-->
×

Warning

JUser: :_load: Unable to load user with ID: 29


ကြော်ငြာအေဂျင်စီ Hakuhodo က မက်တာဗာစ်ကြော်ငြာ စရောင်း

ကြော်ငြာအေဂျင်စီ Hakuhodo က မက်တာဗာစ်ကြော်ငြာ စရောင်း

 

ကြော်ငြာအေဂျင်စီ  Hakuhodo DY Holdings က မက်တာဗာစ်ကြော်ငြာလုပ်ငန်းကို စတင်လိုက်ပါတယ်။ ဂျပန်မှာ မက်တာဗာစ်ကြော်ငြာကို ပထမဆုံးရောင်းချတဲ့ ကြော်ငြာလုပ်ငန်း ဖြစ်ပါတယ်။

metaverse နည်းပညာနယ်ပယ်က လောလောဆယ်မှာ ပျံသန်းဖို့အတွက် အရှိန်စယူနေပါတယ်။ စတင်ပျံသန်းပြီဆိုရင် မိုးထိအောင် မြင့်တက်သွားလိမ့်မယ်လို့ Hakuhodo က ကြိုတင်ခန့်မှန်းထားပါတယ်။

 

နေ့စဉ် ကစားသူဦးရေ သန်း ၅၀ ရှိတဲ့ ဂိမ်းတည်ဆောက်ရေး ပလက်ဖောင်း Roblox မှာ ဖန်တီးထားတဲ့ အွန်လိုင်းကမ္ဘာထဲမှာ ကြော်ငြာပြဖို့ နေရာတွေကို ရောင်းချမှာ ဖြစ်ပါတယ်။

ဂိမ်းထဲမှာ ပါတဲ့ အဆောက်အဦတွေ၊ ဘေဘုတ်တွေမှာ ကြော်ငြာပိုစတာတွေ ပြသနိုင်မှာ ဖြစ်ပြီး ဗီဒီယိုဖြင့်လည်း ပြသပြီး ကြော်ငြာနိုင်မှာ ဖြစ်ပါတယ်။ ဂိမ်းကစားသူ နေထိုင်ရာ အရပ်ဒေသနှင့် လိုက်လျောညီထွေတဲ့ ကြော်ငြာဗားရှင်းကို ပြသပေးမှာ ဖြစ်ပါတယ်။

 

 D.A.Consortium Inc. က အမေရိကန်အခြေစိုက် Super League Gaming နှင့်အကျိုးတူ ပူးပေါင်းလုပ်ကိုင်ပြီး ဂိမ်းထဲမှာ ကြော်ငြာနေရာတွေ စီစဉ်ပေထားပါတယ်။ 

Hakuhodo က ကြော်ငြာကိုယ်စားလှယ်အနေဖြင့် ကြော်ငြာနေရာတွေ ရောင်းချတာမှာ ဈေးနှုန်းတွေက ၂ ပတ်ကြာပြသပေးထားမယ့် ကြော်ငြာတသ်ခုကို ယန်း ၈၀၀,၀၀၀ ဝန်းကျင် သတ်မှတ်ထားပါတယ်။ အရွယ်အစားနှင့် တည်နေရာအရ ဈေးနှုန်း အနည်းအများ ကွာခြားပါတယ်။

 

လူကြည့်များတဲ့ ဝဘ်ဆိုက်တစ်ခုရဲ့ နဖူးစည်း ကြော်ငြာ top banner ad အကွက် တစ်ခု ဈေးနှုန်းနှင့် မတိမ်းမယိမ်း ဖြစ်ကြောင်း D.A.Consortium Inc. က ပြောကြားပါတယ်။ 

Read times
Rate this item
(0 votes)