-->
×

Warning

JUser: :_load: Unable to load user with ID: 29


Facebook သုံးစွဲသူ ၃ သန်းရဲ့ အချက်အလက်များ ပေါက်ကြားခဲ့တဲ့ Facebook

Facebook သုံးစွဲသူ ၃ သန်းရဲ့ အချက်အလက်များ ပေါက်ကြားခဲ့တဲ့ Facebook google.com

လူအများ ၀င်ရောက်ကြည့်ရှု နိုင်တဲ့ Portal ပေါ်မှာ facebook သုံးစွဲသူ ၃ သန်းရဲ့ အချက်အလက်တွေကို သုံးစွဲသူ အမည်၊

စကားဝှက် တစ်ခုနဲ့

ပိတ်ထားပါတယ်။

နောက်ပိုင်းမှာ ကျောင်းသားတွေဟာ login credential တွေကို အွန်လိုင်းပေါ် တင်ခဲ့ပြီး ပေါက်ကြား ထွက်ပေါ်လာတဲ့ အချက်အလက်တွေထဲမှာ

ပါဝင်သူတွေကို ရှာဖွေတဲ့ အခါမှာ သုံးစွဲသူအမည်နဲ့ စကားဝှက်ကို တွေ့ရှိရတယ်လို့ New Scientist က ဆိုပါတယ်။

ခုပေါက်ကြားမှု ဟာ ကိန်းဘရစ်ခ်ျ တက္ကသိုလ် နဲ့ ပူးပေါင်းထားတဲ့ Facebook နဲ့ သုတေသီ တို့ကို ကပ်ဆိုး

ဆိုက်စေခဲ့တဲ့ အရှုပ်တော်ပုံရဲ့ နောက်ဆက်တွဲ ဖြစ်ပါတယ်။

နိုင်ငံရေး အကြံပေး Cambridge Analytica ဟာ Facebook သုံးစွဲသူ ၈၇ သန်းရဲ့ အချက်အလက်တွေကို

မလျော် မကန်ရယူခဲ့တယ်လို့လဲ ဆိုပါတယ်။

အလက်ဆန်းဒါး ကို ဂန်က ကိုယ်ရည်ကိုယ်သွေး အမေးအဖြေက တစ်ဆင့် စုဆောင်းထားတဲ့ သတင်း အချက်အလက် တွေကို မျှဝေခဲ့ပါတယ်။

ဒီလို သတင်းအချက်အလက် ပေါက်ကြားမှု မှာ myPersonality လို့ အမည်ရတဲ့ Personality app က တစ်ဆင့်

သုံးစွဲသူတွေရဲ့ ခွင့်ပြုချက်နဲ့ သတင်းအချက်အလက် ကို သုတေသီ အဖွဲ့တွေက စုစည်ခဲ့ ပြီး Web ပေါ်တင်ခဲ့တယ်လို့ New Scientist က ဆိုခဲ့ပါတယ်။

Facebook အနေနဲ့ ဧပြီလ ၇ရက်နေ့မှာ mypersonality app ကိုဖယ်ရှားခဲ့ကြပါတယ်။ အဲ့ဒါကို Facebook က သတိထား မိပြီး Facebook သုံးစွဲသူ အချက်အလက်

မတရား အသုံးပြုတာ ၊ အလွဲသုံးစားပြုလုပ်တာတွေနဲ့ ပတ်သတ်ပြီး ပရိုဂရမ်မှာ သတိပေးချက် ထုတ်ပြန် ခဲ့ပါတယ်။

အချက်အလက်တွေကို ထိန်းချုပ်ထားတဲ့ သုတေသီတွေဟာ ကိန်းဘရစ်ခ်ျ တက္ကသိုလ်ရဲ့ Psychometrics စင်တာမှာ အခြေစိုင်ထားတယ်လို့ New Scientist ကဖေါ်ပြခဲ့ပါတယ်။

Read-ဒေတာ အရှုပ်အရှင်းတွေ ရှိခဲ့ပေမယ့်လည်း အကျိုးအမြတ်ပိုရသွားတဲ့ Facebook

Source; International News

Read times
Rate this item
(0 votes)