-->
×

Warning

JUser: :_load: Unable to load user with ID: 29


Marketing လုပ္တဲ့အခါမွာ မေမ့ေလ်ာ့သင့္တဲ့ အေရာင္ေရြးခ်ယ္မႈ

မားကက္တင္းအတြက္ ေဖာ္ျပခ်က္မ်ားကုိ စဥ္းစားစီစဥ္တဲ့အခါ အေရာင္ေတြကုိ အေလးထားဖုိ႔ ေမ့ေနတတ္ၾကတယ္။ ၀က္ဘ္ဆုိက္ စာမ်က္ႏွာတစ္ခုေပၚမွာ ခင္းက်င္းတဲ့အခါမွာလည္း အေရာင္ေတြကုိ အေလးအနက္ထားၿပီး စဥ္းစားေပးဖုိ႔ ေမ့ေလ်ာ့ေနတတ္ၾကတယ္။

တကယ္ေတာ့ အာ႐ုံစုိက္ခံရေအာင္ သတိမူမိေအာင္ အေရာင္ေတြက လုပ္ေပးႏုိင္တယ္။ မွတ္မိေနေအာင္လည္း အေရာင္ေတြက လုပ္ေပးႏုိင္တယ္။ အေရာင္ေတြက လူ႔စိတ္ကုိ ၾသဇာသက္ေရာက္မႈ ေပးၾကတယ္။

 


ထိထိမိမိျဖစ္တဲ့ မားကက္တင္းဟာ ၾကည့္သူျမင္သူေတြရဲ႕ ဂရုျပဳမိျခင္းကုိ ခံယူရရွိတယ္။ အဲဒီလုိ ထိေရာက္တာ ပုိတုိးေစဖုိ႔အတြက္ လုပ္ေဆာင္ေပးရတာေတြ ရွိေနတယ္။

 


မားကက္တင္းကုိ ဘယ္အခ်ိန္ ဘယ္ေနရာမွာ လုပ္ကုိင္မလဲဆုိတာ ဂ႐ုတစိုက္ျဖင့္ ေရြးခ်ယ္ သတ္မွတ္ေပးရမယ္။ ဘယ္လုိ ပရိသတ္ေတြကုိ ရည္ရြယ္ဦးတည္မလဲဆုိတာလည္း စဥ္းစားရမယ္။ အသိေပးခ်င္တာကုိ ရွင္းလင္းျပတ္သားစြာ တင္ျပဖုိ႔လည္း လုိမယ္။

 

ဒီဇုိင္းကလည္း ဆြဲေဆာင္မႈ ရွိရမယ္။ ၿပီးေတာ့ အေရာင္ေတြကုိ ေသေသခ်ာခ်ာ ေရြးခ်ယ္ရမယ္။



မားကက္တင္းနဲ႔ ပတ္သက္တဲ့ အေရာင္ေတြအေၾကာင္း ေရးသားထားတာေတြ၊ ေဟာေျပာထားတာေတြ အမ်ားႀကီး ရွိပါတယ္။ သုေတသန လုပ္ထားတာေတြရဲ႕ ေတြ႕ရွိခ်က္ေတြကုိလည္း ဂူးဂဲမွာ ရွာလုိ႔ ရပါတယ္။



ျမင္ျမင္ခ်င္း ထင္ျမင္ခ်က္ first impression စိတ္မွာ ေပၚတာ ပထမ စကၠန္႔ ၉၀ အတြင္းမွာ ျဖစ္ပါတယ္လုိ႔ ေလ့လာစူးစမ္းမႈေတြအရ သိၾကရတယ္။ လူအမ်ားစုဟာ ပထမ ၇ စကၠန္႔အတြင္းမွာ ျမင္ျမင္ခ်င္း ထင္ျမင္ခ်က္ကုိ ေကာက္ခ်က္ခ်ၿပီးသား ျဖစ္သြားၾကတယ္။

 

အဲဒီလုိ ထင္ျမင္ခ်က္ကုိ အဆုံးအျဖတ္ျပဳတာမွာ အေရာင္က ၆၂ မွ ၉၀ ရာခုိင္ႏႈန္းအထိ ၾသဇာသက္ေရာက္မႈ ေပးတယ္။ တျခားဘာမွ မစဥ္းစားရေသးခင္မွာ အေရာင္ေတြအရ ေကာက္ခ်က္ခ်လုိက္ၾကတာ ျဖစ္ပါတယ္။

 

 

6

 

ပုံမွာ ၾကည့္ရင္ သိသာပါတယ္။ ဘယ္နဲ႔ညာ ႏွစ္ကြက္စလုံးမွာ SALE ဆုိတဲ့ စာလုံး တစ္လုံးတည္းကုိ ခၽြတ္စြပ္တူေအာင္ ေရးထားပါတယ္။ အေရာင္လည္း တူပါတယ္။ ဒါေပမဲ့ ေနာက္ခံအေရာင္က ကြဲလြဲတယ္။

 

ဘယ္ဘက္မွာက အေရာင္မဲ့ေလဟာနယ္လုိ႔ ဆုိရမယ့္ အျဖဴေရာင္ကုိ သုံးထားတယ္။ ညာဘက္မွာက်ေတာ့ အစိမ္းႏုေရာင္ကုိ သုံးထားတယ္။ အဲဒီႏွစ္မ်ဳိးမွာ ဘယ္ဘက္အျဖဴခံေပၚမွာ SALE က ဖတ္ရႈတဲ့သူအဖုိ႔ ပုိျမင္လြယ္တယ္။ ဖတ္ဖုိ႔ ပုိလြယ္ေနေစပါတယ္။

 


အေရာင္ ေရြးခ်ယ္မႈဟာ အလႊာလႊာအဆင့္ဆင့္တုိ႔အေပၚ သက္ေရာက္မႈ ရွိတယ္။ အက်ဳိးထိေရာက္မႈ ေပးႏုိင္သလုိ အက်ဳိးမဲ့ေအာင္လည္း ျပဳေပးႏုိင္တယ္။ ၾကည့္သူျမင္သူတုိ႔ကုိ ေကာင္းမြန္တဲ့ ျမင္ျမင္ခ်င္း ထင္ျမင္ခ်က္ first impression ေပးႏုိင္တယ္။

 

ဂရုျပဳမိေအာင္ လုပ္ေပးႏုိင္တယ္။ ထဲထဲ၀င္၀င္ ပတ္သက္ေအာင္ လုပ္ေပးႏုိင္တယ္။



တကယ္ေတာ့ မားကက္တင္း ဘယ္လုိ လုပ္မလဲဆုိတာ ေျပာျပထားတာေတြ တစ္ပုံတစ္ပင္ ရွိေနတယ္။ ဖတ္ရႈေလ့လာၿပီး လုပ္စရာရွိတဲ့ အဆင့္ဆင့္ကုိ လုပ္ကုိင္သြားရုံပဲ။ အေရးႀကီးတဲ့ အေရာင္ေရြးခ်ယ္ျခင္းကိစၥမ်ဳိးကုိေတာ့ ဂဃနဏ ထည့္ေရးခ်င္မွ ေရးထားလိမ့္မယ္။

 

အဲဒီ လစ္ဟာခ်က္အတြက္ အခု ေဆာင္းပါးက အေထာက္အကူ ျပဳေပးႏုိင္ပါလိမ့္မယ္။



မားကက္တင္းရဲ႕ ပထမဆုံး ေျခလွမ္းက သတိျပဳမိဖုိ႔ ျဖစ္ပါတယ္။ သတိျပဳမိတဲ့အခါ အသိေပးခ်င္တာကုိ သိေအာင္ ေလ့လာဖုိ႔ ဆြဲေဆာင္မႈ ဖန္တီးထားၾကတယ္။ ရည္မွန္းခ်က္ ပန္းတုိင္ေရာက္ဖုိ႔ ႀကိဳးစားအားထုတ္ထားၾကတယ္။



Brand ေတြမွာ အေရာင္ေရြးခ်ယ္မႈေတြ ရွိထားၾကတယ္။ အေရာင္ေတြနဲ႔ သတ္သတ္မွတ္မွတ္ သတ္မွတ္ခ်က္မ်ားျဖင့္ တြဲဘက္ထားတယ္။

 

5

 

အဲဒီမွာ အစိမ္းေရာင္ လႊမ္းမုိးတာ ေတြ႕ရတယ္။ အ၀ါေရာင္ ပါေပမဲ့ အစိမ္းေရာင္ကုိ အဓိကအားျဖင့္ သတိျပဳမိၾကတယ္။ အဲဒီအစိမ္းေရာင္ကုိ John Deere green လုိ႔ ေခၚၾကတယ္။


Starbuck မွာလည္း အစိမ္းေရာင္ကုိ စြဲစြဲၿမဲၿမဲ သုံးထားတယ္။ ေနရာတုိင္းမွာ ပဲ့တင္ထပ္ေပးထားတယ္။

 

4

 

အေရာင္ေရြးခ်ယ္တာမွာ ပန္းခ်ီရဲ႕ အေရာင္သေဘာအရ ေရြးခ်ယ္တာ ရွိသလုိ အေရာင္ေတြရဲ႕ လူ႔စိတ္အေပၚ ႏွီးႏႊယ္ပုံေတြအရ ေရြးခ်ယ္တာလည္း ရွိတယ္။ အေရာင္ကုိ ျမင္တဲ့အခါ လူ႔စိတ္မွာ တန္ျပန္ တုံ႔ျပန္မႈ ျဖစ္ေပၚပုံေတြကုိ psychology of colors လုိ႔ ေျပာၾကတယ္။

 

အေရာင္ ခုနစ္မ်ဳိးအေပၚ လူ႔စိတ္မွာ ျဖစ္ေပၚတဲ့ တန္ျပန္တုံ႔ျပန္မႈေတြနဲ႔ အသုံးျပဳထားတဲ့ လုိဂုိအခ်ဳိ႕ကုိ ေဖာ္ျပအပ္ပါတယ္။

 

3

 

စိတ္မွာ တန္ျပန္တုံ႔ျပန္ပုံေတြဟာ လူတစ္ဦးခ်င္းအရ တင္ျပထားတာ မဟုတ္ဘဲ ေယဘုယ်အားျဖင့္ လူအမ်ားတု႔ိရဲ႕ စိတ္မွာ ျဖစ္ေပၚေလ့ရွိတာကုိ ေျပာျပထားတာ ျဖစ္ပါတယ္။



အနီေရာင္ဆုိရင္ ဘယ္လုိေတြ ျဖစ္မလဲ။ ဂရုျပဳမိေစတ့ဲ အေရာင္ျဖစ္ပါတယ္။ သတိေပး ဆုိင္းဘုတ္ေတြမွာ အနီေရာင္ကုိ သုံးၾကတယ္။ အနီေရာင္ကုိ စားစရာမွာျဖစ္ျဖစ္၊ စားေသာက္ဆုိင္မွာ ျဖစ္ျဖစ္ ေတြ႕တဲ့အခါ စားေသာက္လုိစိတ္ေတြ ျဖစ္ေပၚေစတယ္။

 

အဲဒါေၾကာင့္ စားစရာ ေရာင္းခ်တဲ့ ေနရာေတြမွာ အနီကုိ မပါမျဖစ္ ထည့္သုံးၾကတယ္။

 

2

 

လိေမၼာ္ေရာင္ကလည္း ဂရုျပဳမိေစတဲ့အေရာင္တစ္မ်ဳိး ျဖစ္တယ္။ ေႏြးေထြးတယ္။ ေဖာ္ေရြတယ္။ စိတ္လႈပ္ရွား တက္ၾကြေစတယ္။ တစ္ခုခု လုပ္ဖုိ႔အတြက္ တုိက္တြန္းခ်င္ရင္ လိေမၼာ္ေရာင္ကုိ သုံးၾကတယ္။

 

ေဈး၀ယ္တြန္းလွည္းကုိ ၀က္ဘ္စာမ်က္ႏွာမွာ ျပသဖုိ႔ သုံးေလ့ရွိတယ္။ Amazon ရဲ႕၀က္ဘ္ဆုိက္မွာ လိေမၼာ္ေရာင္ကုိ သုံးထားၿပီး တစ္ခုခု လုပ္ဖုိ႔ အေရာင္ျဖင့္ ႏႈိးေဆာ္ထားတယ္။

 

<<< Unicode >>>

 

မားကက်တင်းအတွက် ဖော်ပြချက်များကို စဉ်းစားစီစဉ်တဲ့အခါ အရောင်တွေကို အလေးထားဖို့ မေ့နေတတ်ကြတယ်။ ဝက်ဘ်ဆိုက် စာမျက်နှာတစ်ခုပေါ်မှာ ခင်းကျင်းတဲ့အခါမှာလည်း အရောင်တွေကို အလေးအနက်ထားပြီး စဉ်းစားပေးဖို့ မေ့လျော့နေတတ်ကြတယ်။ တကယ်တော့ အာရုံစိုက်ခံရအောင် သတိမူမိအောင် အရောင်တွေက လုပ်ပေးနိုင်တယ်။ မှတ်မိနေအောင်လည်း အရောင်တွေက လုပ်ပေးနိုင်တယ်။ အရောင်တွေက လူ့စိတ်ကို သြဇာသက်ရောက်မှု ပေးကြတယ်။
ထိထိမိမိဖြစ်တဲ့ မားကက်တင်းဟာ ကြည့်သူမြင်သူတွေရဲ့ ဂရုပြုမိခြင်းကို ခံယူရရှိတယ်။ အဲဒီလို ထိရောက်တာ ပိုတိုးစေဖို့အတွက် လုပ်ဆောင်ပေးရတာတွေ ရှိနေတယ်။
မားကက်တင်းကို ဘယ်အချိန် ဘယ်နေရာမှာ လုပ်ကိုင်မလဲဆိုတာ ဂရုတစိုက်ဖြင့် ရွေးချယ် သတ်မှတ်ပေးရမယ်။ ဘယ်လို ပရိသတ်တွေကို ရည်ရွယ်ဦးတည်မလဲဆိုတာလည်း စဉ်းစားရမယ်။ အသိပေးချင်တာကို ရှင်းလင်းပြတ်သားစွာ တင်ပြဖို့လည်း လိုမယ်။ ဒီဇိုင်းကလည်း ဆွဲဆောင်မှု ရှိရမယ်။ ပြီးတော့ အရောင်တွေကို သေသေချာချာ ရွေးချယ်ရမယ်။

မားကက်တင်းနဲ့ ပတ်သက်တဲ့ အရောင်တွေအကြောင်း ရေးသားထားတာတွေ၊ ဟောပြောထားတာတွေ အများကြီး ရှိပါတယ်။ သုတေသန လုပ်ထားတာတွေရဲ့ တွေ့ရှိချက်တွေကိုလည်း ဂူးဂဲမှာ ရှာလို့ ရပါတယ်။

မြင်မြင်ချင်း ထင်မြင်ချက် first impression စိတ်မှာ ပေါ်တာ ပထမ စက္ကန့် ၉၀ အတွင်းမှာ ဖြစ်ပါတယ်လို့ လေ့လာစူးစမ်းမှုတွေအရ သိကြရတယ်။ လူအများစုဟာ ပထမ ၇ စက္ကန့်အတွင်းမှာ မြင်မြင်ချင်း ထင်မြင်ချက်ကို ကောက်ချက်ချပြီးသား ဖြစ်သွားကြတယ်။ အဲဒီလို ထင်မြင်ချက်ကို အဆုံးအဖြတ်ပြုတာမှာ အရောင်က ၆၂ မှ ၉၀ ရာခိုင်နှုန်းအထိ သြဇာသက်ရောက်မှု ပေးတယ်။ တခြားဘာမှ မစဉ်းစားရသေးခင်မှာ အရောင်တွေအရ ကောက်ချက်ချလိုက်ကြတာ ဖြစ်ပါတယ်။

ပုံမှာ ကြည့်ရင် သိသာပါတယ်။ ဘယ်နဲ့ညာ နှစ်ကွက်စလုံးမှာ SALE ဆိုတဲ့ စာလုံး တစ်လုံးတည်းကို ချွတ်စွပ်တူအောင် ရေးထားပါတယ်။ အရောင်လည်း တူပါတယ်။ ဒါပေမဲ့ နောက်ခံအရောင်က ကွဲလွဲတယ်။ ဘယ်ဘက်မှာက အရောင်မဲ့လေဟာနယ်လို့ ဆိုရမယ့် အဖြူရောင်ကို သုံးထားတယ်။ ညာဘက်မှာကျတော့ အစိမ်းနုရောင်ကို သုံးထားတယ်။ အဲဒီနှစ်မျိုးမှာ ဘယ်ဘက်အဖြူခံပေါ်မှာ SALE က ဖတ်ရှုတဲ့သူအဖို့ ပိုမြင်လွယ်တယ်။ ဖတ်ဖို့ ပိုလွယ်နေစေပါတယ်။
အရောင် ရွေးချယ်မှုဟာ အလွှာလွှာအဆင့်ဆင့်တို့အပေါ် သက်ရောက်မှု ရှိတယ်။ အကျိုးထိရောက်မှု ပေးနိုင်သလို အကျိုးမဲ့အောင်လည်း ပြုပေးနိုင်တယ်။ ကြည့်သူမြင်သူတို့ကို ကောင်းမွန်တဲ့ မြင်မြင်ချင်း ထင်မြင်ချက် first impression ပေးနိုင်တယ်။ ဂရုပြုမိအောင် လုပ်ပေးနိုင်တယ်။ ထဲထဲဝင်ဝင် ပတ်သက်အောင် လုပ်ပေးနိုင်တယ်။
တကယ်တော့ မားကက်တင်း ဘယ်လို လုပ်မလဲဆိုတာ ပြောပြထားတာတွေ တစ်ပုံတစ်ပင် ရှိနေတယ်။ ဖတ်ရှုလေ့လာပြီး လုပ်စရာရှိတဲ့ အဆင့်ဆင့်ကို လုပ်ကိုင်သွားရုံပဲ။ အရေးကြီးတဲ့ အရောင်ရွေးချယ်ခြင်းကိစ္စမျိုးကိုတော့ ဂဃနဏ ထည့်ရေးချင်မှ ရေးထားလိမ့်မယ်။ အဲဒီ လစ်ဟာချက်အတွက် အခု ဆောင်းပါးက အထောက်အကူ ပြုပေးနိုင်ပါလိမ့်မယ်။

မားကက်တင်းရဲ့ ပထမဆုံး ခြေလှမ်းက သတိပြုမိဖို့ ဖြစ်ပါတယ်။ သတိပြုမိတဲ့အခါ အသိပေးချင်တာကို သိအောင် လေ့လာဖို့ ဆွဲဆောင်မှု ဖန်တီးထားကြတယ်။ ရည်မှန်းချက် ပန်းတိုင်ရောက်ဖို့ ကြိုးစားအားထုတ်ထားကြတယ်။

Brand တွေမှာ အရောင်ရွေးချယ်မှုတွေ ရှိထားကြတယ်။ အရောင်တွေနဲ့ သတ်သတ်မှတ်မှတ် သတ်မှတ်ချက်များဖြင့် တွဲဘက်ထားတယ်။

အဲဒီမှာ အစိမ်းရောင် လွှမ်းမိုးတာ တွေ့ရတယ်။ အဝါရောင် ပါပေမဲ့ အစိမ်းရောင်ကို အဓိကအားဖြင့် သတိပြုမိကြတယ်။ အဲဒီအစိမ်းရောင်ကို John Deere green လို့ ခေါ်ကြတယ်။
Starbuck မှာလည်း အစိမ်းရောင်ကို စွဲစွဲမြဲမြဲ သုံးထားတယ်။ နေရာတိုင်းမှာ ပဲ့တင်ထပ်ပေးထားတယ်။
အရောင်ရွေးချယ်တာမှာ ပန်းချီရဲ့ အရောင်သဘောအရ ရွေးချယ်တာ ရှိသလို အရောင်တွေရဲ့ လူ့စိတ်အပေါ် နှီးနွှယ်ပုံတွေအရ ရွေးချယ်တာလည်း ရှိတယ်။ အရောင်ကို မြင်တဲ့အခါ လူ့စိတ်မှာ တန်ပြန် တုံ့ပြန်မှု ဖြစ်ပေါ်ပုံတွေကို psychology of colors လို့ ပြောကြတယ်။ အရောင် ခုနစ်မျိုးအပေါ် လူ့စိတ်မှာ ဖြစ်ပေါ်တဲ့ တန်ပြန်တုံ့ပြန်မှုတွေနဲ့ အသုံးပြုထားတဲ့ လိုဂိုအချို့ကို ဖော်ပြအပ်ပါတယ်။

Read times
Rate this item
(0 votes)