-->


ဗီယက်နမ် ကာတွန်းဗီဒီယို ၃,၀၀၀ ကျော် YouTube သုတ်သင်ရှင်းလင်း

ဗီယက်နမ် ကာတွန်းဗီဒီယို ၃,၀၀၀ ကျော် YouTube သုတ်သင်ရှင်းလင်း

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

YouTube သည် Wolfoo အမည်ရှိ ကာတွန်းဇာတ်ကောင် ပါဝင်သည့်  ဗီဒီယိုပေါင်း ၃,၀၀၀ ကျော်ကို သုတ်သင်ရှင်းလင်းလိုက်သည်။

 

Wolfoo ကာတွန်းဗီဒီယိုများကို ဗီယက်နမ်နိုင်ငံ အခြေစိုက် Sconnect စတူဒီယိုမှ ထုတ်လုပ်တင်ဆက်သည်။

မူပိုင်ခွင့် ချိုးဖောက်ကြောင်း တိုင်တန်းသဖြင့် YouTube က အဆိုပါ ဗီဒီယိုများကို သုတ်သင်ရှင်းလင်းလိုက်ခြင်း ဖြစ်သည်။

 

Sconnect က မူပိုင်ခွင့် စွပ်စွဲချက်များ မဟုတ်မမှန်ကြောင်း ငြင်းဆိုထားသည်။

 

အဆိုပါ ဗီဒီယိုများသည် ကြည့်ရှုကြိမ်ရေ ဘီလီယံချီ ရရှိထားသည်။ ယူကေ ကုမ္ပဏီ Entertainment One က Wolfoo သည် ၎င်းဖန်တီး ထုတ်လုပ်သည့် "Peppa Pig" ကို အခြေခံထားဟု အခိုင်အမာ ပြောဆိုသည်။ 

 

Entertainment One သည် ဧပြီလတွင် Wolfoo ကာတွန်းဗီဒီယိုများကို YouTube သို့ တိုင်တန်းခဲ့သည်။ Wolfoo ဗီဒီယိုများတွင် အသုံးပြုသည့် မြင်ကွင်းများသည် Peppa Pig မှ ကူးယူထားခြင်းဖြစ်သည်ဟု ဆိုသည်။

ဇူလိုင်လတွင်  Wolfoo ဗီဒီယိုများသည် Peppa မှ အသံနှင့် အသံအထူးပြုချက်အချို့ကို ကူးယူထားသည်ဟု Entertainment One က YouTube သို့ ထပ်မံတိုင်ကြားခဲ့သည်။

 

အဆိုပါ စွပ်စွဲချက် နှစ်ခုစလုံးတွင် Entertainment One နှင့် YouTube တို့သည် မူပိုင်ခွင့်စည်းမျဉ်းများကို ချိုးဖောက်ကြောင်း သက်သေပြသရန် ရှင်းလင်းပြတ်သားသော အထောက်အထားများ မပြနိုင်ခဲ့ကြောင်း Sconnect မှ ပြောကြားခဲ့သည်။

 

စွပ်စွဲထားသော မြင်ကွင်းများနှင့် အသံများသည် နေ့စဉ်ဘ၀တွင် ကြုံရနေကျဖြစ်ကြောင်း Sconnect မှ ပြောကြားခဲ့သည်။

 

တရားဥပဒေကြောင်းအရ ခိုင်လုံမှု မရှိသော်လည်း YouTube သည် ဇွန်လမှစ၍ Sconnect ၏ ဗီဒီယိုများကို သုတ်သင်ရှင်းလင်းနေခဲ့ရာ တစ်စထက်တစ်စ ပိုများလာသည်။

 

Sconnect ၏ ဗီဒီယိုများကို တင်ဆက်သည့် YouTube ချန်နယ်များထဲမှ Wolfoo Family သည် မေလကတည်းက ဖယ်ရှားထားသော ဗီဒီယိုများကြောင့် ကြည့်ရှုမှုကြိမ်ရေ ၂.၄ ဘီလီယံခန့် ဆုံးရှုံးသွားခဲ့သည်။

 

Sconnect သည် Entertainment One မှ မူပိုင်ခွင့်တောင်းဆိုမှုများကို ရပ်တန့်ရန် Google နှင့် YouTube ကို တောင်းဆို‌ေပးရန် ဗီယက်နမ်အာဏာပိုင်များကို အကူအညီ တောင်းထားသည်။

 

၂၀၁၄ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သော Sconnect တွင် Wolfoo နှင့်ပတ်သက်သည့် YouTube ချန်နယ် ၁၉ ခုရှိသည်။

 

"Wolfoo" သည် အင်္ဂလိပ်ဘာသာဖြင့် YouTube မူကြိုကလေးများအတွက် ကာတွန်းဝဘ်စီးရီးတစ်ခုဖြစ်သည်။

ဝံပုလွေလေးတစ်ကောင်၊ သူနှင့် အတူနေထိုင်ကြသည့် မိသားစုအကြောင်းကို တင်ပြသည်။

ဗြိတိန်မှ Entertainment One ၏  မူကြိုရုပ်မြင်သံကြားရှိုး "Peppa Pig" သည် ဝက်မကလေးနှင့် သူမ၏မိသားစုကို ပြသည်။ ပထမဆုံးရှိုးကို ၂၀၀၄ ခုနှစ်တွင် ပြသခဲ့သည်။

Entertainment One သည် ယမန်နှစ်က Sconnect ကို ဉာဏပစ္စည်း မူပိုင်ခွင့်ချိုးဖောက်မှုဖြင့် ရုရှားနှင့် ဗြိတိန်တရားရုံးများတွင် တရားစွဲခဲ့ကြောင်း၊ Wolfoo သည် Peppa Pig ဇာတ်ကောင်များ၏ "အစားထိုး ပြုပြင်ထားသော" ဗားရှင်းဖြစ်သည်ဟု စွပ်စွဲသည်။

 

အမှီအခိုကင်းသော ပြန်လည်သုံးသပ်မှုများ ပြုခဲ့ပြီးနောက် ဇူလိုင်လတွင် ရုရှားကျွမ်းကျင်သူများက တိုင်ကြားချက်ကို ပယ်ချခဲ့ပြီး မော်စကိုမြို့တရားရုံးသည် Entertainment One ၏ Sconnect ကို တရားစွဲဆိုခြင်းကို အမှုရုပ်သိမ်းစေခဲ့သည်။

Source vnexpress 

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read times
Rate this item
(0 votes)