-->


ပခုံးစလွယ်အိတ် ပုံတူရောင်းချသည့် Shein ကို Uniqlo တရားစွဲ

ပခုံးစလွယ်အိတ် ပုံတူရောင်းချသည့် Shein ကို Uniqlo  တရားစွဲ

To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

ဂျပန်ဖက်ရှင်ကုမ္ပဏီကြီး Uniqlo က အွန်လိုင်းပေါ်တွင် "Mary Poppins carryall" ဟုအမည်တွင်သော အလွန်ရေပန်းစားနေသည့် ပခုံးစလွယ်အိတ်ကို ပုံတူကူးကာ ထုတ်လုပ်ရောင်းချသည့်  တရုတ်အွန်လိုင်း ဖက်ရှင် လုပ်ငန်း Shein ကို တရားစွဲထားကြောင်း ဇန်နဝါရီ ၁၆ ရက်တွင် ပြောကြားခဲ့သည်။

.

 Uniqlo က ဂျပန်နိုင်ငံရှိ တရားရုံးတွင် Shein Japan နှင့် လက်အောက်ခံ လုပ်ငန်း ၂ ခုကို တရားစွဲဆိုထားသည်။ "အတုအယောင် ကုန်ပစ္စည်းများ ရောင်းချခြင်းအား ချက်ခြင်းရပ်ဆိုင်းရန်နှင့် နစ်နာဆုံးရှုံးမှုများအတွက် လျော်ကြေးပေးရန်" တောင်းဆိုထားသည်။

.

နိုင်လွန်သားဖြင့် ထုတ်လုပ်ထားသည့် ပခုံး စလွယ်အိတ်ဝိုင်း အသေးစားကို အမေရိကန်တွင် US$19.90 ဖြင့် ရောင်းချခဲ့ရာ Uniqlo ၏ ရောင်းအကောင်းဆုံး အိတ် ဖြစ်လာသည်။ လက်ကျန်မရှိ ပစ္စည်းပြတ်သည်အထိ အကြိမ်ကြိမ် ရောင်းရသည်။

.

Shein ကို တရုတ်နိုင်ငံတွင် ၂၀၀၈ ခုနှစ်မှာ တည်ထောင်ခဲ့ပြီး ယခုအခါ စင်ကာပူတွင် အခြေစိုက်ထားသည်။ အလွန်အောင်မြင်နေသော အွန်လိုင်း လက်လီအရောင်း ဖက်ရှင်လုပ်ငန်း ဖြစ်သည်။ ဆိုရှယ်မီဒီယာမှ တဆင့် လူငယ်ကြိုက် ဖက်ရှင်များကို လူသိများအောင် လုပ်ဆောင်သည်။ အွန်လိုင်းမှာကြားမှုများဖြင့် ရောင်းချသည်။

ယမန်နှစ်က Shein ၏ ဈေးကွက်တန်ဖိုးမှာ ကန်ဒေါ်လာ ၆၆ ဘီလီယံဖြစ်ပြီး ဝင်ငွေ ကန်ဒေါ်လာ ၂၃ ဘီလီယံ ရရှိခဲ့သည်။ 

Source: Reuters


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

Read times
Rate this item
(0 votes)