-->
×

Warning

JUser: :_load: Unable to load user with ID: 29


ငွေစုမိဖို့အရောင်းပညာ

ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်နိုင်တဲ့ ဘဝဟာ ဂုဏ်ယူစရာကောင်းပါတယ်။ လူတော်တော်များများကတော့ ပိုက်ဆံနဲ့ ပတ်သက်လာရင် အချေးအငှား မကင်းကြပါဘူး။ ငွေကြေးအရ သူများပေါ် မှီခိုနေရတဲ့သူဟာ စိတ်အေးအေးချမ်းချမ်း နေနိုင်ဖို့လည်း မလွယ်ပါဘူး။ ဒ့ါကြောင့် ငွေကြေးအမှီအခိုကင်းဖို့အတွက် အခုကတည်းက ပြင်ဆင်ထားသင့်ပါတယ်။

 

(၁) အရောင်းပညာတတ်ပါစေ

တကယ်တော့ လူတွေဟာ တစ်နည်းမဟုတ် တစ်နည်းနဲ့ ကိုယ့်ကိုယ်ကိုယ် ရောင်းနေတာပါ။ ကိုယ်လိုချင်တဲ့ အလုပ်ရဖို့ ကိုယ့်ကိုယ်ကိုယ် အရောင်တင်ပြီး ရောင်းတတ်ဖို့ လိုပါတယ်။ ကိုယ့်ကိုယ်ကိုယ် အမှန်ဆုံးနေရာမှာ အမြင့်ဆုံးဈေးနဲ့ ရောင်းချနိုင်သူဟာ ငွေကြေးလုံခြုံမှု ပိုရပါလိမ့်မယ်။

 

(၂) ကိုယ့်ကိုယ်ကိုယ် မြှင့်ထားပါ

အမြင့်ရောက်ချင်သူတွေဟာ အဲဒီလို အမြင်နေရာနဲ့ ထိုက်တန်တဲ့ အရည်အချင်းတွေ ကိုယ့်မှာ ဖြည့်ထားဖို့ လိုပါတယ်။ အောင်မြင်ခြင်းဟာ ငွေကြေးနဲ့ တိုက်ရိုက်အချိုးကျမှု ရှိပါတယ်။ အောင်မြင်သူနောက်မှာ ပိုက်ဆံတွေက လမ်းလျှောက်ပြီး လိုက်လာပါလိမ့်မယ်။

 

(၃) ငွေကြေး စည်းကမ်းထားပါ

ပိုက်ဆံဘယ်လောက် ရရ စည်းမရှိ ကမ်းမရှိ သုံးစွဲပစ်မယ်ဆိုရင် တစ်ချိန်မှာ ခက်ခဲကြပ်တည်းသွားနိုင်ပါတယ်။ ဒ့ါကြောင့် ပိုက်ဆံနဲ့ ပတ်သက်လာရင် စည်းကမ်းထားပါ။ တလေးတစားသုံးပါ။ အကျိုးမဲ့ ဖြုန်းတီးမှု မလုပ်မိစေဖို့ လိုပါတယ်။

 

(၄) ရင်းနှီးမြှပ်နှံဖို့ စုဆောင်းပါ

ငွေစုခြင်းဟာ ခိုင်မာတောက်ပတဲ့ အနာဂါတ်တစ်ခုကို အုတ်တစ်ချပ် သဲတစ်ချပ်ချင်းစီ တည်ဆောက်နေတာ ဖြစ်ပါတယ်။ ရလာတဲ့ ဝင်ငွေကို အချိုးကျ စုဆောင်းသိမ်းဆည်းမှု မလုပ်မိရင် ငွေရဲ့ အခိုင်းအစေဘဝကနေ လွတ်မြောက်နိုင်မှာ မဟုတ်ပါဘူး။

 

 

Myanmar Advertising Guide

Read times
Rate this item
(0 votes)