-->


ဥပဒေပြဋ္ဌာန်းချက်နှင့် မညီညွှတ်သဖြင့် Toblerone ချောကလက် လိုဂို ပြောင်းရမည်

ဥပဒေပြဋ္ဌာန်းချက်နှင့် မညီညွှတ်သဖြင့် Toblerone ချောကလက် လိုဂို ပြောင်းရမည်

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

Toblerone ဘားများသည် ဆွစ်ဇာလန်ဥပဒေများအရ ချောကလက်ကို "ဆွစ်ဇာလန်နိုင်ငံ" ၏ ချောကလက်ဟု မသတ်မှတ်နိုင်တော့သဖြင့်ထုပ်ပိုးပစ္စည်းပေါ်တွင် ဖော်ပြသည့် Matterhorn တောင်ထိပ်၏ အထင်ကရပုံရိပ်ကို စွန့်လွှတ်ရတော့မည်ဖြစ်သည်။

 

အမှတ်တံဆိပ်အတွက် မြေလှန်ပြောင်းလဲမှု ပေါ်ပေါက်လာရသည်မှာ Toblerone ၏ ပိုင်ရှင် အမေရိကန်နိုင်ငံမှ  Mondelez သည် Toblerone ချောကလက်ဘားများ သမိုင်းကြောင်း တစ်လျှောက်တွင် ပထမဆုံးအကြိမ်အဖြစ် ဆွစ်ဇာလန်နိုင်ငံ အပြင်ဘက်တွင် ထုတ်လုပ်မှု လုပ်ဆောင်ရန် ဆုံးဖြတ်လိုက်ခြင်းကြောင့် ဖြစ်သည်။

 

Mondelez သည် ၎င်း၏ ထုတ်ကုန်များအတွက် ကမ္ဘာတစ်ဝှမ်း ၀ယ်လိုအား ကြီးထွားလာမှုကို တုံ့ပြန်သည့်အနေဖြင့် စလိုဗက်ကီးယားနိုင်ငံတွင် Toblerone အတွက် ထုတ်လုပ်မှု စက်ရုံအသစ် ဖွင့်လှစ်ရန် စီစဉ်ထားကြောင်း ပြီးခဲ့သည့်နှစ်က ကြေညာခဲ့သည်။

ထိုသို့ ထုတ်လုပ်သည့်အတွက် အမှတ်တံဆိပ်၏ လိုဂိုကို အကြီးအကျယ် ထိခိုက်သွားစေခဲ့ပါသည်။

 

ဆွစ်ဇာလန်နိုင်ငံ ဥပဒေအရ ဆွစ်ဇာလန်နိုင်ငံတွင်ထုတ်လုပ်ထားသော နို့အခြေခံထုတ်ကုန်များသာလျှင် တိုင်းပြည်၏ သင်္ကေတများကို စျေးကွက်တွင် အသုံးပြုခွင့် ရှိပါသည်။

 

Toblerone သည် ၁၉၀၈ ခုနှစ်တွင် ဆွစ်ဇာလန်နိုင်ငံ မြို့တော် Bern တွင် ပထမဆုံးတည်ထောင်ခဲ့ပြီး ထိုအချိန်မှစ၍ ဂုဏ်ယူစရာ ဆွစ်ဇာလန် ထုတ်ကုန် ဖြစ်လာခဲ့သည်။

ယခု ဆွစ်ဇာလန်နိုင်ငံ ပြင်ပတွင် ထုတ်လုပ်တော့မည် ဖြစ်သဖြင့် တိုင်းပြည်၏ သင်္ကေတတစ်ခုဖြစ်သော Matterhorn တောင်ထိပ်ပုံကို သုံးခွင့် မရနိုင်တော့ပေ။ ထုပ်ပိုးပစ္စည်းပေါ်မှာ ဖော်ပြခွင့် မရှိတော့ချေ။

 

၎င်းလိုဂို၏ ထူးခြားချက်မှာ တောင်ထိပ်ပုံထဲတွင် ပါနေသည့် Bern ၏ သင်္ကေတ ဝက်ဝံတစ်ကောင်သည်လည်း လိုဂိုနှင့်အတူ ပျောက်ကွယ် သွားတော့မည် ဖြစ်သည်။

 

photo_2023-03-08_19-05-47.jpg

 

အယ်မွန်စေ့၊ ပျားရည် စသည်တို့ဖြင့် ပြုလုပ်ထားသည့် ချောကလက်အတုံး ပုံသဏ္ဍာန်သည် တြိဂံပုံ ဖြစ်သဖြင့် မြင်မြင်ချင်းမှာပင် Toblerone ချောကလက်ဟု မှတ်မိစေပါသည်။ Alpine တောင်ထွပ်အချွန်များကို သတိရစေသည်။ ၎င်း၏ထုပ်ပိုးမှုတွင် အသုံးပြုသော ဖောင့်နှင့် လိုဂို၊ ချောကလက်သားပေါ်မှ စာတို့သည်လည်း Toblerone ချောကလက်ဟု မှတ်မိစေပါသည်။

၎င်းအခြင်းအရာ အားလုံးတို့သည် ချောကလက်ကို ယခုအခါ စလိုဗက်ကီးယားတွင် တစ်စိတ်တစ်ပိုင်း ထုတ်လုပ်တော့မည် ဖြစ်သောကြောင့် ဆုံးရှုံးသွားဖွယ် ရှိသည်။

ဆွဇ်ဇာလန်မှ  ၄,၄၇၈ မီတာမြင့်သော တောင်ထွတ်၏ ပုံရိပ်ကို ယခုအခါ မည်သည့် တောင်ထိပ်ကိုမှ သတ်သတ်မှတ်မှတ် မပြုထားသော ယေဘုယျ တောင်ထွပ်ပုံဖြင့် အစားထိုးမည်ဖြစ်ကြောင်း Mondelez မှ ပြောကြားခဲ့ပါသည်။

အက္ခရာပုံစံ ဖောင့်ကိုလည်း ပြောင်းလဲသုံးစွဲမည်။ စာသား “of Switzerland” ကို “established in Switzerland” ဟု ပြောင်းလဲမည်။ 

ထုပ်ပိုးပစ္စည်းပေါ်တွင်  Toblerone တည်ထောင်သူ Theodor Tobler ၏ လက်မှတ် ဖော်ပြပေးခြင်းဖြင့်  Toblerone ချောကလက်ဘားများ၏ မူလအစကို ဂါရဝပြုမည် ဖြစ်သည်။

Source euronews

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

 

Read times
Rate this item
(0 votes)