-->
×

Warning

JUser: :_load: Unable to load user with ID: 29


Big Bad Wolf ရဲ့ ၂၀၂၀ အွန်လိုင်းစျေးရောင်းပွဲတော်မှ သင်သိထားသင့်သောအချက်များ

ကမ္ဘာ့အကြီးမားဆုံး စာအုပ်ဈေးပွဲတော်ကြီးဖြစ်သည့် Big Bad Wolf Books မှ ယခုနှစ်တွင် ကျင်းပပြုလုပ်မည့် အွန်လိုင်းစာအုပ်ဈေးရောင်းပွဲတော်အကြောင်းနှင့် လာမည့်အနာဂတ်အတွက် ၎င်းတို့၏ အစီအစဉ်များနှင့် ပတ်သက်၍ အကြောင်းအရာများကို ၂၀၂၀ ခုနှစ် ဒီဇင်ဘာလ ၁၆ ရက်နေ့ နေ့လည် ၂ နာရီတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

စာနယ်ဇင်းမိတ်ဆက်ပွဲတွင် ထုတ်ပြန်ကြေညာလိုက်သည်။ အဆိုပါ စာနယ်ဇင်းမိတ်ဆက်ပွဲတွင် Big Bad Wolf ၏ တည်ထောင်သူများဖြစ်ကြသည့် Andrew Yap၊ Jacqueline Ng တို့နှင့် အတူ Ready to Read Myanmar ၏ Director ဖြစ်ပြီး ၂၀၁၉ ခုနှစ်တည်းက မြန်မာနိုင်ငံတွင် စတင်ကျင်းပခဲ့သည့် Big Bad Wolf ၏ Organizer ဖြစ်သည့် ဦးမျိုးအောင်တို့က ပါဝင်ဆွေးနွေး ပေးခဲ့ကြသည်။

 

Big Bad Wolf အွန်လိုင်း စာအုပ်ပွဲတော်ကြီးသည် မြန်မာနိုင်ငံသို့ ဒီဇင်ဘာလ ၂၃ ရက်နေ့မှ ဒီဇင်ဘာလ ၃၀ ရက်နေ့ထိ ကျင်းပါ့မည်ဖြစ်ရာ ယခုအခါတွင် ပရိသတ်များတောင်းဆိုမှုကြောင့်ဇန်နဝါရီလ ၂ ရက်နေ့အထိ ကျင်းပမည်ဖြစ်ပါတယ်။ ယခုအကြိမ်တွင် ဖော်ပြပါ အွန်လိုင်းမှ တစ်ဆင့် https://comingsoon.bigbadwolfbooks.com စာအုပ်များကို ဝယ်ယူနိုင်ရန် စီစဉ်ကျင်းပပေးသွားမည်ဖြစ်သည်။ဒီဇင်ဘာ ၂၃ ရက်နေ့ ည ၁၂ နာရီမှ စတင်ကာ စာအုပ်များကို စတင်ဝယ်ယူနိုင်မည်ဖြစ်ပြီး ဇန်နဝါရီလ ၂ ရက်နေ့ ည ၁၁း ၅၉ မိနစ်အချိန်အထိ ၀ယ်ယူနိုင်မည်ဖြစ်သည်။

 

လက်ရှိအနေအထားများအရ စာပေချစ်သူများအနေဖြင့် မိမိအိမ်တွင်နေကာ အွန်းလိုင်းမှ တစ်ဆင့် လုံခြုံဘေးကင်းစွာ စာအုပ်များကို စနစ်အသစ်နှင့်အတူ ဝယ်ယူနိုင်မည်ဖြစ်သည်။ ယင်း Big Bad Wolf အွန်လိုင်းစာအုပ်ရောင်းပွဲတော်တွင် အင်္ဂလိပ်စာအုပ်ပေါင်း သန်း၂၀ ကျော်နှင့် စာအုပ်အမျိုးအစားပေါင်း ၄၀,၀၀၀ ကျော်ကို လက်လီဈေးထက် ၉၀ ရာခိုင်နှုန်း အထိ လျှော့ဈေးဖြင့် ရရှိနိုင်မည်ဖြစ်သည်။

 

"စာအုပ်ရောင်းပွဲတော်ကို ကိုယ်တိုင်လာရောက်ဝယ်ယူတယ်ဆိုတာမျိုးက နှစ်ကုန်ခါနီးပြီဆိုရင် ဒါဟာ အစဉ်အလာ တစ်ခုလိုတောင် ဖြစ်နေပါပြီ ဘာကြောင့်လဲဆိုရင် ကျွန်တော်တို့ရဲ့ ပရိသတ်တစ်ချို့က စာအုပ်ရောင်းပွဲတော် ဘယ်တော့ ပြန်လာမှာလဲ။ စာအုပ်ရောင်းပွဲတော်က ဒီလို Pandemic ကာလမှာရော ပြန်လာဦးမှာလား ဆိုပြီးမေးနေကြလို့ပဲ ဖြစ်ပါတယ်" ဟု Big Bad Wolf ၏ ပူးတွဲတည်ထောင်သူ Andrew Yap က ပြောကြားခဲ့သည်။

 

"ဒီအကြောင်းပြချက် ကြောင့်ပဲ ကျွန်တော်တို့အနေနဲ့ ပရိသတ်တွေကို နှစ်ကုန်ပြီဆိုရင် အစဉ်အလာအနေနဲ့ ကျင်းပလေ့ရှိတဲ့ ဒီစာအုပ် စျေးရောင်း ပွဲတော်မှာ အားလုံး သဘောကျတဲ့ စာအုပ်များစွာကို သက်သက်သာသာနဲ့ ဝယ်ယူနိုင်အောင်လို့ ဆက်လက်ပြီး ကျင်းပလိုက်ရပါတယ်" ဟု ၎င်းက ထပ်မံပြောကြားခဲ့သည်။ယခုနှစ် Big Bad Wolf အွန်လိုင်းစာအုပ်ရောင်းပွဲတော်ကို နိုင်ငံအတွင်းရှိ အဖွဲ့အစည်းများဖြစ်သည့် CB Bank ကပါ ပါဝင် အားဖြည့်ထားပြီး ဝယ်ယူသူများမှ အရောင်းပွဲတော် ကာလအတွင်း CB Bank card များနှင့် ဝယ်ယူပါက ၅ ရာခိုင်းနှုန်း လျှော့ဈေး ရရှိမည်ဖြစ်ကာ အများဆုံး ၁၀,၀၀၀ ကျပ်အထိ ငွေသားပြန်လည်ရရှိမည်ဖြစ်သည်။

 

ဝယ်ယူသူများအနေဖြင့် Contactless Payment အတွက် များစွာသော ရွေးချယ်မှုများရှိသောကြောင့် ပိုမိုလွယ်ကူ အဆင်ပြေစေမည်ဖြစ်ပြီး Mobile Banking သို့မဟုတ် အခြားဝန်ဆောင်မှုများဖြစ်သည့် 123 service (KBZ၊ CB၊ AYA၊ UAB၊ MAB m/banking)၊ Mobile Wallets (KBZ Pay၊ MPT Money၊ Mytel Pay၊ OK$၊ M-Pitesan၊ MSP၊ CBPay၊ Sai Sai Pay) တို့ဖြင့်လည်း ငွေပေးချေနိုင်မည်ဖြစ်သည်။

 

ယခုနှစ်တွင် မြန်မာနိုင်ငံအတွက်လည်း အထူးပရိုမိုးရှင်းများကို အသေးစိတ်ချမှတ်ထားပြီး မြန်မာငွေ ၆၀,၀၀၀ ကျပ်နှင့် အထက် ဝယ်ယူပါက Delivery အခမဲ့ ပို့ဆောင်ပေးခြင်း၊ White Star Classic Fairy Tales အတွက် တစ်အုပ်ဝယ် တစ်အုပ်လက်ဆောင်၊ Scholastic Interesting Facts အတွက် နှစ်အုပ်ဝယ် တစ်အုပ်လက်ဆောင်နှင့် Magical Deals အတွက် နှစ်အုပ်ဝယ် တစ်အုပ်လက်ဆောင်တို့အပြင် Big Books of Christmas Games တွင်လည်း အထူးပရိုမိုးရှင်းများ ပေးသွားမည်ဖြစ်သည်။

 

မြန်မာနိုင်ငံတွင် ကျင်းပမည့် အွန်လိုင်းစာအုပ်ဈေးရောင်းပွဲတော်ကို ထိုင်း၊ စင်ကာပူ၊ မလေးရှား ၊သီရိလင်္ကာ၊ ထိုင်ဝမ်နှင့် အင်ဒိုနီးရှားတို့တွင် ကျင်းပခဲ့သည့်အတိုင်း စီစဉ်ပြုလုပ်ပေးသွားမည်ဖြစ်သည်။ Big Bad Wolf ၏ ပူးတွဲတည်ထောင်သူ Jacqueline က "အရင်ကလို ကိုယ်တိုင်လာရောက်ဝယ်ယူနိုင်တဲ့ ဈေးပွဲတော်မျိုးကို အတတ်နိုင်ဆုံး ပြန်လည် ကျင်းပ နိုင်အောင် ကြိုးစားသွားမှာပါ။ အခုကတော့ အားလုံးရဲ့ လုံခြုံဘေးကင်းမှုအတွက် Delivery နဲ့ ပို့ဆောင်ပေးမှာဖြစ်ပြီး အွန်လိုင်းကနေ ငွေပေးချေတဲ့ စနစ်တွေကို ကျင့်သုံးသွားမှာပဲ ဖြစ်ပါတယ်" ဟု ပြောကြားခဲ့သည်။

 


“ဒီလို အွန်လိုင်းကနေတစ်ဆင့် စာအုပ်ရောင်းပွဲတော်ကို စီစဉ်ကျင်းပရခြင်းရဲ့ အကြီးမားဆုံးစိန်ခေါ်မှုကတော့ အားလုံးကို သုံးရတာ လွယ်ကူစေပြီး အရင်တုန်းက Big Bad Wolf စာအုပ်ပွဲတော်မှာ ဈေးဝယ်ထွက်နေသလို ခံစားချက်မျိုးကို ရရှိစေနိုင်မယ့် Platform တစ်ခုကို ဖန်တီးရခြင်းပဲ ဖြစ်ပါတယ်” ဟု Andrew Yap က ပြောကြားခဲ့သည်။ “ကျွန်တော်တို့က ဈေးဝယ်သူတွေကို အိမ်မှာ အေးအေးဆေးဆေးနေပြီး စာအုပ်ပေါင်းများစွာကို သက်သောင့်သက်သာနဲ့ ရှာဖွေဝယ်ယူ နိုင်မယ့် အတွေ့အကြုံတစ်ခုကို ခံစားစေချင်ပါတယ်။

 

အခြားနိုင်ငံတွေမှာ ပြုလုပ်ခဲ့တဲ့ ကျွန်တော်တို့ရဲ့ အတွေ့အကြုံ အရဆိုရင် ဒီ E-commerce Platform ကို ပိုပြီး တိုးတက်အောင်ပြုလုပ်နိုင်ခဲ့တဲ့ အခွင့်အရေးတစ်ခုရှိခဲ့ပြီး ပိုကောင်းတဲ့ Online Shopping အတွေ့အကြုံကို ပေးစွမ်းနိုင်ခဲ့ပါတယ်။ ဒီအချိန်မှာလည်း အခုလို အွန်လိုင်း စာအုပ်ဈေးပွဲတော်ကို ကျင်းပနိုင်ဖို့အတွက် သေချာအကောင်းဆုံး ပြင်ဆင်ပြီးပြီဆိုတာကိုလည်း ကျွန်တော်တို့ကိုယ်တိုင် ယုံကြည်ပါတယ်" ဟု ဖြည့်စွက် ပြောကြားခဲ့သည်။

 

ယခုနှစ် အွန်လိုင်းစာအုပ်စျေးရောင်းပွဲတော်တွင် စာပေချစ်သူများအနေဖြင့် များစွာသော စာအုပ်အမျိုးအစားများကို ဝယ်ယူရရှိနိုင်မည်ဖြစ်သည်။အရောင်းရဆုံးစာအုပ်များ၊ သိပ္ပံစိတ်ကူးယဉ်စာအုပ်၊ အချစ်ဝတ္ထု၊ စာပေရေးရာ၊ ကာတွန်း ဂရပ်ဖစ်များ၊ စီးပွားရေးစာအုပ်၊ တက်ကျမ်း၊ ဗိသုကာပညာဆိုင်ရာစာအုပ်၊ ချက်ပြုတ်နည်းစာအုပ်များအပြင် အခြား စာအုပ်ပေါင်းများစွာကို Website တစ်ခုတည်းမှ အဆင်ပြေချော့မွေ့စွာ ရှာဖွေနိုင်ရန် စီစဉ်ထားသည်။

 

Big Bad Wolf သည် ၎င်း၏ အမျိုးအစား စုံလင်လှသော ကလေးစာအုပ်များကြောင့်လည်း လူသိများလျက်ရှိပြီး ယခု စျေးရောင်း ပွဲတော်တွင်လည်း ကလေးငယ်များအနေဖြင့် မိဘများနှင့်အတူ နေအိမ်တွင် လုံခြုံစွာ ဖတ်ရှုနိုင်ရန်အတွက် ပုံပြင် စာအုပ်များ၊ လှုပ်ရှားမှုစာအုပ်များ၊ ရုပ်ပြစာအုပ်များ၊ ဆေးရောင်ခြယ်စာအုပ်များ၊ ရုပ်ပုံစာအုပ်များနှင့် Interactive ပြုလုပ် နိုင်သော စာအုပ်များကိုပါ ရွေးချယ်ဝယ်ယူနိုင်မည်ဖြစ်သည်။



Big Bad Wolf ၏ Organizer ဖြစ်ပြီး Ready to Read Myanmar ၏ Director ဖြစ်သူ ဦးမျိုးအောင်က “ယခုနှစ် အွန်လိုင်း စာအုပ်အရောင်းပွဲတော်ကို ကျင်းပပြုလုပ်ရတာဟာ မြန်မာနိုင်ငံ၏ ဒီဂျစ်တယ်ကူးသန်းရောင်းဝယ်ရေးကို မြှင့်တင်ရာလည်း ရောက်ပါတယ်” ဟု ပြောကြားခဲ့သည်။ ဆက်လက်၍ "ကျွန်တော်တို့ရဲ့ စာပေချစ်သူတွေ ဝယ်ယူတဲ့ အခါမှာ အဆင်ပြေချောမွေ့အောင်၊ လူကိုယ်တိုင်သွားဝယ်တဲ့အခါ ရရှိတဲ့ အတွေ့အကြုံအတိုင်း ရရှိနိုင်အောင် အသုံးပြုသူတွေ အဆင်ပြေနိုင်မယ့် Platform တစ်ခုကို ဖန်တီးခဲ့ပါတယ်။

 

ကျွန်တော့်တို့ရဲ့ Support Team (This email address is being protected from spambots. You need JavaScript enabled to view it.) ကလည်း လူတိုင်းရဲ့ စာအုပ်ဝယ်တဲ့ လုပ်ငန်းစဥ်တစ်လျှောက် ပိုမိုလွယ်ကူအောင် ကူညီပေးဖို့ အသင့်ရှိနေပါတယ်။ ဝက်ဘ်ဆိုက်မှာ ရှာဖွေနေရင်းနဲ့ အခက်အခဲတစ်စုံတစ်ရာတွေ့ကြုံလာခဲ့ရင် ကူညီပေးဖို့အတွက် သူတို့က လက်တစ်ကမ်းမှာ ရှိနေမှာပါ" ဟု ထပ်မံ ပြောကြားခဲ့သည်။သတင်းမီဒီယာများနှင့် ပြုလုပ်ခဲ့သည့် အမေးအဖြေကဏ္ဍတွင် ပူးတွဲတည်ထောင်သူ Jacqueline Ng သည် အထူးသဖြင့် ယခုကဲ့သို့ Pandemic ဖြစ်ပွားနေသည့် အချိန်မျိုးတွင် ပြုလုပ်ကျင်းပသော စာအုပ်စျေးရောင်းပွဲ၏ ရည်ရွယ်ချက်ကိုလည်း အဓိကထား ပြောကြားခဲ့သည်။

 

"အခုအချိန်ဟာ ကပ်ရောဂါ ဖြစ်ပွားနေတဲ့ အချိန်ဖြစ်ပြီး အချို့နေရာတွေဟာ အသွားအလာကန့်သက်ခံထားရတာကို ကျွန်မတို့အနေနဲ့ သိရှိထားပါတယ်။ ဒါပေမဲ့ ကျွန်မတို့ရဲ့ရည်ရွယ်ချက်က လူတွေအိမ်မှာပဲ နေနေစဉ်မှာ စာပေဖတ်ရှုတာကို ခံစားနိုင်ဖို့စေဖြစ်ပါတယ်" ဟု Ng က ပြောကြားခဲ့သည်။ "စာအုပ်တွေက အသိပညာဗဟုသုတအတွက် ပထမဆုံးရင်းမြစ်ပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ စိတ်မကောင်းစွာပဲ အင်္ဂလိပ်စာအုပ်တွေရဲ့ မြင့်များတဲ့ စာအုပ်စျေးနှုန်းတွေကြောင့် စာဖတ်သူ အများစုရဲ့လက်ထဲကိုမရောက်နိုင်ဘဲ ဖြစ်နေပါတယ်။ ''

 

'' သန်းနဲ့ ချီတဲ့ အရည်အသွေးမီ အင်္ဂလိပ်စာအုပ်တွေကို လက်လှမ်းမီ နိုင်အောင် ပြုလုပ်ပေးခြင်းအားဖြင့် စိတ်ကူးစိတ်သန်းတွေ ဖန်တီးတဲ့နေရာမှာ အထောက်အကူဖြစ်စေမှာပါ။ ဒါ့အပြင် စာဖတ်ခြင်းက ဆန်းသစ်တဲ့ အတွေးအခေါ်တွေကို ပျိုးထောင်ပေးနိုင်ပြီးတော့ အနာဂတ်မျိုးဆက်တွေကို အားပေးကူညီ နိုင်မယ်လို့ ရည်ရွယ်ထားပါတယ်။ ''

 

'' လက်လှမ်းမီတဲ့ နှုန်းထားနဲ့ စာအုပ်တွေကို ကမ္ဘာတစ်လွှားက နိုင်ငံတွေမှာ ရရှိနိုင်အောင် လုပ်နိုင်ဖို့က ကျွန်မတို့ရဲ့ အဓိက ရည်ရွယ်ချက်ပါပဲ။ ဒါ့ကြောင့်လည်း ကျွန်မတို့က ကျွန်မတို့ရဲ့စျေးဝယ်သူတွေကို လက်လီစျေးနှုန်းရဲ့ ၉၀ ရာခိုင်နှုန်းအထိ လျှော့ထားတဲ့ စာအုပ်တွေကို ဒီအွန်လိုင်း စာအုပ်စျေးရောင်းပွဲမှာ ရောင်းချ ပေးသွားမှာပဲ ဖြစ်ပါတယ်" ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

 

မလေးရှားနိုင်ငံ Petaling Jaya တွင် ၂၀၀၉ ခုနှစ်၌ စတင်တည်ထောင်ခဲ့သော Big Bad Wolf စာအုပ်အရောင်းပွဲတော်သည် မြန်မာ၊ ထိုင်း၊ အင်ဒိုနီးရှား၊ သီရိလင်္ကာ၊ ဖိလစ်ပိုင်၊ ကမ္ဘောဒီးယား၊ မြောက်ကိုရီးယား၊ UAE နိုင်ငံများ၊ ပါကစ္စတန်၊ ထိုင်ဝမ်နှင့် နောက်ဆုံး ပါဝင်လာသော စင်္ကာပူတို့ အပါအဝင် နိုင်ငံပေါင်း ၁၂ နိုင်ငံရှိ မြို့ ၃၄ မြို့တွင် လှည့်လည်ကျင်းပလျက်ရှိသည်။ မြန်မာနိုင်ငံတွင် နောက်ဆုံးကျင်းပခဲ့သော Big Bad Wolf စာအုပ်အရောင်းပွဲတော်ကို မကြာသေးမီက ရန်ကုန်မြို့၌ ယခုနှစ် ဇန်နဝါရီလ ၁၀ရက်မှ ၂၀ ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့သည်။

 

မြန်မာနိုင်ငံတွင်ကျင်းပမည့် Online Book Sale ၏ နောက်ဆုံးသတင်းအကြောင်းအရာများကိုလည်း Big Bad Wolf Book Facebook Page https://www.facebook.com/bbwbooks/ တွင်လည်း ကြေညာသွားမည်ဖြစ်သည်။

 

Big Bad Wolf Book စာအုပ်စျေးပွဲတော်အကြောင်း

===================

 

Andrew Yap နှင့် Jaqueline Ng တို့သည် Big Bad Wolf Book Sale ကို ၂၀၀၉ ခုနှစ်တွင် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့၌ နိုင်ငံတကာစာပေဖြန့်ဖြူးသူများထံမှ ပိုနေသောစာအုပ်များဖြင့် Warehouse Sale အဖြစ် စတင်ခဲ့ သည်။ ချိုသာသော နှုန်းထားများနှင့် စာအုပ်များကို အလွယ်တကူရရှိနိုင်မှုတို့သည် ကြီးမားသော ဆွဲဆောင်မှုဖြစ်ခဲ့ပြီး Big Bad Wolf Sale သည် အချိန်တိုအတွင်းမှာပင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အထင်ကရဖြစ်လာခဲ့သည်။

 

အင်္ဂလိပ်စာအုပ်အသစ်စက်စက်များကို လက်လီနှုန်းများ၏ ၇၅ ရာခိုင်နှုန်းမှ ၉၅ ရာခိုင်နှုန်း အထိ လျော့စျေးများဖြင့် ရောင်းချခြင်းနှင့် အသက်အရွယ်မရွေး လူများအားလုံးကို လက်လှမ်းမီစေပြီး စာပေဖတ်ရှုခြင်း၏ ပျော်ရွှင်မှုကို ရှာဖွေရာတွင် အားပေးရန် မူလ ရည်ရွယ်ချက်ဖြင့် Big Bad Wolf သည် Fiction၊ Non-fiction Bestsellers၊ Young Adult Fiction များနှင့် ကလေးဖတ် စာအုပ်အတွဲများ အပါအဝင် စာပေအမျိုးအစားအစုံအလင်ကို ရောင်းချပေးလျက်ရှိသည်။

 

စာအုပ်အရောင်းပွဲတော်သည် မလေးရှားနိုင်ငံရှိ မြို့များသို့ လှည့်လည် ကျင်းပခဲ့ပြီးနောက် ကမ္ဘာတစ်လွှားရှိ စာဖတ်သူများ အတွက် လက်လှမ်းမီအောင် ပြုလုပ်နိုင်ရန် ရည်ရွယ်ချက်ကို ရပ်တန့်မပစ်ဘဲ နိုင်ငံရပ်ခြားနိုင်ငံများဖြစ်သည့် ထိုင်းနိုင်ငံ၊ အင်ဒိုနီးရှား၊ သီရိလင်္ကာ၊ မြန်မာ၊ ဖိလစ်ပိုင်၊ ထိုင်ဝမ်၊ ပါကစ္စတန်၊ ကိုရီးယားနှင့် UAE နိုင်ငံ များသို့ပါ ခြေဆန့်လျက်ရှိသည်။

 

BBWn.PNG

 

Myanmar Advertising Guide 

Read times
Rate this item
(0 votes)