-->
×

Warning

JUser: :_load: Unable to load user with ID: 29


live-streaming ဘုရင်မ influencer Viya ကို အခွန်ရှောင်သည့်အတွက် အမေရိကန်ဒေါ်လာ သန်း ၂၁၀ ပေးဆောင်ခိုင်း

live-streaming ဘုရင်မ influencer Viya ကို အခွန်ရှောင်သည့်အတွက် အမေရိကန်ဒေါ်လာ သန်း ၂၁၀ ပေးဆောင်ခိုင်း

တရုတ်နိုင်ငံမှ live-stream ဈေးရောင်းပေးသည့် influencer ဖြစ်သူ Huang Wei ကို Viya ဟု လူသိများသည်။ သူမကို အခွန်ရှောင်ခဲ့သည့်အတွက် အမေရိကန်ဒေါ်လာ သန်း ၂၁၀ ပေးဆောင်ခိုင်းသည်။ ဆိုရှယ်မီဒီယာ သုံးစွဲခွင့် ပိတ်ပင်ထားသည်။
Viya ကို တရုတ်ပြည်တွင် live-streaming ဈေးရောင်း ဘုရင်မဟု သတ်မှတ်ထားသည်။
ပေးဆောင်ဖို့ ရှောင်ခဲ့သည့် အခွန်များ၊ နောက်ကျဒဏ်ကြေးများ၊ ဒဏ်ငွေများ စုစုပေါင်း ယွမ် ၁. ၃၄ ဘီလျံ ပေးဆောက်ရန် အမိန့်ချမှတ်ထားသည်ဟု နိုင်ငံတော် အခွန်ဦးစီးဌာနက ၎င်း၏ ဝဘ်ဆိုက်တွင် ဖော်ပြထားသည်။

live-streamer တစ်ဦးအပေါ် ပေးဆောင်ခိုင်းသည့် အခွန်ပမာဏ အများဆုံးအဖြစ် စံချိန်တင်သည်ဟု နိုင်ငံပိုင် လူပြိန်းကြိုက် သတင်းမီဒီယာ Global Times တွင် သတင်းဖော်ပြထားသည်။

၂၀၁၉ နှင့် ၂၀၂၀ တို့တွင် Huang သည် အခွန်များ ယွမ် သန်း ၆၄၀ ကျော်ကို တိမ်းရှောင်ခဲ့သည်ဟု အခွန်အရာရှိက စွပ်စွဲပြောကြားသည်။ " live-streaming လွှင့်တဲ့ ပလက်ဖောင်းများထံမှ ရရှိခဲ့တဲ့ ကော်မရှင်ကြေးများကို မမှန်မကန် စာရင်းပြခဲ့သည်ဟု ၎င်းက ပြောသည်။

"တကယ်လို့ သူက သတ်မှတ်ထားတဲ့ အချိန်ကန့်သတ်ချက်အတွင်း အခွန်၊ နောက်ကျကြေးနဲ့ ဒဏ်ကြေးတွေ ပေးဆောင်နိုင်ရင် ပြစ်မှုကျူးလွန်မှုအနေဖြင့် စုံစမ်းစစ်ဆေးမှာ မဟုတ်ပါဘူး” ဟု အဆိုပါ အရာရှိက ဆက်လက် ပြောကြားသည်။
“တကယ်လို့ မပေးဆောက်ရင်တော့ အခွန်အာဏာပိုင်က ဥပဒေနဲ့အညီ ဆက်လက်ဆောင်ရွက်ဖို့ ရဲဌာနကို လွှဲပေးမယ်” ဟု ၎င်းက ပြောကြားသည်။

တရုတ်ပြည်မှ အဓိက ဆိုရှယ်မီဒီယာများတွင် follower များ သန်းချီအထိ Huang ရရှိထားသည်။ ထိုဆိုရှယ်မီဒီယာများတွင် Weibo ၊ အွန်လိုင်းဈေးရောင်း ပလက်ဖောင်း Taobao၊ TikTok တရုတ်ဗားရှင်း ဖြစ်သော Douyin တို့ ပါဝင်သည်။
ယခုအခါ ဆိုရှယ်မီဒီယာများမှ Huang ၏ account ကို ဖယ်ရှားထားသည်။
Douyin က သူမ၏ အကောင့်သည် ပလက်ဖောင်း သုံးစွဲသူ လိုက်နာရန် သဘောတူထားသည်ကို ချိုးဖောက်ထားသောကြောင့် အကောင့်ကို ပိတ်ပင် ban ထားကြောင်း ပြောကြားသည်။

Huang က သူမ အကြီးအကျယ် မှားခဲ့ကြောင်း ဝန်ခံသည်။ "အမှားက အမှားပါပဲ။ ကျွန်မ အမှားတွေအတွက် နောက်ဆက်တွဲအကုန်လုံး ကျွန်မ‌ ကျေကျေနပ်နပ်ဖြင့် ခံယူပါမယ်" ဟု ပြောသည်။

သူမ၏ ခင်ပွန်း Dong Haifeng ကလည်း သူ့ Weibo အကောင့်တွင် တောင်းပန်ထားသည်။

အွန်လိုင်းပေါ်သို့ Huang ပြန်လာခွင့် ရမည်ဆိုသည်ကို မသိနိုင်ပေ။

အသက် ၃၆ နှစ်ရှိသူ Huang သည် ပြီးခဲ့သည့် တစ်ဆယ်နှစ် ဝန်းကျင်တွင် တရုတ်ပြည်မှာ ရေပန်းအစားဆုံး influencer များထဲမှ တစ်ဦး ဖြစ်လာခဲ့ပါသည်။ ဈေးကူရောင်းပေးခဲ့သည်မှာ တန်ဖိုးအားဖြင့် ယွမ်ဘီလျံချီသည်။
Alibaba ပိုင်ဆိုင်သည့် Taobao မှ စီစဉ်သည့် လူအများ သက်သာချောင်ချိရေးအတွက် လှုပ်ရှားမှုများတွင် တစ်ဖက်တစ်လမ်းမှ ပါဝင်ခဲ့သည်။ ဆင်းရဲသောနေရာများမှ စိုက်ပျိုးရေးဆိုင်ရာ ထုတ်ကုန်များ ရောင်းချရာတွင် ပါဝင်ကူညီသည်။ သူမ၏ အားထုတ်မှုအတွက် အစိုးရမှ ချီးမြှင့်သည့် ဆုများလည်း ရရှိခဲ့ပါသည်။

 

 

 

Read times
Rate this item
(0 votes)