-->
×

Warning

JUser: :_load: Unable to load user with ID: 29


 ပုံနှိပ်ကြော်ငြာ ဒီဇိုင်းတွေအတွက် သိထားသင့်သောအရာများ

ကြော်ငြာအကူအညီနဲ့ ဈေးကွက်ချဲ့ထွင်နိုင်ပြီး မိမိကုန်ပစ္စည်းကို များများရောင်းနိုင်ခြင်း၊ ငွေမြန်မြန်ပေါ်ခြင်း စတာတွေကြောင့်ဈေးသက်သာစွာနဲ့ ဝယ်သူတွေထံကို ရောက်ရှိနိုင်ပါတယ်။ သူ့ထက်ငါ အပြိုင်အဆိုင် ရောင်းချရာမှာ ကြော်ငြာတိုက်ပွဲ မဆင်နွှဲဘူးဆိုရင် ကိုယ့်သေတွင်း ကိုယ်တူးသလို ဖြစ်နေပါလိမ့်မယ်။

မိမိကုန်ပစ္စည်းကို လူထုကြားထဲ ရောက်ဖို့အတွက် ကြော်ငြာနည်းလမ်းပေါင်းစုံကို အသုံးပြုလာကြပါတယ်။ ဒီအချိန်မှာ ပုံနှိပ်ကြော်ငြာကလည်း တစ်ခန်းတစ်ကဏ္ဍ အနေနဲ့ အရေးပါပါတယ်။ ဒါ့ကြောင့် ပုံနှိပ်ကြော်ငြာဒီဇိုင်းနဲ့ ပတ်သက်တဲ့ နည်းဥပဒေဿတွေကို ဖော်ပြပေးလိုက်ပါတယ်။

 

၁။ ရှုပ်ယှက်နေတဲ့ ဘောင်သုံးခြင်း၊ စာလုံးအမျိုးအစားကွဲ များများသုံးခြင်း၊ အရောင်များ လိုအပ်တာထက် ပိုသုံးခြင်း မပြုလုပ်ပါနဲ့။

 

၂။ အဖြူအမည်း ကြော်ငြာသုံးပြီး ကြော်ငြာမယ်ဆိုလျှင် စာသားဖြင့်သာ ကြော်ငြာသင့်ပါတယ်။ ပုံသုံးမယ်ဆိုရင် တစ်ကြောင်းဆွဲပုံကို ဦးစားပေး အသုံးပြုသင့်ပါတယ်။

 

၃။ သတင်းစာမှာ ကြော်ငြာမယ်ဆိုရင် နောက်ကျောက ကြော်ငြာနေရာကို ရွေးချယ်ကြော်ငြာသင့်ပါတယ်။ သတင်းစာကို နောက်ကျောကနေ စဖတ်တဲ့သူ များတာကြောင့် ကြော်ငြာနေရာကို တန်းရောက်နိုင်ပါတယ်။

 

၄။ ရုံးဖွင့်ရက်မှာ ထုတ်ဝေတဲ့ သတင်းစာမှာပါတဲ့ ကြော်ငြာဟာ ရုံးပိတ်ရက်မှာ ကြော်ငြာတဲ့ ကြော်ငြာတွေထက် ပိုပြီး ပျံ့နှံ့နိုင်ပါတယ်။

 

၅။ ရောင်စုံ ကြော်ငြာဖြစ်မယ်ဆိုရင် မိမိပြောချင်တဲ့ စကားလုံးကို သတိပြုမိစေဖို့ သီးခြား အရောင်ထင်းထင်း ရွေးပေးပါ။ ဒါပေမဲ့ အောက်ခံအရောင်ဟာ စာဖတ်သူကို စိတ်အနှောက်အယှက် မဖြစ်စေဖို့ သတိပြုပါ။

 

၆။ သတ်ပုံ မှန်ကန်ဖို့အတွက် အထူးဂရုပြုပါ။

 

၇။ အကယ်၍ ကြော်ငြာရာမှာ လုပ်ငန်းတည်ရာ လိပ်စာကို အသိပေးဖို့ လိုအပ်ပါက မှတ်သား ရန်လွယ်ကူစေတေဲ့ ပုံနှိပ်ကြော်ငြာကိုလည်း မေ့မထားသင့်ပါ။

 

နည်းပညာတိုးတက်လာတဲ့ ဒီနေ့ခေတ်မှာ Digital Advertising ဘက်ကို ကူးပြောင်းလာနေပေမယ့်လည်း မြန်မာပြည်ရှိ လူအားလုံးကို လွှမ်းခြုံမှုတော့ မရှိနိုင်သေးပါဘူး။ ဒါကြောင့် အရွယ်သုံးပါးမရွေး Target ထားချင်တယ်ဆိုရင်တော့ Print Advertising ကို လက်မလွှတ်လိုက်ပါနဲ့လို့ အကြုံပြုပါရစေ။

Read times
Rate this item
(1 Vote)