-->


အမှတ်တံဆိပ် ထူထောင်သည့် မီးမှိတ်တုတ်မှိတ်တုတ် X ဆိုင်းဘုတ်ကြီးဖယ်ရှား

အမှတ်တံဆိပ် ထူထောင်သည့် မီးမှိတ်တုတ်မှိတ်တုတ် X ဆိုင်းဘုတ်ကြီးဖယ်ရှား

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

 

ယခင်က Twitter ဟု လူသိများသော လူမှုကွန်ရက် ပလက်ဖောင်း X ကုမ္ပဏီသည် ၎င်း၏ ဆန်ဖရန်စစ္စကိုရှိ ရုံးချုပ်ခေါင်မိုးပေါ်မှ ကြီးမားလှသော  X ကို မီးမှိတ်တုတ်မှိတ်တုတ်ပြကာ အမှတ်တံဆိပ် ထူထောင်သည့် မြင့်တင်မှုကို တနင်္လာနေ့(ဇူလိုင် ၃၁) တွင် ဖယ်ရှားခဲ့သည်။

 

အမည်သစ် အမှတ်တံဆိပ်အသစ်ဖြင့်  အမှတ်တံဆိပ် ထူထောင်ခဲ့ရာ၌ အဆင်မပြေမှု အမျိုးမျိုး ကြုံတွေ့ခဲ့ရသည်များတွင် တစ်ခု ထပ်တိုးသွားသည်။

 


ယခင်တင်ပြချက်

တွစ်တာ အမည်သစ် iOS နှင့် Android မပြောင်းပေး


 

အမှတ်တံဆိပ် X ကို  မြို့လယ်ရှိ ကုမ္ပဏီ၏ ရုံးချုပ်ခေါင်မိုးပေါ်တွင် ပြီးခဲ့သည့် သီတင်းပတ်က တပ်ဆင်ခဲ့သည်။ 

ပိုင်ရှင် Elon Musk က ၂၄ ခုမြောက် အင်္ဂလိပ်အက္ခရာ X ကို အစွဲအလမ်းကြီးသူ ဖြစ်သည့် အားလျော်စွာ Twitter ကို X ဟု အားချင်း ဆိုင်းမပါ ဗုံမဆင့် ညတွင်းချင်း ပြောင်းလဲခဲ့သည်။

 

photo_2023-08-01_16-44-09.jpg

 

 ခေါင်မိုးပေါ်မှ X အမှတ်တံဆိပ်ကြီး မှိတ်တုတ်မှိတ်တုတ်ပြုနေသည့်ထံမှ ထုတ်လွှတ်နေသည့် အလင်းက လင်းလိုက်မှိတ်လိုက်ဖြင့် စိတ်အနှောက်အယှက်ပေးနေသည်ဟု တိုင်တန်းကြသည်။ ခေါင်မိုးအစွန်တွင် တပ်ဆင်ထားသော ကြီးမားသည့် X ကြီးကို အခိုင်အမာ တပ်ဆင်ထားပုံ မရသဖြင့် အောက်ဘက်ရှိ ပလက်ဖောင်းနှင့် ကားလမ်းပေါ် ပြုတ်ကျလာမည့် အ‌န္တရာယ်ရှိနေသဖြင့်  စစ်ဆေးပေးပါရန် တောင်းဆိုမှုများလည်း ရှိနေသည်။

ဆန်ဖရန်စစ္စကိုရှိ အဆောက်အအုံစစ်ဆေးရေးနှင့် မြို့တော်စီမံရေးဌာနက ၎င်း X ကြီးနှင့်ပတ်သက်၍ တိုင်ကြားစာ ၂၄ စောင် လက်ခံရရှိခဲ့သည်ဟု ၎င်းဌာနမှ ဆက်သွယ်ရေးဒါရိုက်တာ Patrick Hannan က ပြောကြားသည်။

“ဒီနေ့မနက်မှာ အဆောက်အဦ စစ်ဆေးရေးမှူးတွေက  အမှတ်တံဆိပ်ကြီး ပြန်ဖြုတ်တာကို စောင့်ကြည့်ခဲ့ကြပါတယ်" ဟု Hannan က ပြောကြားသည်။

 

X သည် ရုံးချုပ် အဆောက်အဦကို ငှားရမ်းသုံးစွဲခြင်း ဖြစ်သဖြင့် ယခုကိစ္စအတွက် အဆောက်အဦ ပိုင်ရှင်ကိုသာ ဒဏ်ကြေး ချမှတ်မည် ဖြစ်သည်။ သို့ဖြစ်ရာ အဆောက်အဦ ပိုင်ရှင်သည် ဆိုင်းဘုတ်တပ်ဆင်ခြင်းနှင့် ဖယ်ရှားခြင်းအတွက် ပါမစ်ကုန်ကျစရိတ်အပြင် မြို့တော်အာဏာပိုင်တို့၏ စုံစမ်းစစ်ဆေးမှုကုန်ကျစရိတ်ကိုပါ ပေးဆောင်ရမည်ဖြစ်ကြောင်း Hannan မှ ပြောကြားသည်။

 

မြို့တော်ဝဘ်ဆိုက်တွင် တိုင်တန်းထားသည့် တိုင်ကြားချက်တစ်ခုကို ကွင်းဆင်းလေ့လာရန်အတွက် အဆောက်အအုံစစ်ဆေးရေးမှူးတစ်ဦးက သောကြာနေ့တွင် X ကုမ္ပဏီရုံးချုပ်သို့ ဦးစွာသွားရောက်ခဲ့သည်။ သို့သော်  ဆိုင်းဘုတ်ကို စစ်ဆေးရန် ခေါင်မိုးပေါ်ကို တက်ရောက်ခွင့် မရခဲ့ချေ။ ဆိုင်းဘုတ်ကို ယာယီ မီးထွန်းခြင်းသာဖြစ်သည်ဟု ရုံးချုပ်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ 

စနေနေ့တွင် စစ်ဆေးရန် ဒုတိယအကြိမ်မြောက် ကြိုးပမ်းခဲ့သည်။ ခွင့်ပြုရန် ငြင်းဆိုသဖြင့် စစ်ဆေးခြင်း မပြုနိုင်ခဲ့ချေ။

 

 မြို့‌ေတာ်အာဏာပိုင်တို့က ဆိုင်းဘုတ်အတွက် သင့်လျော်သော ပါမစ်များ လိုအပ်ကြောင်း ချိုးဖောက်မှု သတိပေးချက် X ထံသို့ ပေးပို့ခဲ့သည်။

တနင်္လာနေ့ကျမှ X ကြီးကို ဖယ်ရှားနိုင်ခဲ့ကြသည်။

Source Reuters 

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

Read times
Rate this item
(0 votes)