-->
×

Warning

JUser: :_load: Unable to load user with ID: 29


ပိုပြီးအောင်မြင်လာစေမယ့် နည်းလမ်းကောင်းများ

အောင်မြင်ချင်တယ်ဆိုရင်တော့ အောင်မြင်စေမယ့်နည်းလမ်းတွေကို သိရှိနားလည်ထားဖို့လိုအပ်ပါတယ်။ ဉာဏ်ကောင်းရုံ ပြဿနာတွေကို ဖြေရှင်းနိုင်ရုံနဲ့ အောင်မြင်မှုကို မရနိုင်သေးပါဘူး။ ကိုယ့်ဆီမှာရှိတဲ့ အစွမ်းအစတွေ ပြီးတော့ ဘဝမှာဖြစ်ပျက်နေတာတွေ အားလုံးကို သေချာစွာ စီမံခန့်ခွဲတက်ဖို့လိုပါတယ်။ ဒီနေ့ kwee page က ပရိသတ်တွေအတွက် ပိုပြီးအောင်မြင်စေမယ့် နည်းလမ်းတစ်ချို့ကို ဖော်ပြပေးလိုက်ပါတယ်။

 

တခြားလူတွေရဲ့ ယုံကြည်မှုရယူပါ

 

ယုံကြည်မှု တည်ဆောက်ဖို့က မလွယ်ပါဘူး။ ဒါပေမယ့် တခြားလူတွေရဲ့ ယုံကြည်မှုရ ထားရင် စီးပွားရေးနယ်ပယ်မှာသာမက လူမှုရေးနယ်ပယ်တွေမှာလည်း အဆင်ပြေချောမွေ့စေပါတယ်။ တစ်စုံတစ်ယောက်ရဲ့ နာမည်ကိုခေါ်ပေးခြင်းဖြင့် ယုံကြည်မှုတည်ဆောက်လို့ရပါတယ်။ အလုပ်ထဲမှာ ဖြစ်ဖြစ်၊ အင်တာဗျူးမှာပဲဖြစ်ဖြစ်၊ သူငယ်ချင်းတွေနဲ့ပဲဖြစ်ဖြစ် ဒီနည်းလမ်းလေးကို အသုံးပြုလို့ရပါတယ်။

 

ဒါပေမယ့် တခုသတိထားရမှာက တခြားလူရဲ့ နာမည်ကို ထပ်ခါတလဲလဲ မခေါ်ဖို့ပါပဲ။ ဒီလိုလုပ်ခြင်းက သူတို့ကို သက်တောင့်သက်သာ မဖြစ်စေပါဘူး။ သူ့တို့နာမည်ကို သင်မှတ်မိကြောင်းနဲ့ သင်က ယုံကြည်လို့ရတဲ့သူဆိုတာကို သူတို့သိသွားရင်ရပါပြီ။

 

ဦးနှောက်စွမ်းဆောင်ရည် မြှင့်မားလာအောင်လုပ်ပါ

 

လေ့လာမှုတွေအရ ဘာသာစကားအသစ်တစ်ခုကို သင်ယူခြင်းဟာ ဦးနှောက်စွမ်းရည်လျှော့ကျမှုကို (၅) နှစ်ခန့်အထိ နှောင့်နှေးစေတယ်လို့ပြောထားပါတယ်။ ဘာသာ စကားအသစ်တစ်ခု သင်ယူခြင်းဖြင့် သင့်ရဲ့မှတ်ဉာဏ်စွမ်းအားကို မြှင့်တင်ပေးနိုင်သလို အာရုံစူးစိုက်နိုင်စွမ်း၊ နားထောင်နိုင်စွမ်းနဲ့ ဦးနှောက်အလုပ်လုပ်နိုင်စွမ်းတွေ တိုးမြှင့်ပေးနိုင်ပါတယ်။

 

အကောင်းမြင်စိတ်ရှိပါစေ

 

ကျေးဇူးတင်စကားပြောတာ ပြီးတော့ ကျေးဇူးတင်ထိုက်သူတွေရဲ့ စာရင်းကို လုပ်ထားခြင်းဟာ သင့်ရဲ့စိတ်ခံစားချက်တွေကို ပိုလို့လန်းဆန်းလာစေပြီး အကောင်းမြင်တတ်လာစေပါတယ်။ အကယ်၍ သင့်ပတ်ဝန်းကျင်မှာ အကောင်းမြင်စိတ်ရှိသူတွေ ဝန်းရံနေစေချင်တယ်ဆိုရင် သင်ကိုယ်တိုင်က ကျေးဇူးတင်တတ်ခြင်းကနေ စတင်ဖို့လိုပါမယ်။

 

မနက်မိုးလင်းတာနဲ့ လောကကြီးမှာ ကျေးဇူးတင်ထိုက်တဲ့ အရာ (၁၀) ခုအကြောင်း စာရင်းလုပ်ပါ။ ဒီလိုလုပ်ခြင်းဖြင့် အကောင်းမြင်စိတ်ကို မွေးမြူလို့ရပါတယ်။

 

အငြင်းအခုံတိုင်းမှာ အနိုင်ယူပါ

 

အချေအတင် စကားများတိုင်း အနိုင်ရနိုင်ဖို့ မလွယ်ကူပါဘူး။ ဒါပေမယ့် နောက်တစ်ခါ အကြောင်းတစ်စုံတစ်ရာကြောင့် အငြင်းအခုံဖြစ်ရပြီဆိုရင် သူတို့ကို မေးခွန်းထုတ်ပြီး ပြန်လည်ဖြေရှင်းခိုင်းလိုက်ပါ။

အချက်အလက်တွေကို မတူညီတဲ့နည်းလမ်းကနေ ပြန်တွေးခိုင်းပါ။ ဒီလိုပြုလုပ်ခြင်းက ပဋိပက္ခတွေကို လျော့နည်းလာစေပြီး အကြောင်းအရာအားလုံးကို သင့်ထိန်းချုပ်မှုအောက် ရောက်လာစေပါတယ်။

 

Source From Kwee

 

Myanmar Advertising Directory 

Read times
Rate this item
(0 votes)