-->
×

Warning

JUser: :_load: Unable to load user with ID: 29


ကြော်ငြာစရိတ် အသုံးအစွဲ လက်နှေးကြသဖြင့် ကြော်ငြာဝင်ငွေများ လျော့ကျ

ကြော်ငြာစရိတ် အသုံးအစွဲ လက်နှေးကြသဖြင့် ကြော်ငြာဝင်ငွေများ လျော့ကျ

 

ကြော်ငြာစရိတ် အသုံးအစွဲ လက်နှေးကြခြင်းသည် နည်းပညာနယ်ပယ်တွင်သာမက TV ကွန်ရက်များ၊ ပုံနှိပ်များအထိ ပျံ့နှံ့‌ေနပါသည်။

Warner Bros. Discovery, New York Times and Paramount Global တို့က ကြော်ငြာဝင်ငွေများ လျော့ကျမည်ဟု မှန်းဆထားကြသည်။

အမေရိကန်မှ ရုပ်မြင်သံကြား ကွန်ရက်များနှင့် သတင်းထုတ်ဝေသူများသည် ကြော်ငြာဈေးကွက် နှေးကွေးမှု၏ သက်ရောက်မှုကို ခံစားနေကြရသည်၊

ယခင်က နညပညာကုမ္ပဏီကြီးများတွင် ကြော်ငြာစရိတ် သုံးစွဲကြခြင်း ဆုတ်ယုတ်မှုသည် နယ်ပယ်စုံတွင် ပျံ့နှံ့နေသည့် အရိပ်လက္ခဏာ ပြသနေသည်။

 

 

 

CNN၊ TNT နှင့် Food Network အပါအဝင် ကေဘယ်ချန်နယ်များ၊  Warner Bros. Discovery Inc. တို့ သည် ပြီးခဲ့သည့်အပတ်က ကြော်ငြာရရှိမှုကျဆင်း‌ေနခြငကြောင့် ယခုနှစ်နှင့် နောက်နှစ်အတွက် အလားအလာ မျှော်မှန်းချက်များ လျှော့ချခဲ့ကြသည်။ 

 

ကုန်ဈေးနှုန်းများ တက်လာသည့်အတွက် စားသုံးသူတို့ အသုံးစရိတ်များ လျှော့ချကြသည်။

လုပ်ငန်းများကလည်း ဝန်ထမ်းအင်အား လျှော့ချခြင်း အပါအဝင် စရိတ်စကများ လျှော့ချကြရာ ကြော်ငြာအသုံးစရိတ်များ ချွေတာကြသည်။

 

ကြော်ငြာဈေးကွက် နှေးကွေးနေသော်လည်း အချို့က ယခုနှစ်တွင် ကြော်ငြာအသုံးစရိတ် သည် ခြုံငုံကြည့်လျှင် အားကောင်းမည်ဟု မျှော်လင့်ထားဆဲဖြစ်သည်။

အမေရိကန် နိုင်ငံရေးကြော်ငြာများ အသုံးစရိတ် မပါဝင်ဘဲ ကမ္ဘာလုံးဆိုင်ရာ ကြော်ငြာစရိတ် သုံးစွဲမှု  ၈.၄% အထိ ကြီးထွားမည်ဖြစ်ပြီး  ၈၃၇.၅ ဘီလီယံ ရှိလာသည်အထိ တိုးလာမည်ဟု GroupM က ဇွန်လတွင် ပြောကြားခဲ့သည်။

 

4399882.jpg

 

"ကြော်ငြာသုံးစွဲဖို့အတွက် စိတ်အားထက်သန်မှုများ အားချည့်နဲ့နေပေမဲ့လည်း ကြော်ငြာဈေးကွက် အခြေအနေက ကောင်းပါတယ်" ဟု GroupMမှ Brian Wieser က ပြောကြားသည်။ ရာခိုင်နှုန်းအရ ကြည့်လျှင် ပထမနှစ်ဝက်တွင် ဒစ်ဂျစ်တယ်ကြော်ငြာ အသုံးစရိတ်များ ဂဏန်းနှစ်လုံးဖြင့် ယခင်နှစ် ပထမနှစ်ဝက်ထက် မြင့်တက်ခဲ့သည်။ တီဗီကြော်ငြာအသုံးစရိတ်မှာမူ မြင့်တက်ခြင်း မရှိခဲ့ဟု သူက ပြောကြားသည်။ 

 

၂၀၂၀ တွင် အမေရိကန်မှာ ကြော်ငြာကြောင့် ရောင်းအားတက်သည့် ပမာဏမှာ ကန်ဒေါ်လာ ၇.၁ ထရီလီယံ ရှိခဲ့ကြောင်း  IHS Markit ၏ လေ့လာချက်အ‌ရ သိရသည်။ 

အချိုးအစားအရ ကြည့်လျှင် အမေရိကန်တွင် ၂၀၂၀ မှာ ကြော်ငြာစရိတ် ၁ ကန်ဒေါ်လာ သုံးစွဲခြင်းကြောင့် တိုက်ရိုက်နှင့် သွယ်ဝိုက် အကျိုးသက်ရောက်မှုများ ဖြစ်ပေါ်ပြီး ရောင်းအား ၂၁  ကန်ဒေါ်လာ တိုးခဲ့သည်။ 

 

စီးပွားရေး အနာဂတ် မရေမရ ဖြစ်နေသည့်အခါ ကုမ္ပဏီများ စရိတ်စကများ လျှော့ချဖြတ်တောက်ကြသည်။ ထိုအခါ ကြော်ငြာခကို အရင်ဆုံး ဖြတ်တောက်ကြလေ့ ရှိသည်။ ထိုအခါ အရင်ဆုံး စထိသည်မှာ ဒစ်ဂျစ်တယ်ကြော်ငြာဝင်ငွေကို အားကိုးသည့် ကုမ္ပဏီများ ဖြစ်သည်။  Facebook မိခင်လုပ်ငန်း Meta Platforms Inc., Snap Inc. , Twitter Inc. တို့ ပြီးခဲ့သည့် ၃ လပတ်တွင် ကြော်ငြာဝင်ငွေ လျော့ကျခဲ့ကြသည်။ 

 

Google ၏ မိခင်လုပ်ငန်းဖြစ်သူ Alphabet Inc. သည် ၎င်း၏ YouTube ဗီဒီယိုလုပ်ငန်းမှ ရရှိသော ကြော်ငြာဝင်ငွေ လျော့ကျကြောင်း သုံးလပတ် အစီရင်ခံစာတွင် ဖော်ပြထားသည်။  ကြော်ငြာထည့်နေကျ ကြော်ငြာရှင်များက ကြော်ငြာများ ဆက်မထည့်တော့ဘဲ ရပ်ထားလိုက်ကြသည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။ 

#MyanmarAdvertisingGuide

Telegram Channel https://t.me/Guid4U
Source: Bangkokpost

Read times
Rate this item
(0 votes)