-->
×

Warning

JUser: :_load: Unable to load user with ID: 29


လူတွေ သွားတဲ့နောက်ကို ကြော်ငြာတွေ လိုက်ပါကြတယ်

လူတွေ သွားတဲ့နောက်ကို ကြော်ငြာတွေ လိုက်ပါကြတယ်

ဝန်ခံဖို့ ဝန်လေးနေပေမဲ့လည်း ဒစ်ဂျယ်တယ် မားကက်တင်းက အားပျော့ပျက်ပြယ်နေတဲ့ မုန်တိုင်းငယ်တစ်ခု ဖြစ်နေပြီ။ လေတိုက်အားတွေ လျော့ကျနေပြီ။ လူတွေ သတိပြုမိလောက်တဲ့ မုန်တိုင်းအား မရှိတော့ပါဘူး။

မားကက်တင်း ၃ မျိုးအခြေအနေဆွေးနွေးချက် ဖတ်ရှုရန်
အားပျော့ပျက်ပြယ်နေတဲ့ မုန်တိုင်းငယ်

လူတွေ ရှိတဲ့နေရာကို ကြော်ငြာက လိုက်ရတယ်။ လူစည်းကားတဲ့ လမ်းဆုံလမ်းခွလို နေရာမျိုးတွေမှာ ကြော်ငြာ ဘုတ်ကြီးတွေ ထောင်ကြတယ်။ ဖြတ်သွားဖြတ်လာများတဲ့ လမ်းဘေးမှာ ဘုတ်ကြီးတွေ ထောင်ကြတယ်။ ကားတွေ ကျပ်ခဲနေတဲ့ မီးပွိုင့်တွေ အနီးတစ်ဝိုက်မှာ ကြော်ငြာကို ဘုတ်ထောင်ပြီး ပြသထားတယ်။
စမတ်ဖုန်းတွေ သုံးလာပြီးတဲ့နောက် လူမှုကွန်ရက်လို့ ခေါ်တဲ့ ဆိုရှယ် ပိုက်ကွန်တွေထဲ လူတွေ ရောက်နေတော့ ကြော်ငြာတွေကလည်း ဆိုရှယ်ပိုက်ကွန်ထဲ ပြသကြရတယ်။

ဆိုရှယ်ပိုက်ကွန်အကြောင်း လေ့လာရန်
ဖုန်းနဲ့ ဘာလုပ်မှာလဲ

Campaignasia.com မှာ ဖော်ပြထားတဲ့ အချက်အလက် ကိန်းဂဏန်းနဲ့ သုံးသပ်ချက်တို့ကို share ပါရစေ။

download.png

 

၂၀၂၁ ခုနှစ် ဒုတိယ သုံးလပတ်ဖြစ်တဲ့ ဧပြီ မေ ဇွန် သုံးလတာမှာ ကမ္ဘာ့ဆိုရှယ်ကြော်ငြာစရိတ် သုံးစွဲမှုက ယခင်နှစ် အလားတူသုံးလအတွင်း သုံးစွဲတာထက် ၅၀% ပိုများခဲ့တယ်။ ယခင်နှစ်နဲ့ ယခုနှစ် နှိုင်းယှဉ်တဲ့ YoY (Year on Year) ရာခိုင်နှုန်းက အခုန်ကြမ်းတယ်။
ကြော်ငြာခတွေကို စီပီစီစနစ်နဲ့ တောင်းခံတဲ့ဓလေ့ထုံးတမ်းကို အင်တာနက် ခေတ်ဦးမှာ တီထွင်ခဲ့ကြပြီး ယနေ့တိုင် ဆက်လက်သုံးစွဲနေကြတယ်။ Cost-per-click (CPC) စနစ်ဖြင့် ကြော်ငြာခ ကောက်ခံပုံမှာ ကြော်ငြာကို ကလစ်လုပ်သည့် ကြိမ်ရေအရ ငွေတောင်းခံခြင်း ဖြစ်ပါတယ်။ အခုဆွေးနွေးနေတဲ့ သုံးလပတ်အတွင်း ကမ္ဘာတစ်လွှား စီပီစီ ကြီးထွားနှုန်းက ၈၅ ဒသမ ၁ % ရှိခဲ့တယ်။
မားကက်တင်းသမားတွေက ကမ္ဘာတစ်လွှားမှာ Facebook နဲ့ Instagram ကြော်ငြာတွေကို ပိုသုံးလာကြတဦ ပြီးခဲ့နှစ် ၂၀၂၀ ရဲ့ ဒုတိယ သုံးလပတ် (second quarter-Q2 ) မှာ သုံးစွဲခဲ့ကြတာထက် ၄၉ ဒသမ ၉ % ပိုများတယ်။
ကိုဗစ်ကပ်ရောဂါ အစပိုင်းမှာ ခရီးထွက်လို့ မရဘူး။ အသွားအလာ ကန့်သတ်ချက်တွေ တားမြစ်ချက်တွေ ရှိနေတယ်။ အဲဒီအချိန်မှာ အိမ်တွင်းအောင်းနေခဲ့ကြရလို့ ဖုန်းပိုပွတ်ဖြစ်ကြတယ်။ ဆိုရှယ်ပိုက်ကွန်ထဲ အလုပ်များကြတယ်။
တားမြစ်ကန့်သတ်ထားတာတွေ ဖြေလျော့ပေးလိုက်တော့ လူတွေ အပြင်ထွက်ကြတယ်။ ဝေးဝေးလံလံ ခရီးထွက်လို့တော့ မရသေးဘူး။ ပြည်ပခရီးစဉ် သွားလို့ မရဘူး။ ဒီတော့ အာသာပြေ နီးရာ အဆင်ပြေရာ ဟိုတယ်တွေ တည်းခိုခန်းတွေမှာ ရက်အတန်ကြာ သွားနေကြတဲ့ စတေကေးရှင်း staycation ဓလေ့ ပေါ်ပေါက်ခဲ့လို နေရာထိုင်ခင်း ငှားစားတဲ့ လုပ်ငန်းတွေက ကြော်ငြာအား ကောင်းခဲ့တယ်။
နေရာထိုင်ခင်း အမှတ်တံဆိပ်များ Accommodation brands တွေက မီဒီယာတွေမှာ ကြော်ငြာကို ခါတိုင်းထက် ပိုမိုသုံးစွဲခဲ့ကြတယ်။ ၂၀၂၁ ဒုတိယသုံးလပတ် Q2 မှာ YoY ကြီးထွားနှုန်းက ၁၀၄ ဒသမ ၇ % ဖြစ်သွားတယ်။

ကျွန်တော်တို့ နေထိုင်နေကြတဲ့ အရှေ့တောင် အာရှကို ကြည့်ရင် ဆိုရှယ်ပိုက်ကွန်တွေ ဖြစ်ကြတဲ့ Facebook နဲ့ Instagram တို့မှာ ကြော်ငြာစရိတ် သုံးစွဲမှု ၇၄ ဒသမ ၂၉% တိုးသွားခဲ့တယ်။ စီပီစီ ကြီးထွားနှုန်းက ၈၅ ဒသမ ၇၅% ဖြစ်ခဲ့ပါတယ်။

(အရှေ့တောင်အာရှ ဒေတာတွေထဲမှာ ကမ္ဘောဒီးယား၊ ကိုကိုးကျွန်းများ၊ ခရစ်စမတ်ကျွန်း၊ စင်ကာပူ၊ ထိုင်း၊ ဖိလစ်ပိုင်၊ ဗီယက်နမ်၊ ဘရူနိုင်း၊ မလေးရှား၊ မြန်မာ၊ လာအို၊ အရှေ့တီမော နဲ့ အင်ဒိုနီးရှား တို့ အပါအဝင် ဖြစ်ပါတယ်)

ဟက်ရှ်တက် # သုံးတဲ့ စကားလုံးတွေထဲမှာ #Pride နဲ့ #PrideMonth ကို ကမ္ဘာ့ brand တွေ တွင်တွင်သုံးခဲ့ကြတယ်။ ယမန်နှစ်ကထက် ပိုများလာတယ်။ ကမ္ဘာ့ brand တွေက စာနာတဲ့သဘော ပြသတဲ့ အသိပေးချက်တွေကို ၂၀၂၁ မှာ သုံးစွဲပြီး ပရိသတ်ကို ဟပ်ထိဖို့ ကြိုးပမ်းကြတယ်။ အရှေ့တောင်အာရှ ဈေးကွက်အတွက် ထိုင်း၊ ဖိလစ်ပိုင်နဲ့ ဩစတေးလျတို့က Lesbian, Gay, Bisexual, Transgender and Queer (LGBTQ) Pride Month ခေါင်းစဉ်အောက် ဆွေးနွေးတင်ပြတဲ့ ပို့စ်တွေ ၇၅၀ ကျော် တင်ခဲ့ကြတယ်။

အပေါက်ဆုံးတွေထဲမှာ Facebook Live ဗီဒီယိုတွေ ပါဝင်ပေမဲ့ brand တွေက တင်တာ ၁% ပဲ ရှိပါတယ်။

အားပျော့ပျက်ပြယ်နေတဲ့ မုန်တိုင်းငယ် မှာ ဆွေးနွေးခဲ့တာ ပြန်ကောက်ရရင်
မာကက်တင်းသမားတစ်ဦးက ကမ်ပိန်းတစ်ခုအတွက် သုံးပိုင်းခွဲတယ်။

သမားရိုးကျ
ဒစ်ဂျစ်တယ်
ဆိုရှယ်

အဲဒီသုံးပိုင်းမှာ ဆိုရှယ်မားကက်တင်းကို လုပ်မှ ဟန်ကျမယ့် ခေတ်ကာလထဲမှာ ကျွန်တော်တို့ ရောက်ရှိနေတယ်။ အဲဒါအပြင် ဆိုရှယ်ပိုက်ကွန်ကို ဖုန်းဖြင့် ဝင်တိုးနေကြတဲ့အတွက် စမတ်ဖုန်းစခရင်ပေါ် လုပ်ကိုင်တဲ့ ဆိုရှယ်မားကက်တင်း ဖြစ်ကို ဖြစ်ရမယ်။

Read times
Rate this item
(0 votes)