-->
×

Warning

JUser: :_load: Unable to load user with ID: 29


အရောင်းပိတ်ရေးနည်းလမ်းများ

အရောင်းသမားတစ်ယောက်ရဲ့တာဝန်က ဘာလဲလို့မေးရင် အရေးကြီးဆုံးတော့ အရောင်းပိတ်ခြင်းဖြစ်ပါတယ်။ အရောင်းသမားတွေက ကြားနေဖြစ်ပြီးတော့ ကိုယ့်ရုံးအတွက် အလုပ်လုပ်ရသလို ဝယ်သူ၊ ဖောက်သည်တွေအတွက်လဲ အလုပ်လုပ်ကြရတဲ့လူတွေ ဖြစ်ပါတယ်။

 

ဒါကြောင့် ဝယ်သူများအတွက် စဉ်းစားရသလို ကိုယ့်ရုံးအတွက်လဲ စဉ်းစားကြရပါတယ်။ ကိုယ့်ရုံး၊ လုပ်ငန်းရဲ့ဝင်ငွေအတွက် အလုပ်လုပ်နေကြရင်း ဝယ်သူ၊ ဖောက်သည် စိတ်ကျေနပ်မှု ရအောင်၊ ရေရှည်ဆက်ဆံရေး တည်ဆောက်နိူင်အောင် ကြိုးစားကြရတာလဲဖြစ်ပါတယ်။အောက်မှဖော်ပြထားတဲ့ အရောင်းပိတ်နည်းတွေကို အချိန်အားလျော်စွာ သုံးနိူင်မယ်ဆိုရင် ရောင်းအားပိုတတ်လာမှာ ဖြစ်ပါတယ်။


၁။ ဝယ်ဖို့ပြောပါ

အရောင်းသမား ၁၀ ယောက်မှာ ၇ ယောက်က ဝယ်ဖို့ပြောလေ့မရှိပါဘူးတဲ့။ ဘာကြောင့်လဲဆိုရင် ဝယ်ပါလို့ပြောလိုက်လို့ငြင်းဆန်ခံရမှာစိုးကြတဲ့ အတွက်ပါ။ နောက်စိတ်ဝင်စားဖို့ ကောင်းတာကတော့ ကျန် ၃ ယောက်မှာ ၂ ယောက် က နှစ်ခါလောက်မေးပြီးရင် ရပ်လိုက်လေ့ရှိပြီး ၁ ယောက်ကဘဲ နောက်ထပ် လိုက်လေ့ရှိတယ်လို့ဆိုပါတယ်။ အရောင်းသမားတစ်ယောက် အနေနဲ့ ဝယ်သူကို ပေးသင့်ပေးထိုက်တဲ့ အချိန်၊ ကိုယ့်ရောင်းတဲ့ ထုတ်ကုန်၊ ဝန်ဆောင်မှု အကြောင်းတွေကို သေချာရှင်းပြပြီးရင် ဝယ်ပါလို့ပြောခွင့်ရှိပါတယ်။


၂။ ဝယ်တော့မယ်လို့ယူဆတဲ့ သဘော ပြောပြီး ရောင်းပါ

တခါတလေ ဝယ်သူကလဲ ကြိုက်တယ်။ ဘာငြင်းဆန်မှုမှ မပြဘူး။ ဒါပေမယ့် မရောင်းလိုက်ရဘူး။ ဒီလို အခြေအနေတွေ ကြုံဖူးကြပါလိမ့်မယ်။ ဒီနည်းလမ်းကတော့ ကိုယ်နဲ့ဝယ်သူနဲ့ အတော်အသင့် အပေါက်အလမ်းလဲ တည့်ထားတယ်။ ကိုယ့်မှာလဲ ကုန်ပစ္စည်းကလဲ အဆင်သင့်ရှိနေတယ်။ ရောင်းဖို့အသင့်ဖြစ်နေပြီ။ ဘယ်လို ပိတ်ရမှန်း မသိဘူးဖြစ်ပြီး လည်နေတဲ့ အချိန်မျိုးမှာ သုံးလို့ရတာပေါ့။ ဥပမာ အကို၊ အမ ကျွန်တော် ဘယ်နေ့ပို့်ပေးလိုက်ရမလဲခင်ဗျာ။ ကျွန်တော် Booking တင်ထားလိုက်တော့မယ်နော်လို့ ပြောပြီး အရောင်းပိတ်တာ ဖြစ်ပါတယ်။


၃။ ဒီဟာယူမလား။ ဟိုဟာ ယူမလား။ - ရွေးချယ်ခွင့် ပေးပြီး အရောင်းပိတ်ပါ

ကိုယ်နဲ့ ဝယ်သူနဲ့ကလဲ အဆင်ပြေနေပြီ။ ပြောဆိုဆက်ဆံရေးကလဲ ကောင်းနေပြီ။ ဘယ်လို ပိတ်ရမလဲ မသိဖြစ်နေတဲ့ အချိန်မျိုးမှာ ဝယ်သူကို ရွေးချယ်ခွင့် ပေးပြီး ဆုံးဖြတ်ခိုင်းလိုက်တဲ့ သဘောပါ။ လူတွေက ကိုယ်တိုင် ဆုံးဖြတ်ပြီး ဝယ်ယူလိုက်ရတဲ့ ခံစားချက်ကို ကြိုက်ကြပါတယ် ဆိုတဲ့ အချက်လေးကိုလဲ သိထားသင့်ပါတယ်။ လူတိုင်း ဝယ်ရတာ ကြိုက်တယ်။ အရောင်းမခံချင်တာ။ ဒီနည်းလမ်းကတော့ ဝယ်သူကို ရွေးချယ်ခွင့် ပေးပြီးအရောင်းပိတ်တာ ဖြစ်ပါတယ်။

 

၄။ အရေးမကြီးတဲ့ အရာသေးသေးလေးတွေကို ဖြေရှင်းပြီးရောင်းပါ

ဒါကျတော့ ကိုယ့်ဝယ်သူကို သေချာ နားလည်ဖို့လိုပါတယ်။ တခါတလေ လူတွေက ထူးဆန်းတယ်။ ဘာမဟုတ်တဲ့ အရာလေးတွေပေါ်မှာ စိတ်အာရုံ ပိုရောက်နေလေ့ ရှိတတ်ပါတယ်။ အသေးအမွှားလို့ထင်ရတဲ့ အရာတွေကြောင့် မဝယ်တာမျိုးတွေ ဖြစ်တတ်ပါတယ်။ ဒါကြောင့် ကိုယ့်ဝယ်သူ ကို သေချာနားလည်အောင် လုပ်ပါ။ ပြီးရင် အရေးမကြီးတဲ့ အရာသေးသေးလေးတွေကို ရအောင် ဖြေရှင်းပေးပြီးတော့ ရောင်းပါ။


၅။ တွန်းအားလေး နည်းနည်း ပေးပြီး ရောင်းပါ

ဒီနေ့ဟာ ၅၀% လျှော့ဈေးရမယ့် နေ့ဖြစ်ပါတယ်။ ဒီနေ့တစ်ရက်တည်းသာ။ အရေအတွက် နည်းနည်းဘဲ ဝယ်ရင် ဈေးကြီးနေမှာပေါ့။ အောက်တိုဘာလ ၂၅ ရက်နေ့က Professional Selling Skills သင်တန်းနောက်ဆုံး လက်ခံမယ့် နေ့ဖြစ်ပါတယ်။ ပြောချင်တဲ့သဘောက တွန်းအားပေးထားလိုက်တာ ဖြစ်ပါတယ်။ Urgency ဆိုတဲ့ သဘောပေါ့။


၆။ ငြင်းဆန်မှုပေါ်မှာ တုံပြန်ပြီး ရောင်းပါ

အရောင်းဖြစ်စဉ်တွေထဲမှာ မပါမဖြစ်တာကတော့ ငြင်းဆန်ခံရတာ ဖြစ်ပါတယ်။ မလိုသေးဘူးနော်။ ပြန်လာခဲ့မယ်နော်။ ဈေးကြီးတယ် စတာတွေနဲ့ ငြင်းဆန်လေ့ရှိကြပါတယ်။ ဒီလို အခြေအနေမျိုးပေါ်မှာ မူတည်ပြီးတော့ ကိုယ့်ဝယ်သူရဲ့တကယ် ငြင်းဆန်နေရတဲ့ အကြောင်းအရင်းကို သိအောင်လုပ်ပြီးတော့ ဒီငြင်းဆန်ရတဲ့ အကြောင်းအရင်းကို ဖြေရှင်းပေးပြီး အရောင်းပိတ်တာ ဖြစ်ပါတယ်။


၇။ ညှိုနှိုင်းပြီး အရောင်းပိတ်ပါ

ဒီနည်းလမ်းက နေရာတိုင်းနဲ့ ကိုက်ပါတယ်။ အရောင်းမှာမှ မဟုတ်ပါဘူး။ ဆိုလိုတာကတော့ ကျွန်တော် ဒါလုပ်ရင် ခင်ဗျား ဒါလုပ်မလား ဆိုတဲ့ သဘောဘဲ ဖြစ်ပါတယ်။ တခါတလေ ဝယ်သူက အပိုလိုချင်တာမျိုး၊ ဈေးသက်သာဦးမလားဆိုပြီး တင်းခံတာမျိုးတွေလဲ ဖြစ်တတ်ပါတယ်။ ဒါကြောင့် ကိုယ်က ဒါလုပ်ပေးရင်၊သူဝယ်မလားပေါ့။


၈။ အစမ်းပေးသုံး ပြီး ရောင်းပါ

လူတွေက အားနာတတ်ပါတယ်။ တကယ်ဘဲ ပင်ကိုယ်စိတ်မှာ အလကားလိုချင်တဲ့ စိတ်ရှိတဲ့ လူဟာရှားပါတယ်။ နောက်တစ်ခုကတော့ ကိုယ်ရောင်းတဲ့ အရာကအသစ်၊ ဆော့ဝဲလ် လို နည်းပညာနဲ့ ပတ်သက်တဲ့ အရာတွေဆိုရင်တော့ သေချာပေါက် ဒီနည်းဟာ စဉ်းစားရမှာ ဖြစ်ပါတယ်။ ဝယ်သူကို အစမ်းသုံးခိုင်းပြီးမှ ဝယ်ခိုင်းတာမျိုးဖြစ်ပါတယ်။


၉။ ပါဝင်တဲ့ အရာတွေကို စာရင်းလုပ်ပြပြီး ရောင်းတာ ဖြစ်ပါတယ်

ဆိုလိုတာကတော့ ကိုယ့်ရောင်းကုန်မှာ အမျိုးအစားတွေ အများကြီးရှိတယ်ဆိုရင် ကိုယ့်တကယ် ရောင်းချင်တဲ့ အရာသုံးမျိုး၊ ဒါမှမဟုတ် လေး ငါးမျိုးလောက်ကို စာရင်းပုံစံလုပ်ထားပြီးတော့ ဘယ်ပစ္စည်းမှာတော့ ဘာတွေပါတယ်။ ဘာတွေမပါဘူး။ ဘယ်လောက်ကျမယ် စသည်ဖြင့် ရေးပြထားပြီး ဝယ်သူကို ရွေးချယ်ခိုင်းလိုက်တာ ဖြစ်ပါတယ်။

 

Source; Min
Myanmar Advertising Directory

Read times
Rate this item
(0 votes)