-->


အင်ဒိုနီးရှားတွင် TikTok မှာ ဈေးရောင်းဈေးဝယ် မလုပ်ရသည့်အပေါ် တုံ့ပြန်ပြောဆိုမှုများ

အင်ဒိုနီးရှားတွင် TikTok မှာ ဈေးရောင်းဈေးဝယ် မလုပ်ရသည့်အပေါ် တုံ့ပြန်ပြောဆိုမှုများ

To Get Instant Update
https://t.me/Guid4U

JOIN THE CHANNEL 

 

အင်ဒိုနီးရှားတွင် TikTok မှာ ဈေးရောင်းဈေးဝယ် မလုပ်ရဟု အစိုးရက ပိတ်ပင်ထားလိုက်သည်။

 

အင်ဒိုနီးရှားသည် ဆိုရှယ်မီဒီယာကုမ္ပဏီများကို ဆိုရှယ်မီဒီယာနှင့် e-commerce  တစ်ပြိုင်နက် လုပ်ကိုင်ခြင်းမပြုရန် တားမြစ်ထားသော စည်းမျဉ်းများကို အကောင်အထည်ဖော်သည့် ပထမဆုံး အရှေ့တောင်အာရှနိုင်ငံဖြစ်လာသည်။

လွန်ခဲ့သော နှစ်လအတွင်း စက်ရုံအလုပ်သမား Subairi သည် နေ့စဉ်သုံးပစ္စည်းများကို ဝယ်ယူရန်အတွက် TikTok Shop ကို အားကိုးသည်။

ကလေး အဟာရ ဖော်မြူလာမှသည် ဟင်းချက်ဆီအထိ သူသည် လခထုတ်ရက်တွင် တလစာ ဝယ်ယူထားလေ့ရှိသည်။

 

 အင်ဒိုနီးရှားအစိုးရသည် ဆိုရှယ်မီဒီယာပလက်ဖောင်းများပေါ်တွင် ကုန်ပစ္စည်းများ တိုက်ရိုက်ရောင်းချခြင်းကို တားမြစ်သည့် အမိန့်ထုတ်ပြန်လိုက်သောအခါ Mr Subairi အဖို့ ဈေးသက်သက်သာသာဖြင့် ဝယ်ယူနိုင်သည့် နေရာ တနေရာ ဆုံးရှုံးသွားသည်။ သူ့နည်းတူ အခြားသူ အများအပြားတို့သည်လည်း ဝယ်နေကျ ဈေးသက်သာသည့်နေရာတခု ဆုံးရှုံးသွားသည်။

 

"တခြား e-commerce ပလပ်ဖောင်းတွေမှာ ဝန်ဆောင်မှုကြေး ရူပီယာ ၁၀,၀၀၀ နီးပါး (US$0.64) ပေးရတယ်။ TikTok Shop မှာ အလကား ရတယ်။ ဘာသတ်မှတ်ချက်မှလည်း မရှိဘူး" ဟု Mr Subairi က ပြောကြားသည်။ 

 

အနောက်ဂျာဗားမှ အသက် ၃၈ နှစ်အရွယ် ကာရာဝမ်က "TikTok Shop ကို ပိတ်ပင်ထားရင် (အဲဒီမှာ ရောင်းတဲ့သူတွေ) လောက်စျေးသက်သာတဲ့ ပစ္စည်းတွေကို တခြားနေရာမှာ ရဖို့ ရှာရခက်လိမ့်မယ်"ဟု ပြောသည်။

 

Mr Subairi က  TikTok Shop တွင် ဈေးချိုသာပုံကို ပြောပြသည်။ ရံဖန်ရံခါ ဈေးချပြီး ရောင်းပေးခြင်းများ၊ လခထုတ်ရက် အထူးလျှော့ဈေး အစီအစဉ်များ ရှိသည်။ 

 

Mr Subairi က  အမျိုးမျိုးသော e-commerce ပလက်ဖောင်းများပေါ်မှ  ကုန်ပစ္စည်းများ၏ စျေးနှုန်းများကို နှိုင်းယှဉ်ပြီး TikTok Shop တွင် ရောင်းချသည်မှာ အသက်သာဆုံးဖြစ်ကြောင်း တွေ့ရှိခဲ့သည်။

ကလေးငယ် ၂ ဦး၏ ဖခင်ဖြစ်သော Mr Subairi က “မနေ့က ကလေးအဟာရ ဖော်မြူလာ ဝယ်တယ်။ တခြားနေရာများတွေမှာ အသက်သာဆုံး စျေးနှုန်း  ရူပီယာ ၃၂၀,၀၀၀ ပေးရတယ်။ TikTok မှာ လျှော့ဈေးအမျိုးမျိုး ပေးတော့ ရူပီယာ ၃၀၀,၀၀၀ နဲ့ ရတယ်" ဟု ပြောပြသည်။ 

 

TikTok Shop ဝယ်သူ Nadya Aulia Arma က အစိုးရ၏ ပိတ်ပင်သည့်  စည်းမျဉ်းအသစ်ကို သူမသဘောမတူကြောင်း ပြောကြားခဲ့သည်။ အခြား အီးကော်မတ်စ် ပလက်ဖောင်းများကို ပြောင်းလဲ အသုံးပြုမည်ဟု သူမက ပြောသည်။

“ကျွန်မ စိတ်ထဲရှိတာ  အမှန်အတိုင်း ပြောရရင် သဘောမတူဘူး၊ ဘာကြောင့်လဲဆိုတော့ ဈေးနှုန်းချိုသာတဲ့ ပစ္စည်းတွေကို ဝယ်ဖို့နေရာ ဆုံးရှုံးသွားလို့ပါ။ ဒါပေမဲ့ အင်ဒိုနီးရှားပြည်သူတွေရဲ့ ကောင်းကျိုးအတွက်ဆိုရင်တော့ သဘောတူပေးရမှာပါ။ အရင် သုံးခဲ့ အွန်လိုင်း အရောင်း Shopee မှာ ဈေးပြန်ဝယ်မယ်" ဟု ‌သူမက ပြောကြားသည်။

 

စက်တင်ဘာ ၂၅ ရက်တွင်အင်ဒိုနီးရှားအစိုးရက ဆိုရှယ်မီဒီယာ သုံးစွဲသူများ၏ ဒေတာကုိ အလွဲသုံးစားလုပ်ခြင်းမှ တားဆီးရန်အတွက် ဆိုရှယ်မီဒီယာ ပလက်ဖောင်းများကို e-commerce ဆိုက်များအဖြစ် နှစ်မျိုး တပြိုင်တည်း လုပ်ကိုင်နေခြင်းကို ခွင့်မပြုတော့ကြောင်း ကြေညာခဲ့သည်။

 

“ဆိုရှယ်မီဒီယာသည် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုများကို မြှင့်တင်ရာတွင် လွယ်ကူချောမွေ့စေရန်အတွက်သာ အသုံးပြုနိုင်ပါသည်။ တိုက်ရိုက်ရောင်းဝယ်ခြင်း၊ တိုက်ရိုက်ငွေပေးချေခြင်းတို့ကို ခွင့်မပြုတော့ပါ။ ဆိုရှယ်မီဒီယာကို ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုများကို လူပိုသိအောင် မြှင့်တင်ရန် အတွက်သာ သုံးစွဲရမည်" ဟု ကုန်သွယ်ရေးဝန်ကြီး Zulkifli Hasan က ပြောသည်။

 

ပြန်လည်ပြင်ဆင်ထားသော ကုန်သွယ်မှု ဝန်ကြီးဌာန၏ စည်းမျဉ်းအရ ပြည်ပသို့ အွန်လိုင်းမှ မှာကြားဝယ်ယူသည့် ကုန်ပစ္စည်းများသည် တန်ဖိုး 

 အနိမ့်ဆုံး မေရိကန်ဒေါ်လာ ၁၀၀ ရှိရမည် ဖြစ်သည်။

 

ပိတ်ပင်မှုအပေါ် ဝယ်သူများ စိတ်ပျက်ကြသော်လည်း အင်ဒိုနီးရှားရှိ စတိုးဆိုင်များမှ ရောင်းချသူများသည် အဆိုပါ လှုပ်ရှားမှုကို ကြိုဆိုထောက်ခံခဲ့ကြသည်။ 

 

 အထည်အလိပ်ဆိုင် ဖွင့်ထားသူ Iyal Suryadi က အွန်လိုင်းတွင် ကုန်ပစ္စည်းများရောင်းချခြင်းသည် သူ့ဆိုင်၏ ဝင်ငွေကို လျော့ကျစေသည်ဟု ပြောကြားသည်။

 

“ကျွန်‌ေတာ်တို့ ဈေးထဲမှာ  တစ်ခါတလေ တစ်ပတ်မှာ အထည်တစ်ထည် နှစ်ထည်ပဲ ရောင်းရတယ်။ ဒီလိုမျိုး ဆက်ဖြစ်နေရင်၊ လုပ်ငန်းကြီးပွားဖို့ မစဉ်းစားနဲ့။  ဆက်လက် ရပ်တည်ဖို့တောင် အနိုင်နိုင်” ဟု သူက ပြောသည်။

 

 TikTok Shop တွင်ရောင်းချသောပစ္စည်းများ၏ စျေးနှုန်းများသည် မြေပြင်မှာ ဆိုင်ဖွင့်ပြီးရောင်းလျှင် မဖြစ်နိုင်သည့် ဈေးနှုန်းများဟု သူက ဆိုသည်။

 

“သူတို့က ကုန်ပစ္စည်းတွေကို ဖြန့်ဖြူးသူတွေ ဒါမှမဟုတ် ပြန်လည်ရောင်းချသူတွေအတွက် ထည့်မတွက်ထားဘူး။  စားသုံးသူတွေကို တိုက်ရိုက် စက်ရုံစျေးနှုန်းနဲ့ ရောင်းချပါတယ်" ဟု သူက ရှင်းပြသည်။

 

 “နိုင်ငံ့စီးပွားရေး မပျက်စီးစေချင်ရင် အစိုးရက မလွဲမသွေ ဆောင်ရွက်ပေးရမယ်။ အကြောင်းရင်းကတော့ ဒီနိုင်ငံမှာ ပိုက်ဆံတွေက ချမ်းသာတဲ့သူတွေမဟုတ်ဘဲ ငါတို့လို မချမ်းသာတဲ့ လူတွေကြားမှာ လည်ပတ်နေတာပါ”ဟု သူက ပြောသည်။ သူက 

ဂျကာတာရှိ Tanah Abang စျေးတွင် ရောင်းချသူ Mr Raden သည် ဆိုရှယ်မီဒီယာ ပလက်ဖောင်းပေါ်တွင် စျေးပေါသော စျေးနှုန်းများကြောင့် TikTok Shop သည် ၎င်း၏ရောင်းအားကို ထိခိုက်ကြောင်း ပြောကြားသည်။ 

 

သို့သော် သူက အစိုးရ၏ တားမြစ်ချက်အသစ်ကို သဘောမတူဘဲ ဆိုရှယ်မီဒီယာမှတစ်ဆင့် ပစ္စည်းများရောင်းချခြင်းကို ပိတ်ပင်ခြင်းအစား 

ကန့်သတ်ပေးသင့်သည်ဟု အကြံပြုသည်။

 

“ဘာလို့လဲ ဆိုတော့ TikTok ကတဆင့် ရောင်းတဲ့ ကုန်သည်တွေ ရှိနေလို့ပါ။ သူတို့က TikTok မှာ  ရောင်းဖို့ မလွှဲမရှောင်သာ ဖြစ်နေတယ်။ ဝယ်သူတွေက သူတို့ရဲ့ ဆိုင်တွေမှာ လာမဝယ်ကြတော့ဘူး။ အွန်လိုင်းမှာ ဝယ်ကြတော့ အဲဒီကုန်သည်တွေကလည်း အွန်လိုင်းမှာ ရောင်းကြရတယ်" ဟု Mr Raden က ရှင်းပြသည်။

 

“ကျနော့်အမြင်အရတော့ TikTok ဆိုင်တွေကို ပိတ်ပင်မထားဘဲ ကန့်သတ်ပေးထားသင့်ပါတယ်။ ပြည်ပထုတ်ကုန် ကုန်ပစ္စည်းတွေ ရောင်းနေတာ ရပ်သင့်တယ်။ ပြည်တွင်း ထုတ်ကုန် ကုန်ပစ္စည်းတွေ ရောင်းသင့်တယ်" ဟု သူက ပြောသည်။

 

အစိုးရ၏ တားမြစ်ချက်ကို TikTok Indonesia က တုံ့ပြန်ချက် ထုတ်ပြန်ရာတွင် နိုင်ငံ၏  ဥပဒေများနှင့်  စည်းမျဉ်းများကို လိုက်နာမည်ဟု ပြောကြားသည်။

 

"ဒါပေမဲ့ အစိုးရက ပြည်တွင်းမှ ရောင်းချသူ ခြောက်သန်းနဲ့ TikTok Shop ကို အသုံးပြုတဲ့ ဖန်တီးသူ ခုနစ်သန်းလောက်ရဲ့ စားဝတ်နေရေးအပေါ် ပိတ်ပင်မှုရဲ့ အကျိုးသက်ရောက်မှုကို ထည့်သွင်းစဉ်းစားမယ်လို့လည်း မျှော်လင့်ပါတယ်" ဟု TikTok Indonesia ပြောရေးဆိုရေး တာဝန်ခံက ပြောကြားသည်။

 

China's ByteDance မှ ပိုင်ဆိုင်သော TikTok ပလက်ဖောင်းသည် အသေးစား၊ အငယ်စား၊ အလတ်စား လုပ်ငန်းများ micro, small and medium enterprises (MSMEs) တို့အတွက် ဈေးရောင်းရန် နည်းလမ်းတစ်ခုဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

 

TikTok တွင် အရှေ့တောင်အာရှမှာ ဝန်ထမ်း ၈၀၀၀ ရှိသည်။

 

 Source cna


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

Read times
Rate this item
(0 votes)