-->
×

Warning

JUser: :_load: Unable to load user with ID: 29


သင့်လုပ်ငန်းနဲ့ကုန်ပစ္စည်းကို အချိန်တိုအတွင်း လူသိများစေမယ့်ကြော်ငြာကဏ္ဍ

သင့်လုပ်ငန်းနဲ့ကုန်ပစ္စည်းကို အချိန်တိုအတွင်း လူသိများစေမယ့်ကြော်ငြာကဏ္ဍ Google

လုပ်ငန်းတစ်ခုကို စတင်တည်ထောင်တဲ့အခါမှာဖြစ်စေ… ကုန်ပစ္စည်းတစ်ခုကို စတင်မိတ်ဆက်ချင်တဲ့အခါမှာဖြစ်စေ လူသိများအောင်မြင်တဲ့လုပ်ငန်း(သို့) ကျော်ကြားတဲ့ကုန်ပစ္စည်းအမှတ်တံဆိပ်ဖြစ်လာဖို့ဆိုရင်

ကြော်ငြာကရဲ့အရေးပါမှုကိုမေ့ထားလို့မဖြစ်ပါဘူး။ ဒီတော့ သင့်လုပ်ငန်းနဲ့ကုန်ပစ္စည်း လူသိများကျော်ကြားစေရန် ကြော်ငြာကဏ္ဍကိုဘယ်လိုအသုံးချသင့်တယ်... ဘယ်လိုနယ်ပယ်နေရာတွေကနေ ကြော်ငြာသင့်တယ်ဆိုတဲ့အချက်လေးတွေကို လေ့လာကြည့်ကြရအောင်။

(၁) ကြော်ငြာကမ်ပိန်းတစ်ခုကို စီစဉ်ပါ။

- ကြော်ငြာကမ်ပိန်းတစ်ခုကို စီစဉ်တဲ့အခါ မိမိရဲ့စားသုံးသူအကြောင်းသေချာသိရှိဖို့လိုအပ်ပြီး မိမိရဲ့စားသုံးသူအသုံးပြုမှုများတဲ့ တီဗီ၊ ရေဒီယို၊ မဂ္ဂဇင်းအစရှိသဖြင့် မိမိကြော်ငြာထည့်ချင်တဲ့နေရာကို မှန်ကန်စွာရွေးချယ်တတ်ဖို့လိုအပ်ပါတယ်။ ကြော်ငြာကမ်ပိန်းအတွက်အသုံးပြုမယ့် ငွေပမာဏစာရင်းကိုလည်း သေချာသတ်မှတ်ထားဖို့ လိုအပ်ပြီး ကြော်ငြာမှာထည့်မယ့် မိမိလုပ်ငန်း(သို့)ကုန်ပစ္စည်းရဲ့ အားသာချက်ကိုလည်း မှန်ကန်စွာရွေးချယ်ထည့်တတ်ဖို့ အရေးကြီးပါတယ်။

Cinema Halls(ရုပ်ရှင်ရုံများ(၃၇)ခုကိုရှာရန်နှိပ်ပါ၊)

(၂) အင်တာနက်ကြော်ငြာနည်းကို အသုံးပြုပါ။

- ခုခေတ်အချိန်အခါမှာ လူကြီး၊ လူငယ်မရွေး မိုဘိုင်းဖုန်းများနဲ့ အင်တာနက်သုံးစွဲမှုနှုန်းမြင့်မားလာတာကြောင့် သင့်လုပ်ငန်းနဲ့ကုန်ပစ္စည်းကို လူသိများစေချင်တယ်ဆိုရင် အင်တာနက်မှကြော်ငြာခြင်းကို မဖြစ်မနေအသုံးချသင့်ပါတယ်။ မြန်မာနိုင်ငံမှာဆိုရင် လူသုံးများတဲ့ ဖေ့ဘွတ်ခ်၊ အင်စတာဂရမ်၊ ယူကျု နဲ့ ဂူဂယ်လ်ဝက်ဘ်ဆိုဒ်များကို အသုံးပြုကာ ကြော်ငြာများထည့်သင့်သလို ကိုယ်ပိုင်ဝက်ဘ်ဆိုဒ်နဲ့ ဖေ့ဘွတ်ခ်အကောင့်များဖွင့်ပြီးတော့လည်း မိမိလုပ်ငန်းနဲ့ကုန်ပစ္စည်းများကို တစ်ကမ္ဘာလုံးသိအောင်ကြော်ငြာနိုင်ပါတယ်။

Read More >>> သင့်လုပ်ငန်းအတွက် အွန်လိုင်းဈေးကွက်နည်းဗျူဟာ တည်ဆောက်တော့မယ်ဆိုရင်

(၃) ရှေးရိုးအစဉ်အလာ ကြော်ငြာနည်းများကို အသုံးချပါ။

- သင့်လုပ်ငန်းနဲ့ကုန်ပစ္စည်းကို ကြော်ငြာတော့မယ်ဆိုရင် ကြော်ငြာနည်းများအားလုံးရဲ့ဘုရင်လို့တောင် တင်စားရတဲ့ တီဗီမှကြော်ငြာခြင်းကိုလည်း မေ့ထားလို့မဖြစ်ပါဘူး။ ဒါ့အပြင် ဂျာနယ်၊ မဂ္ဂဇင်းနဲ့ သတင်းစာများမှာ ပုံနှိပ်ကြော်ငြာခြင်းခေတ်ဟာလည်း မဆိတ်သုဉ်းသေးတာကြောင့် ပုံနှိပ်ကြော်ငြာခြင်းကိုလုပ်ဆောင်သင့်သလို လက်ကမ်းစာစောင်များဝေပြီး ကြော်ငြာခြင်းကလည်း ထိရောက်မှုတော့ရှိနေပါသေးတယ်။ နောက်ပြီး ကားအသွားအလာစည်ကားတဲ့နေရာများ၊ လူစည်ကားတဲ့နေရာများမှာ ဘေလ်ဘုတ်ထောင်ပြီး ကြော်ငြာခြင်းကလည်း သင့်လုပ်ငန်းနဲ့ ကုန်ပစ္စည်းကို အမြန်ဆုံးနည်းနဲ့လူသိများစေမှာ အသေအချာပါပဲ။

Myanmar Advertising Directory

Read times
Rate this item
(1 Vote)