-->


Starbucks အသီးအမည်ဖြင့် ဈေးကွက်တင်သည့် ဖျော်ရည်တွင် အသီးလုံးဝ မပါသဖြင့် တရားစွဲခံရ

Starbucks အသီးအမည်ဖြင့် ဈေးကွက်တင်သည့် ဖျော်ရည်တွင် အသီးလုံးဝ မပါသဖြင့် တရားစွဲခံရ

To Get Instant Update
https://t.me/Guid4U

JOIN THE CHANNEL 

Starbucks သည် ၎င်း၏ Refresher အသီးဖျော်ရည်များတွင် အဓိကပါဝင်ပစ္စည်းဖြစ်သော အသီး လုံးဝမပါသဖြင့်  တရားစွဲဆိုထားသည်ကို တရားတဘောင် ရင်ဆိုင်ရန် စက်တင်ဘာလ ၁၈ ရက်တွင် Starbucks ကို တရားသူကြီးက ဆင့်ခေါ်စာ ထုတ်ပြန်ခဲ့သည်။

 

အမေရိကန် မန်ဟက်တန်ရှိ ခရိုင်တရားသူကြီး John Cronan သည် Starbucks က လူအများ ကိုယ်စား တရားစွဲဆိုထားသည့် အမှု ၁၁ မှုအနက် ၉ ခုကို ပယ်ချပေးရန် လျှောက်လဲချက်ပေးထားသည်ကို ငြင်းပယ်လိုက်သည်။ 

စားသုံးသူတို့တွင် အများစုသည် အသီးအမည်ဖြင့် အမည်ပေးထားသော ဖျော်ရည်တို့တွင် ၎င်းအသီး ပါသည်ဟု မှတ်ယူကြသည်ဟု တရားသူကြီးက ပြောကြားသည်။

 

Starbucks သည် သရက် နဂါးမောက် အမည်ဖြင့် ဖျော်ရည် ရောင်းသည်။ သရက် နဂါးမောက် သံပုရာ အမည်ဖြင့်လည်း ဖျော်ရည် ရောင်းသည်။ ထို့ပြင် နာနတ် ပင်မှည့် သံပုရာ အမည်ဖြင့်လည်း ဖျော်ရည် ရောင်းသည်။ စတော်ဘယ်ရီ အဆာအီအုန်း အမည်ဖြင့်လည်း ဖျော်ရည်ရောင်းသည်။ စတော်ဘယ်ရီ အဆာအီအုန်း သံပုရာ အမည်ဖြင့်လည်း ဖျော်ရည် ရောင်းသည်။ အဆိုပါ အသီးအမည်ဖြင့် အမည်ပေးထားသော refresher ဖျော်ရည်များတွင် အဆိုပါ အသီးများ လုံးဝပါပါ။ ဓာတုနည်းလမ်းဖြင့် အသီး၏ အနံ့အရသာ ဖန်တီးထားသော ဖျော်ရည်များသာ ဖြစ်သည်။ 

သို့ဖြစ်ရာ ဖျော်ရည် အမည်က နားလည်မှု လွဲစေသည်။ အသီးပါသည်ဟု ထင်ယောင်ထင်မှားဖြင့် ဈေးကြီးပေးပြီး ဝယ်သောက်စေသည်။ စားသုံးသူ ကာကွယ်ရေး ဥပဒေနှင့် ငြိစွန်းသော လုပ်ရပ်ဖြစ်သည်ဟု အမှုဖွင့်ပြီး တရားစွဲဆိုထားကြသည်။

 

ဖျော်ရည် အမည်သည် ဖျော်ရည်ထဲ ပါဝင်သည့်ပစ္စည်းကို ရည်ညွှန်းသည်ဟုသာ လူအများက နားလည်ထားကြသည်။ ဥပမာအားဖြင့် Ice Matcha Tea Latte တွင် Matcha လက်ဖက်ခြောက်မှုန့် တကယ်ပါဝင်သည်။

Honey Citrus Mint Tea တွင် Honey ပျားရည်နှင့် Mint ပူဒီနာတို့ တကယ်ပါဝင်သည်ဟု တရားသူကြီး Cronan က ပြောကြားသည်။

 

၂၀၂၂ ဩဂုတ်လတွင် စတင် တရားစွဲဆိုခဲ့သည်။ နစ်နာကြေး အနည်းဆုံး ကန်ဒေါ်လာ ၅ သန်း တောင်းဆိုထားသည်။

 

Source Reuters 

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

Read times
Rate this item
(0 votes)