ အရည်အချင်းရှိတဲ့ အနုပညာရှင်တွေနဲ့ ဖန်တီးမှုတွေကို နိုင်ငံတကာက ပရိတ်သတ်တွေ သိအောင် ပြသပေးသွားမှာပါ။

ဒီနှစ်ထဲမှာ အော်စကာဆုရရှိသွားတဲ့ Parasite ဇာတ်ကားဆိုရင်လည်း အင်ဒိုနီးရှား၊ မလေးရှား၊ ထိုင်း၊ စင်ကာပူနဲ့ ဖိလစ်ပိုင်နိုင်ငံတွေက Viu မှာ ဒီလကစပြီး ကြည့်ရှုနိုင်ကြတော့မှာ ဖြစ်ပါတယ်။

နောက်ပြီး Viu နဲ့ လက်တွဲလုပ်ဆောင်ခဲ့တဲ့ မိတ်ဖက်လုပ်ငန်းတွေအားလုံးကို လည်း ကျေးဇူးတင်ပါတယ်။

ဒီနှစ်မှာ original ဇာတ်ကားတွေနဲ့ အာရှတွင်းမှာရှိတဲ့ အရည်အချင်းရှိသူတွေကို ထုတ်ဖော်ပြသသွားမှာ ဖြစ်ပါတယ်။” ဟု PCCW Media အုပ်စု၏ မန်းနေးဂျင်းဒါရိုက်တာနှင့် Viu ၏ Chief Executive Officer ဖြစ်သူ Ms. Janice Lee မှ ပြောကြားခဲ့ပါသည်။

Viu App အား App Store နှင့် Google Play တို့တွင် အခမဲ့ ဒေါင်းလုပ်ရယူနိုင်ပြီး www.viu.com တွင်လည်း တိုက်ရိုက်ဝင်ရောက် ကြည့်ရှုနိုင်ပါသည်။

 

Momentum IMG (1).png

 

Myanmar Advertising Directory 

 

Published in Local