ရင်သားကြီးထွား အုန်းနို့ကြော်ငြာ ထပ်မံဒဏ်တပ်ခံရ
TO GET INSTANT UPDATE  
Join Telegram Channel  
တရုတ်အဖျော်ယမကာကုမ္ပဏီတစ်ခုက ၎င်းရဲ့ အုန်းနို့ သောက်သုံးခြင်းကြောင့် အမျိုးသမီးများရဲ့ ရင်သားကို ပိုကြီးထွားလာစေနိုင်ကြောင်း အကြံပြု ပြောဆိုတာကို ထပ်မံပြုလုပ်တဲ့အတွက် ပွဲဆူစေခဲ့ပါတယ်။ ယခင်တစ်ကြိမ်ကလည်း အလားတူ ပြောဆိုခဲ့လို့ ဒဏ်တပ်ခံရပြီး ယခုတစ်ကြိမ် ထပ်မံပြောဆိုလို့ ထပ်မံ ဒဏ်တပ်ခံရပါတယ်။
.

တရုတ်နိုင်ငံ ဟိုင်နန်ကျွန်းမှ တရုတ်နိုင်ငံမှာ အကျော်ကြားဆုံး အုန်းနို့အမှတ်တံဆိပ် Coconut Palm သည် ကိုယ်လုံးအလှပေါ်အောင် ခပ်ကျပ်ကျပ်ချုပ်ထားတဲ့ အဝတ်အစားများ ဝတ်ဆင်ကာ ကခုန်နေတဲ့ ကိုယ်လုံးအလှဖော် အမျိုးသမီးများဖြင့် ကြော်ငြာအတွက် ထပ်မံပွဲဆူသွားေစခဲ့ပါတယ်။
.
မကြာသေးမီနှစ်များအတွင်း ကုမ္ပဏီက ၎င်းရဲ့ အုန်းနို့ဖျော်ရည် များသည် ရင်သားကြီးထွားမှုကို မြှင့်တင်နိုင်သည်ဟု ကြော်ငြာခြင်းနှင့် ထုပ်ပိုးပစ္စည်းပေါ်မှာ ၎င်းအကြောင်းအရာကို ဖော်ပြထားခြင်းအတွက် ဒဏ်ငွေချမှတ်ခံရဖူးပါတယ်။ ယခု ဒုတိယအကြိမ် ဒဏ်တပ်ခံရတာ ဖြစ်ပါတယ်။
.

Coconut Palm က တရုတ်နိုင်ငံ စားသောက်ကုန်ကဏ္ဍမှာ လူသိများတဲ့ အုန်းနို့ brand တစ်ခု ဖြစ်ပါတယ်။ တရုတ်ပြည်တောင်ပိုင်း ဟိုင်နန်ကျွန်းမှာ အခြေစိုက်ထားပါတယ်။
တရုတ်ပြည်တွင်း ဗီဒီယို ပလက်ဖောင်း Douyin မှာ ပစ္စည်းအရောင်းမြှင့်တင်ရေးအတွက် အမျိုးသမီးများဖြင့် ကြော်ငြာဗီဒီယို စီးရီးကို တိုက်ရိုက်ထုတ်လွှင့် live stream တင်ဆက်ခဲ့ပါတယ်။
အမျိုးသမီးများက ရင်သားကြီးကြောင်း သိသာစေတဲ့အင်္ကျီအကျပ်၊ စကပ်အတို ဝတ်ဆင်ပြီး ကင်မရာ ရှေ့မှာ အုန်းနို့ဘူး လက်ထဲကိုင်ပြီး ကပြကြပါတယ်။ အုန်းနို့နှင့် ရင်သားကြီးခြင်းကို တွဲစပ်ပြီး ထင်ဟပ်ပြသတာ ဖြစ်ပါတယ်။
"သေးရာမှ ကြီးလာတဲ့အထိ ကျွန်မ သောက်တယ်"
"နေ့တိုင်း အုန်းနို့များများသောက်ပေးရင် ရင်သားတေွ ပိုပြည့်လာမယ်"
"တစ်နေ့ တစ်ဘူး မှန်မှန်သောက်လိုက်ရင် လူတွေ စိတ်လှုပ်ရှားစေမယ့် ကောက်ကြောင်းတွေ ရှိလာလိမ့်မယ်"
အစရှိတဲ့ စာသားများဖြင့်၂၀၁၉ ခုနှစ်မှာ ကုမ္ပဏီက Coconut Palm အမှတ်တံဆိပ် အုန်းနို့ဘူးတွေကို ကြော်ငြာပါတယ်။

ကုမ္ပဏီရဲ့ အုန်းနို့သောက်ခြင်းကြောင့် ရင်သားကြီးထွားစေတယ်လို့ ပြောဆိုကြော်ငြာတာကို လူမှုကွန်ရက်မှာ ပြင်းပြင်းထန်ထန် ပြစ်တင်ရှုံ့ချခံခဲ့ရတာကြောင့် အုန်းနို့ဖျော်ရည်က ရင်သားေတွကို ကြီးထွားစေခြင်း မရှိကြောင်း ဝန်ခံခဲ့ရပါတယ်။ Douyin ပေါ်မှ ဗီယိုများကိုလည်း ရုပ်သိမ်းခဲ့ပါတယ်။
Source SCMP
TO GET INSTANT UPDATE  
Join Telegram Channel  
					
		  	


 