-->


Super Mario Bros ရုပ်ရှင်အစအဆုံး Twitter တွင် ပြသခဲ့

Super Mario Bros  ရုပ်ရှင်အစအဆုံး Twitter တွင် ပြသခဲ့

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Super Mario Bros ဇာတ်ကားကို Twitter တွင် အစအဆုံး တရားမဝင် ထုတ်လွှင့်ခဲ့သည်။

နောက်ဆုံး မဖျက်ခင်အထိ အသုံးပြုသူ သန်းပေါင်းများစွာသည် Nintendo ၏ Super Mario Bros ရုပ်ရှင်ကို ကြည့်ရှုခွင့် ရရှိခဲ့သည်။

.

လူကြိုက်အများဆုံး  ဇာတ်ကားများသည် ခိုးကူးခံရလေ့ရှိသည်။ Super Mario Bros လည်း ခိုးကူးခံလိုက်ရသည်။

.

ပြင်သစ်နိုင်ငံတွင် ဧပြီလ ၅ ရက်တွင် Nintendo ၏ Super Mario Bros ကို စတင် ရုံတင်ခဲ့ရာ ပေါက်သွားသည်။ ဂျပန်တွင် ဧပြီလ ၂၈ ရက်တွင် ရုံတင်ပြသခဲ့သည်။ ဧပြီလ ၃၀ ရက်တွင် Twitter မှာ ရုပ်ရှင်အစအဆုံးကို နှစ်ပိုင်းခွဲပြီး တင်ပြခဲ့သည်။

ထိုသို့ ပြသခဲ့သည့်အတွက် ဥပဒေကြောင်းအရ အရေးယူဆောင်ရွက်ခြင်း မရှိသေးပါ

 

photo_2023-05-06_07-41-30.jpg

.

.

Twitter တွင် Twitter Blue ကို လစဉ်ကြေးပေးပြီး ယူထားပါက ပို့စ်တင်လျှင် အက္ခရာ ၄,၀၀၀ အထိ ရှည်ရှည်လျားလျား တင်ခွင့်ရသည်။ ဗီဒီယိုကို 1080p မိနစ် ၆၀ အထိ ရသည်။ သို့ဖြစ်ရာ Super Mario Bros ကို Twitter တွင် နှစ်ပိုင်းခွဲပြီး ပြသခဲ့ပါသည်။

 

 

အာဂျင်တီးနားနိုင်ငံမှ ရုပ်မြင်သံကြားချန်နယ်တစ်ခုသည်လည်း Super Mario Bros. ကို ရုံတင်ပြီး  တစ်ပတ်အကြာတွင် တရားမဝင် ထုတ်လွှင့်ခဲ့သည်။

Source tomsguide

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

Read times
Rate this item
(0 votes)