-->
×

Warning

JUser: :_load: Unable to load user with ID: 29


ကမ္ဘာ့ နာမည်ကြီး အားကစား ပစ္စည်း ကုန်အမှတ်တံဆိပ်များ

အားကစားပစ္စည်းကုန်အမှတ်တံဆိပ်တွေဆိုတာ လူငယ်တွေဖြစ်တဲ့ Gen Z တွေကို အမြဲ ဈေးကွက်နဲ့ဆွဲဆောင်နေတာမျိုးပါ။Sportswear လို့ ပြောလိုက်ရင် Hoodie တွေ ဂျာစီတွေ နဲ့ ဖိနပ်တွေကို မြင်မိကြမှာပါ။ နောက်တစ်ခု မေးချင်တာက ဘယ်တံဆိပ်တွေကို ပြေးမြင်မိပါသလဲ။ ကမ္ဘာပေါ်က နာမည်အကြီးဆုံး Sportswear brand တွေက ဘာတွေများပါလဲ။

 

(၁) Nike

 

အမှန်ခြစ်လက္ခဏာလေးကို မြင်ရင် ဒါ Nike ပဲလို့ အားလုံး သိကြပါတယ်။ ၁၉၆၄ ခုနှစ်က စပြီး တည်ထောင်ခဲ့တဲ့ Nike brand ဟာ ကမ္ဘာ့အကြီးဆုံး အားကစားဝတ်စုံအမှတ်တံဆိပ်တစ်ခု ဖြစ်ပါတယ်။ ဆန်းသစ်မှုရှိတဲ့ ဒီဇိုင်း ၊ နည်းပညာပိုင်း ရှေ့ပြေးမှုတွေနဲ့ အမိုက်စား မားကတ်တင်းတွေကြောင့်လည်း အခုလို နာမည်ကျော်တာပါ။

 

Nike ဟာ ကမ္ဘာ့အတော်ဆုံး ဖက်ရှင်ဒီဇိုင်နာတွေနဲ့ တွဲပြီး ထိပ်တန်း အားကစားသမားတွေအတွက် ဖိနပ်တွေလည်း ထုတ်ပါတယ်။ Nike ထုတ် Nike Air Max 1 ၊ Nike Air Jordan စီးရီး ဖိနပ်တွေဆို လူငယ်အားလုံးရဲ့ အိပ်မက်လို့တောင် ဆိုနိုင်ပါတယ်။

 

(၂) Adidas

 

Adidas ဟာ ကမ္ဘာ့အားကစားဝတ်စုံအမှတ်တံဆိပ်တစ်ခုအဖြစ် ထင်ပေါ်ကျော်ကြားလာတာ ရာစုနှစ်တစ်ဝက်ကျော်နေပါပြီ။ ဂျာမန်အမှတ်တံဆိပ်တစ်ခုဖြစ်တဲ့ Adidas တံဆိပ် ထုတ်ကုန်တွေကို ဘောလုံးကွင်းတွေအပြင် လမ်းပေါ်မှာပါ ဖက်ရှင်အဖြစ် ဝတ်နေကြပြီ ဖြစ်ပါတယ်။

 

(၃) Satisfy

 

အပေါ်က brand နဲ့ မတူတာက Satisfy ဟာ သက်တမ်း ၅ နှစ်ပဲ ရှိသေးတဲ့ Brand ဆိုတာပါပဲ။၂၀၁၅ ခုနှစ်မှာ Brice Partouche က တည်ထောင်လိုက်တာ ဖြစ်ပြီး Running Brand အဖြစ် နာမည်ကြီးပါတယ်။ ဒီပြင်သစ်အမှတ်တံဆိပ်ကနေ Pant တွေ ၊ ဂျက်ကတ်တွေ ၊ Sweatshirt တွေ ထုတ်ပါတယ်။

 

(၄) Under Armour

 

ထိပ်တန်း အားကစားဝတ်စုံတံဆိပ်တစ်ခု ဖြစ်တဲ့ Under Armour ကတော့ အားကစားတီရှပ်တွေနဲ့ ထရက်ဆုတွေ ၊ ဖိနပ်နဲ့ တစ်ခြားဖက်ရှင်ပစ္စည်းတွေ ထုတ်ပါတယ်။ Gym သွားရင် အမြဲမြင်ရတတ်တဲ့ အမှတ်တံဆိပ်တွေထဲက တစ်ခုလည်း ဖြစ်ပါတယ်။

 

(၅) Converse

 

နောင်လည်း လူပြောများနေဦးမယ့် အားကစားအမှတ်တံဆိပ်တစ်ခုက Converse Chuck Taylor All Star ဖိနပ်တွေပါ။ Sneaker သမိုင်းမှာ အကျော်ကြားဆုံး ဖိနပ်တွေ ဖြစ်ပါတယ် ။ ဒီဖိနပ်တွေကို ထုတ်တဲ့ Converse ကလည်း ကမ္ဘာ့ထိပ်တန်း Sportswear တစ်ခုပါပဲ။

 

Kwee

 

Myanmar Advertising Guide 

Read times
Rate this item
(0 votes)