-->
×

Warning

JUser: :_load: Unable to load user with ID: 29



၂၀၂၀ တွင်အမေရိကန်နိုင်ငံ၏ ကြော်ငြာရေးရာကိစ္စ များတွင် ဒေါ်လာ ဘီလီယံ ၃၉၀ ကျော်အထိ တိုးမြင့်သုံးစွဲလာဖွယ်ရ google





 


 



 

တရုတ်နိုင်ငံတွင် ကျား / မ ကြော်ငြာစနစ် စတင်

 


 

ထို့ စစ်တမ်းလေ့လာချက်မှာ ၂၀၂၀ ရဲ့ ကြီးမားတဲ့ Trends တွေ ကို လည်း ကြည့်လာပါတယ် Brand တွေဟာ Branding လုပ်ဖို့ အတွက် နည်းပညာဆိုင်ရာ အဖွဲ့ အစည်းများနဲ့ အတွေ့ အကြုံ ရှိသော သူများဆီက နေ အကြံဥာဏ်ရယူရပါတယ် ထို့သို့ ကြော်ငြာ အတွက် အကြံဥာဏ်ရယူဖို့ကို ငွေကြေး အသုံးပြု နှုန်း ၂၀၂၀ တွင် ၅ ဘီလီယံ လောက်သုံးစွဲ ကြမည်လို့လည်း သိရှိရပါတယ်။

 


 




 

<<<unicode>>>

 

၂၀၂၀ တွင်အမေရိကန်နိုင်ငံ၏ ကြော်ငြာရေးရာ ကိစ္စ များတွင် ဒေါ်လာ ဘီလီယံ ၃၉၀ ကျော်အထိ တိုးမြင့်သုံးစွဲလာဖွယ်ရှိ

==================================================

ဈေးကွက်မြှင့်တင်ရေးပိုင်းဆိုင်ရာ ရဲ့ ကြော်ငြာရေးရာ ကိစ္စ များဟာ ၂၀၂၀ မှာ ပိုမိုကျယ်ပြန့် တိုးတက်လာဖို့ ရှိတယ်လို့ ဆိုရပေမည်။


စစ်တမ်းအရ ညွှန်ကြားရေးပိုင်းဆိုင်ရာ ၂၀၁၉ မှာ အကြံပေး လုပ်ငန်းစုဖြစ်တဲ့ Winterberry Group ဟာ ဈေးကွက်မြှင့်တင်ရေးနှင့် ကြော်ငြာကြေး အတွက် ပျမ်းမျှ အသုံးပြု ငွေ နှုန်းက ၇ . ၂ ရာခိုင်နှုန်း ရှိကာ ထို့ကြောင့် ၂၀၂၀ မှာ ကြော်ငြာရေးရာများတွင် အသုံးပြု ငွေပမာဏ အားဖြင့်
အမေရိကန်ဒေါ်လာ ၃၈၉.၅ ဘီလီယံခန့်လာ မယ်လို့ ခန့် မှန်းရခြင်းပါ။


ထိုကြော်ငြာ ရေးရာများတွင် ငွေကြေး အသုံးပြု နှုန်း မြှင့်တက်လာရခြင်းမှာ ၂၀၂၀ ရွေးကောက်ပွဲကို အားပြု နေသော နိုင်ငံရေးကြော်ငြာများမှ ဖြစ်ပြီး ဘေကျင်း မြို့တွင် ကျင်းပမည့် အိုလံပစ်ပြိုင် ပွဲ ကြောင့် လို့သိရပါတယ်။ထို့အပြင် ၂၀၁၉ ခုနှစ်မှာ Offline Advertising တွင်ငွေကြေး အသုံးပြု နှုန်း ၂ . ၃ ရာခိုင်နှုန်းရှိပါတယ် ဒါ့ကြောင့် ၂၀၂၀ တွင်ထိုအတွက် ငွေကြေး အားဖြင့် ၂၂၃.၁ ဘီလီယံ အသုံးပြု မယ်ခန့်မှန်းရပါတယ်တဲ့။

 

ကြော်ငြာ ကနေရရှိမဲ့ အကျိုးအမြတ်များ

 

၂၀၂၀ မှာ ဘာတေက တွင်ကျယ်လာမလဲ . ဘာတွေ သိပ် ခေတ်မစားတော့ဘူးလဲ ???

 

Magazine ကြော်ငြာတွေက တော့ ခေတ်သိပ်မစားတော့ပေမဲ့ ကြော်ငြာ ကြေး သုံးစွဲငွေ ၉ . ၈ ဘီလီယံ ရှိပါသေးတယ်။သတင်းစာ ကြော်ငြာ များရဲ့ ကြော်ငြာ ကြေး သုံးစွဲငွေ ၆၅ . ၅ ဘီလီယံ ခန့်သုံးစွဲထားတယ်သိရပါတယ်။ထို့အပြင် ရေဒီယို ကြော်ငြာ များ အတွက် ကြော်ငြာကြေး သုံးစွဲငွေ ၁၃ . ၆ ရာခိုင်နှုန်းရှိပါတယ်တဲ့။

Online Advertising က ခေတ်စားလာပြီး Digital Marketing သမားတွေ မီးမြင့်မဲ့ အချိန်လို့ပြော ရရင်မမှား ဘူး ထို့ အပြင် အွန်လိုင်းကြော်ငြာခြင်းမှ အသုံးပြု ကြေး ၁၄ . ၅ ရာခိုင်နှုန်းရှိကာ ၁၆၆.၄ ဘီလီယံ ရှိတယ်သိရပါတယ်။ထို့အွန်လိုင်းကြော်ငြာ တွေထဲ က မှာ Influencer Marketing ကြောင့် ငွေပမာဏ ကများနေတာပါ။

 

အတွေ့ အကြုံ နဲ့ နည်းပညာပိုင်းဆိုင်ရာ ကြီးမားတဲ့Trends တွေဖြစ်လာမလား

 

ထို့ စစ်တမ်းလေ့လာချက်မှာ ၂၀၂၀ ရဲ့ ကြီးမားတဲ့Trends တွေ ကို လည်း ကြည့်လာပါတယ် Brand တွေဟာ Branding လုပ်ဖို့ အတွက် နည်းပညာဆိုင်ရာ အဖွဲ့ အစည်းများနဲ့ အတွေ့ အကြုံ ရှိသော သူများဆီက နေ အကြံဉာဏ်ရယူရပါတယ် ထို့သို့ ကြော်ငြာ အတွက် အကြံဉာဏ်ရယူဖို့ကို ငွေကြေး အသုံးပြု နှုန်း ၂၀၂၀ တွင် ၅ ဘီလီယံ လောက်သုံးစွဲ ကြမည်လို့လည်း သိရှိရပါတယ်။

ပြောရရင် အမေရိက မှာ အင်တာနက်အသုံး ပြု သူအများ စုဟာ ၈၉ . ၆ ရာခိုင်နှုန်းဟာ ၎င်း တို့ စမတ်ဖုန်းများ ဖြင့် အသုံးပြုကြတာဖြစ်ပြီး ၂၉ . ၅ ရာခိုင်နှုန်းဟာ ကား နဲ့ ချိတ်ဆက်အသုံး ပြု ကြတာပါ။၈၂ ရာခိုင်နှုန်းသောလူအများ ရဲ့ ပြောဆိုချက်က တော့ ၎င်း တို့ အနေနဲ့ ပစ္စည်း တစ်ခုမဝယ်ခင်ကြော်ငြာ ကို ကြည့် ပြီး review ဖတ်ကြည့် ပါသတဲ့။၂၀ ရာခိုင်နှုန်းသော Internet အသုံးပြု သူတွေဟာ Internet ရဲ့ Celebrities တွေကို Follow ထားတာ တွေ့ရပါသတဲ့ ။

 

၈၀ ရာခိုင်နှုန်းသော CMO(Chief Marketing Officer) တွေအတွက် ထို အခြင်းအရာတွေကို အကွက်ကျကျ သိနိုင်ဖို့ analytics လိုပါသတဲ့ ။ ဒီအတွက်တော့မပူပါနဲ့ LinkedIn မှာ data analyst သမား အယောက် ၂၈၀၀၀၀ ကျော်ခန့်ရှိတယ် သိရပါတယ်


၂၀၁၉ ကို ပြန်လည် ကြည့်မယ်ဆို သာမန်သမားရိုး ကျ ကြော်ငြာရေး နည်းလမ်းတွေက ၅ . ၉ ရာခိုင်နှုန်း လျော့ ကျသွားတယ်။Online Media ရဲ့ ဈေးကွက်မြှင့်တင်ရေးတွေက ၁၉ . ၁ ရာခိုင်နှုန်းထိုးတက်လာတယ်။သတင်းစာကြော်ငြာ ခြင်း က ၁၂ . ၇ ရာခိုင်နှုန်းအထိတိုးတက်ပါတယ်။Influencer Marketing ကတော့ လုံးဝ ခေတ်စား လာတာတွေ့ ရပါသတဲ့။

 

Ref& Translated by Shin Min Bo

Myanmar Advertising Directory

Read times
Rate this item
(0 votes)