-->
×

Warning

JUser: :_load: Unable to load user with ID: 29


First Impression ကောင်းစေမဲ့နည်းလမ်းများ

စိတ်ပညာရှင်တွေရဲ့ ပြောစကားအရ first impression ဟာအလွန်အရေကြီးပါတယ်။ ဒါပေမဲ့ first impression ဟာ သင်ဘယ်လိုလူမျိုးလည်းဆိုတာနဲ့ လားလားမျှမဆိုင်ပါဘူး။ first impression ဟာ ခန္ဓာကိုယ်ဟန်ပန် အနေအထား၊ ပြုမူနေထိုင်ပုံ တွေနဲ့ပဲသက်ဆိုင်ပါတယ်။ဒီနေ့မှာ kwee ကနေ First Impression ကောင်းစေမဲ့နည်းလမ်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

ချက်ခြင်းမပြုံးပါနဲ့

============

 

လူတစ်ယောက်ကို တွေ့တာနဲ့ ပြုံးပြလိုက်တာက ဆက်ဆံရေးအတွက် ပိုမိုကောင်းမွန်စေတယ်ဆိုတာ လူတွေသိထားကြတယ်။ ဒါပေမဲ့ လူတစ်ယောက်နဲ့တွေ့ပြီဆိုတာနဲ့ အဲ့ဒီလူရဲ့ မျက်နှာကို အရင်ကြည့်ပါ။ ချက်ခြင်းမပြုံးပြလိုက်ပါနဲ့။ ၂-၃ စက္ကန့်လောက်ကြာမှ ပြုံးပြလိုက်တာက အကျိုးသက်ရောက်မူ ပိုရှိစေတယ်လို့ ကျွမ်းကျင်သူတွေက ပြေားထားကြတယ်။

 

မျက်လုံးခြင်းအကြာကြီး မဆုံမိစေနဲ့

=======================

 

အမျိုးသားတစ်ယောက်အနေနဲ့ အခြားအမျိုးသားတစ်ယောက်ရဲ့မျက်လုံးကို အကြာကြီးစိုက်ကြည့်နေတာဟာ စိတ်အနှောင့်အယှက်ဖြစ်စေပါတယ်။ကျွမ်းကျင်သူတွေရဲ့အဆိုအရ လူတစ်ယောက်နဲ့တွေဆုံတဲ့အချိန်ရဲ့ ၆၀ ရာခိုင်နှုန်းသာ မျက်လုံးချင်းစုံအောင် ကြည့်သင့်ပါတယ်။ ဒီစည်းကမ်းချက်ဟာ အမျိုးသားအမျိုးသားချင်းတွေမှာတင်မကပဲ အမျိုးသားအမျိုးသမီးတွေ မှာလည်းလည်း သက်ရောက်မူရှိပါတယ်။

 

ကိုယ်ဟန်အနေအထား

===============

 

နိူင်ငံခေါင်းဆောင်ကြီးတွေ အောင်မြင်နေတဲ့ အားကစားသမားတွေကို ကြည့်လိုက်ပါ။ သူတို့ ရဲ့ ပခုံးဒါမှမဟုတ် မျက်လုံးကို အောက်ချပြီး ထားတာတွေ့ရမှာမဟုတ်ပါဘူး။ သူတို့ဟာ ကိုယ်ဟန်အနေအထား မှန်မှန်ကန်ကန်နေတတ်ပြီး ပြုံးနေလေ့ရှိကြတယ်။သူတို့ဟာ မိမိကိုယ်ကို ယုံကြည်မူအပြည့်ရှိတတ်ပြီး လူအများကလည်းသူတို့ကို နှစ်သက်ကြပါတယ်။

 

စိတ်ဝင်စားမူပြပါ

===========

 

လူစိမ်းတွေနဲ့တွေ့ရတဲ့အခါမှာ လူတိုင်းနီးပါး မိမိကိုယ်ကိုမေးကြတဲ့ မေးခွန်းနှစ်ခုရှိပါတယ်။ “ငါသူတို့ကို ကြိုက်ရဲ့လာ။ သူတို့ကကော ငါ့ကိုကြိုက်ရဲ့လာ။” ဆိုတဲ့မေးခွန်းပါပဲ။တစ်ခြားတစ်ယောက်ဆီက First Impression ကောင်းကောင်းရချင်တယ်ဆိုရင် အဆိုပါလူရဲ့ပြောစကားတွေကို စိတ်ဝင်တစားနာထောင်ပေးလိုက်ပါ။ ဒီလိုမှမဟုတ်ပဲ ကိုယ်ကချည်း စကားတွေပြောနေရင် ဒါမှမဟုတ် စကားလုပြောနေရင် တစ်ခြားလူအမြင်မှာ မောက်မာတဲ့သူ ဖြစ်သွားပါလိမ့်မယ်။တစ်ဖက်လူပြောတာကို စိတ်ဝင်စားကြောင်း ပြုံးတာဖြစ်ဖြစ် သူတို့ဖက်လှည့်ကာ နားထောင်ပေးတာဖြစ်ဖြစ် လုပ်ပြနိူင်ပါတယ်။

Read times
Rate this item
(0 votes)