-->


Twitter အမည်သစ် X မူပိုင်ခွင့် ပြဿနာတက်လာနိုင်

Twitter  အမည်သစ် X မူပိုင်ခွင့် ပြဿနာတက်လာနိုင်

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

လူမှုကွန်ရက် ပလက်ဖောင်း  Twitter  ကို  Twitter  ပိုင်ရှင် အီလွန်မတ်စ်က X ဟု အမည်ပြောင်းလိုက်သည်။ X မူပိုင်ခွင့်အတွက် ပြဿနာများ ရှိနေသည်။ 

X  ကို ကုန်သွယ်မှု အမှတ်အသား trademar ကို ပိုင်ဆိုင်ထားသူများ  Meta, Microsoft တို့ အပါအဝင် ရာချီပြီး ရှိနေသည်။ 


ယခင်တင်ပြချက်

တွစ်တာကို အမည်အသစ် လိုဂိုအသစ် ပြောင်းလဲမည်

https://www.myanmaritdirectory.com/ict-news/social-media/item/4146-twitter.html


၂၀၂၃ ခုနှစ် ဇူလိုင်လ ၂၃ ရက်တွင် Twitter ဝဘ်စာမျက်နှာကို X လိုဂိုအသစ်ဖြင့် စတင်ပြောင်းလိုက်သည်ကို တွေ့ကြရသည်။ 

 

photo_2023-07-25_14-09-49.jpg

 

ဘီလျံနာ Elon Musk ၏ Twitter ကို  X  ဟု အမည်ပြောင်းလဲ သုံးစွဲလိုက်ခြင်းသည်။ တရားဥပဒေအရ  ပြဿနာ တက်လာနိုင်သည်။ အက္ခရာ  X  ကို Meta နှင့် Microsoft တို့အပါအဝင် ဉာဏပစ္စည်းမူပိုင်ခွင့်များ ရယူထားပြီးသူများ ရှိနေသည်။ 

 

photo_2023-07-25_14-09-45.jpg

 

 

photo_2023-07-25_14-09-40.jpg

 

X.Org Foundation လိုဂို

 

 

 

photo_2023-07-25_14-09-35.jpg

 

 Twitter အမည်ပြောင်း X  လိုဂို

လုပ်ငန်းကဏ္ဍ နယ်ပယ် မတူသည့်သူများအနေဖြင့် တရားစွဲဆိုနိုင်ကြမည် မဟုတ်သော်လည်း နယ်ပယ် တူနေပါက တရားစွဲဆိုနိုင်မည် ဖြစ်သည်။ 

ငွေကြေးအရ ပေးလျော်ရသည်မှအစ သုံးစွဲခွင့် မပြုဘဲ ပိတ်ပင်ခံရသည်အထိ ဖြစ်လာနိုင်သည်။ 

 

xboxseriesx.jpg

 

 

 

Microsoft  သည် ၎င်း၏ Xbox video-game system အတွက် X trademark ကို မူပိုင်ခွင့် ရယူထားသည်မှာ ၂၀၀၃ ခုနှစ်ကတည်းက ဖြစ်သည်။ 

 

 

Screenshot 2023-07-25 140557.jpg

 

Meta Platforms က ၂၀၁၉ ခုနှစ်တွင် အပြာနှင့် အဖြူ အက္ခရာ X ကို ဆော့ဖ်ဝဲလ်နှင့် လူမှုကွန်ရက်တို့အတွက် ကုန်သွယ်မှုအမှတ်တံဆိပ် မူပိုင်ခွင့် ရယူထားသည်။

Meta သည်လည်း မူပိုင်ခွင့် ပြဿနာ တက်ခဲ့သည်။ Meta အမည်အတွက် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း Metacapital နှင့် virtual-reality  ကုမ္ပဏီ MetaX တို့က တရားစွဲဆိုခဲ့ကြသည်။ အနန္တသင်္ကေတ လိုဂိုအတွက်လည်း တရားစွဲဆိုခံရပြီး လျော်ကြေးပေးပြီး ဖြေရှင်းခဲ့ရသည်။ 

 

အကယ်၍ အီလွန်မတ်စ်က  X ကို သုံးစွဲသည့်အတွက် ပြဿနာ အထွေအထူး မရှိပါက အခြားသူများကလည်း အလားတူ  X ကို သုံးစွဲနိုင်ကြမည် ဖြစ်သည်။  ထိုအခါ အီလွန်မတ်စ်၏ ကုမ္ပဏီက တရားစွဲဆိုရန် ခက်ခဲလိမ့်မည်။ 

 

Source Reuters

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read times
Rate this item
(0 votes)