-->
×

Warning

JUser: :_load: Unable to load user with ID: 29



ကြော်ငြာ လုပ်ငန်းရှင်တွေ အတွက် အရမ်းအသုံးဝင်တဲ့  Instagram ရဲ့ Video Tip လေးများ google


 


 


 


 

အောင်မြင်မှု ပန်းတိုင်ကို လမ်းပြနေတဲ့ မြေပုံ ( ၇ ) ခု












<<<UNICODE>>>

 

ကြော်ငြာ လုပ်ငန်းရှင်တွေ အတွက် အရမ်းအသုံးဝင်တဲ့ Instagram ရဲ့ Video Tip လေးများ

===========================================================

အခုမြန်မာနိုင်ငံမှာ Facebook အပြင် Instagram ပါအသုံးများလာကြပါတယ်။ Instagram မှာလည်း သင့်ရဲ့လုပ်ငန်း သင့်ရဲ့စီးပွားရေး ကို ကြော်ငြာလို့ရပါတယ်။


သင့်ရဲ့ Business ကို Instagram မှာ Promote လုပ်ပေမဲ့ ရသင့်တဲ့ ရလဒ်တွေ မရရှိခဲ့ဘူးဆိုရင်တော့ သင်ဟာ Instagram Feature/ Instagram ရဲ့လုပ်ဆောင်နိုင်စွမ်း တွေကို သေချာမသိသေးလို့ပဲ ဖြစ်ပါတယ်။

 

Instagram ပေါ်မှာ Run နေတဲ့ Business တော်တော်များများဟာ Branding လုပ်တဲ့အခါမှာ များပြားလွန်းတဲ့ Instagram Video Option တွေနဲ့ အပြိုင်အဆိုင် Branding ပြုလုပ်နေကျပါပြီ။
မိမိရဲ့ Product ကို ကြေငြာကျတဲ့ အခါမှာ ပုံ နဲ့တကွ Post တင်တဲ့ နည်းလမ်းဟာ လက်ရှိအသုံးဝင်နေတဲ့ နည်းလမ်းတစ်မျိုး ဖြစ်ပါတယ်။
ဒါပေမဲ့ အဲ့ဒီနည်းလမ်းက အချိန်သေချာပေးပြီး ပြုလုပ်ထားတဲ့ Branding Video နဲ့ ယှဉ်လိုက်မယ်ဆိုရင်တော့ ရလဒ်က ကျဆင်းသွားမှာ ဖြစ်ပါတယ်။

 

မိတ်ဆွေတို့ အတွက် အသုံးဝင်စေမဲ့ Instagram Video Tip တွေကိုဖော်ပြပေးမှာဖြစ်ပါတယ်။

 

အိုင်ယာလန်ဥပဒေကုမ္ပဏီတစ်ခု သူ၏လုပ်ဆောင်မှု တစ်ခုကြောင့် ဂုဏ်သတင်းမွှေးပျံ့

 

Instagram Video Post တင်ခြင်းဟာ သိသိသာသာ အကျိုးရရှိတဲ့အချက်တစ်ချက်ဖြစ်ပါတယ်။
သင့် Product ရဲ့ Video Clip ဟာ User တွေရဲ့ Newsfeed မှာ Automatic Play (အလိုအလျောက် ပွင်)့ သွားမှာဖြစ်တဲ့ အတွက် သင့် Product Information ( ထုတ်ကုန် / လုပ်ငန်း အကြောင်းသတင်းအချက်အလက် ) ကိုအနည်းနဲ့ အများတော့ သိရှိသွားမှာဖြစ်ပါတယ်။


သင့်ရဲ့ Product၊ Service ကို Highlight လုပ်ပေးတဲ့ Video တွေကို ပြုလုပ်သင့်ပါတယ်။ ဒီလို Video တင်မယ်ဆိုရင်တော့ Creative ဖြစ်တဲ့ Image( ဆန်းသစ်တဲ့ပုံ ) ကို Video အစမှာထားပြီး User ( အသုံးပြုသူ) တွေ Click လုပ်ချင်စိတ် ကြည့်ချင်စိတ် ဖြစ်ပေါ်လာအောင် ပြုလုပ်ဖို့ လိုအပ်ပါတယ်။


DIY Video တွေကို တစ်ခါတစ်လေမှာ User တွေအတွက် Post တင်ပေးခြင်းကလည်း၊ ကိုယ့် Product ပိုပြီး User Engagement ရရှိစေပါတယ်။ ဒီအချက်ကိုတော့ အလှကုန်ပစ္စည်း ကုမ္ပဏီတွေ အသုံးများတဲ့ Video Option တစ်ခုအနေနဲ့ လည်းတွေ့ရှိရပါတယ်။


ယာယီ Post တင်ချင်တဲ့ အကြောင်းအရာတွေ၊ Promotion တွေကိုပြုလုပ်မယ် ဆိုရင်တော့ Instagram Stories ဟာအကောင်းဆုံး အသုံးဝင်တဲ့ နေရာပဲဖြစ်ပါတယ်။ ၂၄ နာရီအတွင်းကြေညာချင်တဲ့ Information ( သတင်းအချက်အလက်) တွေ ကိုဆိုရင် Instagram Stories မှာ Video Post တင်ပြီးအသုံးပြုနိုင်ပါတယ်။


ယခုဖော်ပြပေးခဲ့တဲ့ Tip နည်းလမ်းတွေကတော့ မိတ်ဆွေတို့ အတွက် အသုံးဝင်စေမဲ့ Instagram Video Tip တွေဖြစ်တဲ့အတွက် မသုံးကြည့်ရသေးတဲ့ Tip တွေရှိခဲ့တယ်ဆိုရင် ကိုယ့်လုပ်ငန်းနဲ့ ကိုက်ညီတဲ့ နည်းလမ်းကို စမ်းသပ် အသုံးပြုကြည့်ဖို့ အကြံပြုပါတယ်။


Source; SEO Myanmar

Myanmar Advertising Directory 

Read times
Rate this item
(0 votes)