-->


X Social Media က လူမှုကွန်ရက်ကုမ္ပဏီ X ကို တရားစွဲ

X Social Media က လူမှုကွန်ရက်ကုမ္ပဏီ X ကို တရားစွဲ

To Get Instant Update
https://t.me/Guid4U

JOIN THE CHANNEL 

X Social Media  ကြော်ငြာအေဂျင်စီက ယခင်က Twitter ဟုခေါ်သော X ကုမ္ပဏီသည် ဈေးကွက်ထဲ အထင်အမြင် လွဲမှားရှုပ်ထွေးမှုများ ဖြစ်ပေါ်စေခြင်းနှင့် ဝင်ငွေဆုံးရှုံးခြင်းတို့အတွက်  X ကုမ္ပဏီကို တရားစွဲဆိုသည်။

ကြော်ငြာအေဂျင်စီ X Social Media က ပြည်ထောင်စု တရားရုံးတွင် အီလွန်မတ်စ်၏ X Corp. ကို Twitter အမည်ကို X ဟု ပြောင်းလဲသည့်အတွက် တရားစွဲဆိုထားသည်။

ဖလော်ရီဒါမှ ကြော်ငြာအေဂျင်စီ X Social Media က X Corp. အပေါ် တရားမျှတမှုမရှိသော ယှဉ်ပြိုင်မှုနှင့် ကုန်အမှတ်တံဆိပ်နှင့် ဝန်ဆောင်မှုအမှတ်အသားများ မူပိုင်ခွင့်များကို ချိုးဖောက်ခြင်းတို့ဖြင့် စွဲချက်တင်သည်။

လှည့်စားခြင်းနှင့် တရားမျှတမှုမရှိသော ကုန်သွယ်မှုဆိုင်ရာ ကျင့်ထုံးအက်ဥပဒေ Deceptive and Unfair Trade Practices Act အရလည်း တရားစွဲသည်။

 

X Social Media သည် ၂၀၁၆ ခုနှစ်ကတည်းက  မှတ်ပုံတင်ထားပြီးဖြစ်သော ကုန်သွယ်မှု အမှတ်အသား trademark “X SOCIALMEDIA” ကို စဉ်ဆက်မပြတ် သုံးစွဲခဲ့သည်။ ယခုအခါ X Corp. က ‘X' အမှတ်အသား သုံးစွဲပြီးနောက် X Social Media သည် ဝင်ငွေကျဆင်းခဲ့သည်ဟု ဆိုသည်။

Source the verge


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

Read times
Rate this item
(0 votes)