-->
×

Warning

JUser: :_load: Unable to load user with ID: 29


ကုန်အမှတ်တံဆိပ်များမှာပါဝင်တဲ့ ® သင်္ကေတ ဖော်ညွှန်းချက်

သင့်အနေနဲ့ ကုန်အမှတ်တံဆိပ်များကို သေချာ ဂရုပြု ကြည့်မိသူဆိုရင် အမှတ်တံဆိပ်လေးမှာ ပါဝင်တဲ့ စက်ဝိုင်းပုံ လေးထဲက R လေးကို တွေ့ကြမှာပါ။Registered လို့ အဓိပ္ပါယ်ရပြီး မှတ်ပုံတင်ပြီးလို့ အဓိပ္ပါယ်ရပါသည်။

အဆိုပါ သင်္ကေတ လေးကို သာမာန်မျက်စိနဲ့ ကြည့်တဲ့ သူတွေဆိုရင်တော့ သာမာန်သင်္ကေတ လေးတစ်ခုလို့မြင်မှာ ဖြစ်ပေမယ့် စျေးကွက်မြှင့်တင်ရေးသမားများ အနေနဲ့ သိထားသင့်တာကတော့ အဆိုပါ သင်္ကေတလေးဟာ နိုင်ငံ ရဲ့ မူပိုင်ခွင့်နှင့်ကုန်အမှတ်တံဆိပ်ရုံး (PTO) မှ တရားဝင် အသိမှတ်ပြုထားတဲ့ ကုန်အမှတ်တံဆိပ် မှတ်ပုံတင်အမှတ်အသားဖြစ်ပါသည်။

 

ထိုသို့မှတ်ပုံတင်အမှတ်သား ဖြစ်ဖို့ကို စီးပွားရေး လုပ်ငန်းရှင် ကုန်အမှတ်တံဆိပ်ပိုင်ရှင်များ အနေနဲ့ မူပိုင်ခွင့်နှင့်ကုန်အမှတ်တံဆိပ်ရုံး မှ ချမှတ်တဲ့ နည်းနာများကို လိုက်နာ ရပါတယ်။သင့်အနေနဲ့ စည်းစနစ်တကျ လုပ်ထားနိုင်မှသာ မူပိုင်ခွင့်နှင့်ကုန်အမှတ်တံဆိပ်ရုံး က လက်ခံပေးမှာဖြစ်ပြီ အဆိုပါ ကုန်အမှတ်တံဆိပ် မှတ်ပုံတင်အမှတ်အသားလေးကို ရရှိဖို့ ၆ လ လောက်တန်းစီစောင့်ရမှာဖြစ်ပါသည်။

 

ထိုသို့မှတ်ပုံတင်ပြီးပါက သင်လုပ်ငန်းဟာ သင်လုပ်ကိုင်လည်ပတ်နေတဲ့ နယ်ပယ်မှာ တရားဝင်ဖြစ်သွားပြီမို့ သင့်အနေနဲ့ လုပ်ပိုင်ခွင့်များစွာရှိသွားပါပြီ။လုပ်ငန်းတစ်ခုခုက သင့်ကို တုပ ပါက တရားရုံးမှာ တရားခွင်ဝင်ပြီ ဆိုပါတော့ သင်ပဲအနိုင်ရရှိတော့မှာပါ သင့်ရဲ့ ကုန်အမှတ်တံဆိပ်ကို မည်သူမှ အတုအပ လုပ်လို့မရတော့မှာဖြစ်သလို လုပ်ပါကလည်း သူတို့အနေနဲ့ ငွေဒါဏ် နဲ့ ထောင် ဒဏ်နှစ်ရပ်စလုံကျသင့်မှာပါ။

 

အမေရိကန်မှာ ၁၉၄၆ ခုနှစ်ထဲက ကုန်အမှတ်တံဆိပ်တရားဝင်မှတ်ပုံတင်နိုင်ခဲ့တာဖြစ်ပြီး အမေရိကန်မှာ ယခု တရားဝင်မှတ်ပုံတင်ပြီဆိုပါတော့ ဒေါ်လာ ၅၀၀ ကနေ ၁၂၀၀ လောက်ကုန်ကျပါတယ် သင့်လုပ်ပုံကိုင်ပုံပေါ်မှုတည်ပါတယ်။ ဘာကြောင့်မှတ်ပုံတင်ဖို့လိုအပ်သလဲ ... သင့် Brand လှုံခြုံမှု အတွက် သင့်အနေနဲ့ မှတ်ပုံတင်ဖို့လိုအပ်ပါတယ်၊သင့် Brand ဂုဏ်သိက္ခာ တင့်တယ် နေစေဖို့ မှတ်ပုံတင်ဖို့လိုအပ်ပါတယ်။လက်ရှိမှာ Mc Donald အပါအဝင် Burger King နဲ့ Adidas စတဲ့ လုပ်ငန်းစုတွေဟာအသီးသီး မှတ်ပုံတင်ထားကြတာ ၎င်းတို့ Logo ထဲတွင် ထည့်သွင်းဖော်ပြကြပါတယ်။

Read times
Rate this item
(0 votes)