လက်သုံးစကား ငြိစွန်းသဖြင့် အမေရိကန်ဘီယာများ ဘယ်လ်ဂျီယံ ဖျက်ဆီး
TO GET INSTANT UPDATE  
Join Telegram Channel 
https://t.me/Guid4U
ဘယ်လ်ဂျီယံသည် အမေရိကန်မှ တင်သွင်းသော ဘီယာများတွင် ဘီယာကုမ္ပဏီ၏ လက်သုံးစကား "ဘီယာများရဲ့ ရှန်ပိန်" “The Champagne of Beers” ဖော်ပြထားသဖြင့် ဘီယာဘူး ၂,၃၅၂ ဘူးကို ဘယ်လ်ဂျီယံ အကောက်ခွန်က ဖျက်ဆီးလိုက်သည်။
၎င်းဘီယာဘူးများမှာ အမေရိကန် ဘီယာချက် လုပ်ငန်း Miller High Life ၏ ဘီယာဘူးများ ဖြစ်ပါသည်။
ရှန်ပိန်အဖြစ် ဖော်ပြခြင်းသည် မဆီလျော်ဟု အဆုံးအဖြတ်ပြုပြီး ဘီယာဘူးများကို ဖျက်ဆီးခြင်း ဖြစ်သည်။
ရှန်ပိန်အဖြစ် ဖော်ပြခြင်းသည် ပြင်သစ်နိုင်ငံ Champagne တွင် မိရိုးဖလာ နည်းလမ်းဖြင့် ပြုလုပ်ထားသည့် အမြှုပ်ဗလုံစီထသော ဝိုင်ပုလင်းများတွင်သာ အသုံးပြုသင့်သည်ဟု ရှန်ပိန်လုပ်ငန်းကဏ္ဍမှ ကုန်သွယ်မှုအသင်းအဖွဲ့တစ်ခုဖြစ်သည့် Comité Champagne မှ တိုင်ကြားခဲ့ပြီးနောက် ယခုကဲ့သို့ အရေးယူဆောင်ရွကမခဲ့ခြင်း ဖြစ်သည်။
အစဉ်အလာအရ ပြင်သစ်ရှန်ပိန်ဝိုင်စစ်စစ် ဖြစ်စေဖို့ Chardonnay၊ Pinot Noir နှင့် Pinot Meunier စပျစ်သီးများကိုသာ အသုံးပြုရသည်။
သို့ဖြစ်ရာ ရှန်ပိန်လုပ်ငန်းကဏ္ဍအတွက် ကုန်သွယ်မှုအသင်းတစ်ခုဖြစ်သည့် Comité Champagne မှ အမေရိကန်ဘီယာများကို ဖျက်ဆီးပစ်ရန် တောင်းဆိုခဲ့သည်။
“The Champagne of Beers” ဟု ဖော်ပြထားခြင်းသည် “Champagne” ကို ရိုးရာမပျက်အောင် ကာကွယ်ထားသော သတ်မှတ်ချက်ကို ချိုးဖောက်ထားသည်ဟု ၎င်းကော်မတီက တင်ပြခဲ့သည်။

.
Miller High Life ကို Milwaukee အခြေစိုက် ကုမ္ပဏီတစ်ခုမှ ၁၉၀၄ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သည်။
စစချင်းတွင် “The Champagne of Bottle Beer” ဟု ဖော်ပြခဲ့သည်။ သုံးနှစ်ကြာပြီးချိန် ၁၉၆၉ ခုနှစ်တွင် “The Champagne of Beers” ဟု ပြောင်းလဲလိုက်သည်။

ဘီယာများကို ဂျာမနီနိုင်ငံသို့ တင်ပို့ခဲ့ခြင်းဖြစ်သော်လည်း လမ်းခရီးတွင် ဘယ်လ်ဂျီယံနိုင်ငံ Antwer ဆိပ်ကမ်းတွင် ဖေဖော်ဝါရီလမှာ ကြားဖြတ်သိမ်းဆည်းခြင်း ခံရသည်။
ဧပြီလ ၁၇ ရက်နေ့တွင် သံဘူးများ ဖျက်ဆီးခံခဲ့ရသည်။
Source CNN
TO GET INSTANT UPDATE  
Join Telegram Channel 
https://t.me/Guid4U
					
		  	


 