-->


မျဉ်းပြတ် ၉ ခု မြေပုံကြောင့် Barbie ရုပ်ရှင် ဗီယက်နမ်မှာ ပိတ်ပင်ခံရ

မျဉ်းပြတ် ၉ ခု မြေပုံကြောင့် Barbie ရုပ်ရှင် ဗီယက်နမ်မှာ ပိတ်ပင်ခံရ

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

Barbie ဇာတ်ကားသည် တောင်တရုတ်ပင်လယ်ရှိ အငြင်းပွားရေပိုင်နက်အတွက် တရုတ်နိုင်ငံ၏ တောင်းဆိုမှုကို သရုပ်ဖော်ထားသည့် မျဉ်းပြတ် ၉ ခု မြေပုံဖြင့် သရုပ်ဆောင်ထားသည့် ဇာတ်ဝင်ခန်း

တစ်ခုကြောင့် ဗီယက်နမ်ရှိ ငွေရောင်ပိတ်ကားများသို့ မရောက်နိုင်တော့ပေ။

.

Margot Robbie နှင့် Ryan Gosling တို့ပါဝင်သရုပ်ဆောင်ထားသည့် The Warner Bros. မှ ထုတ်လုပ်သည့် ဇာတ်ကားသည် ဗီယက်နမ်တွင် အမေရိကန်နှင့် တစ်ရက်တည်း အတူတူ စတင်ပြသရန် စီစဉ်ထားရာ၌ ဇူလိုင် ၂၁ ရက်တွင် ရုံတင်ပြသမည် ဖြစ်သည်။

.

ဗီယက်နမ် သတင်းဝက်ဘ်ဆိုက် VnExpress ၏ သတင်းအရ Barbie ဇာတ်ကား ဗီယက်နမ်တွင် ပြသခွင့် မပြုကြောင်း တနင်္လာနေ့ (ဇူလိုင် ၃ ရက်) တွင် Vi Kien Thanh က ကြေညာချက် ထုတ်ပြန်သည်။

Vi Kien Thanh သည် ယဉ်ကျေးမှု၊ အားကစားနှင့် ခရီးသွားလာရေး ဝန်ကြီးဌာန၊ ဗီယက်နမ် ရုပ်ရှင်ရုံဌာန အကြီးအကဲဖြစ်သည်။ သူက အမျိုးသား ရုပ်ရှင် အကဲဖြတ်ကောင်စီ National Film Evaluation Council ၏ ဆုံးဖြတ်ချက်ကို ကြေညာပေးခြင်း ဖြစ်သည်။

 

photo_2023-07-04_17-42-10.jpg

 

 photo_2023-07-08_22-15-14.jpg

 

 

တောင်တရုတ်ပင်လယ်ကိုဖြတ်၍ ပစောက် ပုံသဏ္ဍာန် ဝိုးတဝါးနှင့် ပြတ်နေသောမျဉ်းများပါရှိသော မြေပုံများကို နိုင်ငံတကာခုံရုံးက ၂၀၁၆ ခုနှစ်တွင် တရားဝင်မြေပုံအဖြစ် အသုံးမပြုနိုင်ဟု ကြေညာခဲ့သည်။

တရုတ်အစိူရက ၎င်းကြေညာချက်ကို အသိအမှတ် မပြုပါ။

၎င်းပင်လယ်ပြင် ဧရိယာသည် ရေပိုက်နက် အငြင်းပွားနေသော နေရာဖြစ်ပြီး ထိုင်ဝမ်၊ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှားနှင့် မလေးရှား  အစိုးရတို့က အငြင်းပွား ရေပိုင်နက်တွင် ရေပိုက်နက်များကို တောင်းဆိုထားကြသည်။

 

တရုတ်နိုင်ငံ၏ ကိုး မျဉ်းဖြတ် nine-dash line မြေပုံနှင့် ရုပ်ရှင်များ၏ သမိုင်းအကျဉ်းကို နောက်ခံဗဟုသုတအဖြစ် မျှဝေအပ်ပါသည်။

၁၉၄၇

ထိုစဉ်က က တရုတ်နိုင်ငံကို အုပ်ချုပ်ခဲ့သော ကူမင်တန်ပါတီက ဖန်တီးထားသော မြေပုံပေါ်တွင် ကိုး မျဉ်းဖြတ်ကို ပထမဆုံးအကြိမ် အသုံးပြုခဲ့ပါသည်။

 

ဇူလိုင်လ ၂၀၁၆ ခုနှစ် 

ထိုင်ဝမ်၊ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှားနှင့် မလေးရှား အစိုးရတို့က တောင်းဆိုထားသည့် တောင်တရုတ်ပင်လယ်၏ အစိတ်အပိုင်းများကို ပိုင်ဆိုင်ကြောင်း အရေးဆိုထားသည့်အတွက် တရုတ်အစိုးရသည် ကိုး မျဉ်းဖြတ်ဖြင့် တောင်တရုတ်ပင်လယ်တွင် ရေပိုင်နက် သတ်မှတ်ရန် အသုံးမပြုနိုင်ကြောင်း  Hague ရှိ အမြဲတမ်းအနုညာတတရားရုံးက စီရင်ဆုံးဖြတ်ခဲ့သည်။  တရုတ်ပြည်သူ့သမ္မတနိုင်ငံသည် အဆိုပါစီရင်ချက်ကို အသိအမှတ်ပြု လက်ခံရန် ငြင်းဆိုခဲ့သည်။

 

စက်တင်ဘာလ ၂၀၁၈ ခုနှစ်

အချစ်ဟာသဇာတ်ကား Crazy Rich Asians သည် ဇာတ်ဝင်ခန်းတစ်ခန်း ဖြတ်တောက်ပြီးနောက် ဗီယက်နမ်တွင် ပြသခဲ့သည်။ ၎င်းဇာတ်ဝင်ခန်းတွင် အဆိုပါမြေပုံ ဖော်ပြထားသည့် ဒီဇိုင်းနာအိတ်တစ်လုံး ပါနေသည်။

 

အောက်တိုဘာလ ၂၀၁၉ ခုနှစ်

DreamWorks Animation နှင့် တရုတ်အခြေစိုက် Pearl Studio မှ ဖန်တီးထားသော Abominable ကာတွန်းရုပ်ရှင်ကို ဗီယက်နမ်မှ ပိတ်ပင်သည်။ ကိုး မျဉ်းဖြတ် မြေပုံ ဖော်ပြထားသောကြောင့် တစ်ပတ်ကြာ ရုံတင်ပြသပြီးချိန်တွင် ပိတ်ပင်လိုက်သည်။

 

ဇွန်လ ၂၀၂၁ ခုနစ်

Netflix သည် ဩစတြေးလျသူလျှိုဒရာမာ Pine Gap ကို ၎င်း၏ ဗီယက်နမ် Netflix တွင် ပြသခွင့် ပိတ်ပင်ခံသည်။ ဗီယက်နမ် ပြန်ကြားရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန မှ Authority of Broadcasting and Electronic Information (ABEI) ၏ အမိန့်အရ ပြသခွင့် မရှိချေ။  ကိုးလမျဉ်းပြတ် မူကွဲ မြေပုံကို Pine Gap ဇာတ်လမ်းတွဲတွင် အသုံးပြုထားသဖြင့် ပိတ်ပင်ခံရသည်

၎င်းခုနှစ် နိုဝင်ဘာလတွင် ဖိလစ်ပိုင်နိုင်ငံမှာလည်း ပိတ်ပင်ခံရသည်။

 

မတ်လ ၂၀၂၂ 

Tom Holland သရုပ်ဆောင်ထားသည့် Uncharted သည် အငြင်းပွားဖွယ် ကိုး မျဉ်းဖြတ်  မြေပုံများပါဝင်သည့်အတွက် ဗီယက်နမ်တွင် တားမြစ်ခံရသည်။

 

Source quartz

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read times
Rate this item
(0 votes)