-->
×

Warning

JUser: :_load: Unable to load user with ID: 29


ကြော်ငြာတစ်ခုမှာ ကုန်ပစ္စည်းရဲ့တန်းဖိုးကိုပြသနိုင်ဖို့ စဉ်းစားသင့်တဲ့အချက်များ

ကုန်အမှတ်တံဆိပ်ရဲ့တန်ဖိုးဆိုတာ ကိုယ်ရည်ကိုယ်သွေးပါပဲ။ကုန်ပစ္စည်းမှာလည်း လူတွေလိုကိုယ်ရည်ကိုယ်သွေး ရှိပါတယ်။ ဒါက ဈေးကွက်ထဲမှာနေရာရဖို့ ဒါမှမဟုတ် ပျောက်မသွားစေဖို့ပါ။ ကုန်ပစ္စည်းရဲ့ နာမည်၊ ထုတ်ပိုးမှု၊ ဈေးနှုန်း၊ ကြော်ငြာတွေအပြင် အဲ့ဒါတွေထက်ပိုပြီးအရေးပါတာက ကုန်ပစ္စည်းရဲ့သဘာဝဖြစ်ပြီး ဒါတွေအားလုံးရဲ့အချိုးကျပေါင်းစည်းမှှုကနေ ကုန်ပစ္စည်းရဲ့ကိုယ်ရည်ကိုယ်သွေး ဖြစ်လာစေတာပါ။

 

ကြော်ငြာတိုင်းက ကုန်အမှတ်တံဆိပ်ရဲ့ပုံရိပ်ကို အသေအချာပြသနိုင်ဖို့ စဉ်းစားသင့်ပါတယ်။ တစ်နှစ်ပြီးတစ်နှစ် ကြော်ငြာမှာဒီတစ်ပုံတည်းကိုပဲ လူတွေမှတ်မိတဲ့အထိ သုံးဖြစ်လာစေတယ်။ လုပ်နိုင်ဖို့တော့ မလွယ်ဘူး။ ကြော်ငြာမှာ အမြဲတမ်း အသစ်အသစ်ကိုပဲ ပြောင်းပြီးသုံးစေချင်ကြတယ်။ အေဂျင်စီအသစ်က ဖြစ်ဖြစ်၊ အေဂျင်စီ ဒါရိုက်တာ အသစ်ကဖြစ်ဖြစ် သူလုပ်ထားတာလေး ကျန်ခဲ့စေချင်တော့ အပြောင်းအလဲတွေ လုပ်ချင်ကြတယ်။

 

ဒါတွေက ကုန်ပစ္စည်းအများစုကို ပုံရိပ်ကောင်းဖြစ်လာစေဖို့ တွန်းအားဖြစ်စေပါတယ်။ ပထမတန်းလက်မှတ် တစ်ခုလိုပေါ့။ ကုန်ပစ္စည်းအတွက် အထူးအရေးပါမှုတစ်ခုဖြစ်ပြီး အမှတ်တံဆိပ်အမည်က မိတ်ဆွေတွေ ကြားထဲမှာ ခွဲခြားမြင်သာစေပါတယ်။ သင့်ရဲ့ ကြော်ငြာက သိပ်ဈေးပေါနေမယ်၊ စုတ်ချာနေမယ်ဆိုရင် အဲ့ဒါက ကုန်ပစ္စည်းကိုဒုက္ခပေးနိုင်ပါတယ်။ ညံ့ဖျင်းတဲ့ ကုန်ပစ္စည်းတွေကို ဘယ်သူကသုံးချင်မှာလဲ။

 

လူတစ်ချို့ Grand Dad (သို့) Taylor သောက်နေချိန်မှာ အချို့က Jack Daniel’s ဘာကြောင့် ရွေးချယ်ကြတာလဲ။ သူတို့က ၃မျိုးလုံးသောက်ပြီး နှိုင်းယှဉ်ထားကြတာလား။ ရယ်စရာမမှတ်ပါနဲ့။ တံဆိပ်သုံးမျိုးလုံးက မတူညီတဲ့ လူတွေအတွက် ကွဲပြားတဲ့တန်ဖိုးတွေရှိနေပါတယ်။ ဒါက ဝီစကီကို ရွေးချယ်တာ မဟုတ်ဘဲ၊ ကုန်ပစ္စည်းရဲ့ ပုံရိပ်ကို ရွေးချယ်တာဖြစ်တယ်။ အရက်ကုမ္ပဏီတွေ ကုန်ပစ္စည်းရောင်းရစေတဲ့ တကယ့်အချက်အလက်တွေထဲမှာ ၉၀ ရာခိုင်နှုန်းလောက်က ကုန်ပစ္စည်းရဲ့ပုံရိပ်ဖြစ်နေပါတယ်။

 

ကြော်ငြာလောက အိုဂစ်ဗီး (ဘာသာပြန်) စာအုပ်မှ ကိုးကားဖော်ပြသည်။

 

Myanmar Advertising Guide

Read times
Rate this item
(1 Vote)