-->
×

Warning

JUser: :_load: Unable to load user with ID: 29


Customer နဲ့ Consumer ဘာတွေကွာလဲ ?

တစ်ခါတစ်ရံမှာ ဝယ်သူဖောက်သည်တွေကို Customer ခေါ်လိုက်၊ Consumer ခေါ်လိုက်နဲ့ ဘာကွာတာလည်းမသိ ဖြစ်နေတက်ပါတယ်။အခု Customer နဲ့ Consumer ဘာတွေကွာလဲဆိုတာ ပြောပြပေးမှာဖြစ်ပါတယ်။


Customer  (A person who buys goods or services from a shop or business )

Customer ဆိုတာကတော့ တစ်စုံတစ်ဦးက မိမိ ရဲ့ ကုန်ပစ္စည်း (သို့) ဝန်ဆောင်မှုကို ဝယ်ယူတယ်ဆိုရင် အဲဒါကို Customer လို့ခေါ်ပါတယ်။ Customer ဆိုတာ ၊ မိမိ သုံးဖို့အတွက်လည်း ဝယ်တာဖြစ်ချင်ဖြစ်မယ် (သို့) ဒါမှမဟုတ် ပြန်ရောင်းဖို့လည်း ဝယ်တာဖြစ်မယ်။ မိမိ ကုန်ပစ္စည်းကို ပြန်ရောင်းသူ လက်လီဆိုင်ကို Customer လို့ခေါ်မယ်။ ဥပမာ - ကိုယ်က ကော်ဖီမစ်ရောင်းတယ်ဆိုပါစို့ ။ အဲဒီကော်ဖီမစ်ကို လက်လီဆိုင်က ဆိုင်ရှင် အန်တီကြီးကဝယ်ရင် Customer လို့ဆိုမယ်။ သူက ပြန်လည်းရောင်းမယ်။ သူကိုယ်တိုင်လည်း သုံးတဲ့အခါ သုံးမယ်။


Consumer  (A person who purchases goods and services for personal use)

Consumer ကတော့ တစ်စုံတစ်ဦးက သူသုံးဖို့အတွက် ကုန်ပစ္စည်း (သို့) ဝန်ဆောင်မှု့ကို ဝယ်ယူရင် Consumer လို့ခေါ်ပါတယ်။ Consumer ကို End User လို့လည်းဆိုပါတယ်။ သူကတော့ သုံးစွဲသူပါ ။ ကော်ဖီမစ် ကို အထုတ်ဖောက် သောက်သူပါ။ ကိုယ်တိုင်သုံးစွဲသူဖြစ်ပါတယ်။


ဒီတော့ မိမိရောင်းချတဲ့ ကုန်ပစ္စည်း ၊ ဝန်ဆောင်မှု နဲ့ပတ်သက်ပြီး Customer Feedback ရော ၊ Consumer Feedback ရော နားထောင်သင့်ပါတယ်။ Customer က မိမိ ကုန်ပစ္စည်းအပေါ် သုံးတာရော ရောင်းသူပါဖြစ်လို့ သူ့လိုချင်တာနဲ့ လိုအပ်တာက Consumer ရဲ့ လိုအပ်တာနဲ့ မတူပြန်ပါဘူး ။ တစ်ခါတစ်ရံမှာ ဝယ်သူတွေက သူတို့ ဝယ်ယူပေမယ့် ဝယ်ယူသူနဲ့ သုံးစွဲသူ တစ်ထပ်တည်းမကျတဲ့ ကုန်ပစ္စည်းတွေ ရှိပါတယ်။


ဝယ်သူနဲ့ သုံးစွဲသူ မတူတဲ့အခါ မိမိကုန်ပစ္စည်း ကို ကြော်ငြာတဲ့ (Message) ကလဲ တူမှာမဟုတ်ပါဘူး။ ဥပမာ - ကိုယ်က နို့မှုန့် ရောင်းတယ်ဆိုရင် သုံးစွဲသူက ကလေးဖြစ်ပေမယ့် ဝယ်မှာက မိဘတွေဖြစ်တာကြောင့် ပေးရမယ့် message (သတင်းစကား) က မိဘ ကိုပေးရမှာဖြစ်ပါတယ်။ ဒီနို့မှုန့် ကိုသောက်ရင် ကျမ်းမာတယ် ၊ ကြီးထွားစေတယ် ၊ ဉာဏ်ကောင်းတယ် စသည်ဖြစ်ပေါ့။


ကိုယ်က သင်္ကန်းရောင်းသူဆိုရင် ဝတ်ဆင်မှာက သံဃာတော် ။ ဝယ်မှာက အလှုရှင် ။ ဒီတော့ပေးရမယ့် message က အလှုရှင်ဖြစ်တဲ့ ဒကာ ၊ ဒကာမတွေကို ပေးရမှာဖြစ်ပါတယ်။ “ပေးလို့အကုန်လှု၍ မခမ်းဇောတိကသင်္ကန်း” ဆိုတာမျိုးပါ ။ ဒီသင်္ကံန်းလှုရင် ဒီလိုအကျိုးရှိမယ်ဆိုတဲ့ message မျိုးပါ။


မိတ်ဆွေတို့ ကုန်ပစ္စည်းတွေ ဝယ်ယူနေတဲ့သူတွေက ကိုယ်တိုင်သုံးကြမှာလား၊ တဆင့်ပြန်ရောင်းမဲ့သူတွေလား သိရင် ဘယ်လိုရောင်းကြရမယ် ဆိုတာ သိလာပါလိမ့်မယ်။


Myanmar Advertising Directory

Read times
Rate this item
(1 Vote)