-->
×

Warning

JUser: :_load: Unable to load user with ID: 29


ပြန်ကြားရေး ဝန်ကြီးဌာနမှ ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်းဆိုင်ရာ နည်းဥပဒေ

ပြန်ကြားရေး ဝန်ကြီးဌာနမှ ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်းဆိုင်ရာ နည်းဥပဒေကို ထုတ်ပြန်ထားပါသည်။

 

အဆိုပါ ဉပဒေတွင် ပြဌာန်းထားသော ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်း ဝန်ဆောင်မှုလုပ်ငန်းလိုင်စင် စိစစ်ခများမှာ 

ယာယီလိုင်စင် ကျပ် ၂ သိန်း

ရေဒီယို အသံ ထုတ်လွှင့်ခြင်းလုပ်ငန်းလိုင်စင် ကျပ် ၅ သိန်း

ရုပ်မြင်သံကြား ထုတ်လွှင့်ခြင်းလုပ်ငန်းလိုင်စင် ကျပ် ၁၅ သိန်း

ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်း အစီအစဉ် ဖြန့်ဖြူးရေး ဝန်ဆောင်မှု လုပ်ငန်းလိုင်စင် ကျပ် ၅၀ သိန်း ဖြစ်ပါသည်။

 

ထုတ်လွှင့်သည့် အစီအစဉ်များတွင် မိုးလေဝသနှင့် ဒေသဆိုင်ရာ သတင်းအချက်လအက်များပါဝင်သည့် သတင်း အစီအစဉ် မပါမဖြစ် ပါဝင်ရမည်ဖြစ်ပြီး ယင်းကို နေ့စဉ် အနည်းဆုံးသုံးကြိမ် ထုတ်လွှင့်ပေးရမည် ဖြစ်ရာ၌ အနည်းဆုံး တစ်ကြိမ်သည် ပရိသတ် အများဆုံး ကြည့်ရှုကြသည့် အချိန်တွင် ထုတ်လွှင့်ပေးရမည်ဖြစ်သည်။

 

အများပြည်သူအကျိုးအတွက် အသိပေး ထုတ်လွှင့်ခြင်းများကို ရုပ်မြင်သံကြားနှင့် အသံလွှင့်ကောင်စီမှ ချမှတ်သည့် အချိုးအစားအတိုင်း ထည့်သွင်း ထုတ်လွှင့်ပေးရမည် ဖြစ်သည်။ ပြည်ပအဖွဲ့အစည်းနှင့် အကျိုးတူ လုပ်ကိုင်သည်ဆိုပါက မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်ထံမှ ခွင့်ပြုမိန့် ရရှိထားရန် လိုအပ်ပါသည်။

 

လုပ်ငန်းလိုင်စင် ရရှိထားသူသည် အင်တာနက်တွင် လွှင့်တင်သည်ဆိုပါက အင်တာနက်လိပ်စာကို စတင်သည့်နေ့မှ နှစ်ပတ်အတွင်း ရုပ်မြင်သံကြားနှင့် အသံလွှင့်ကောင်စီသို့ တင်ပြရမည်။

 

Read times
Rate this item
(0 votes)